Home သတင်း NCA ကို SD အဖွဲ့ဝင် အားလုံးပါဝင်လက်မှတ်‌ရေးထိုး‌ရေး နှစ်ဖက်သ‌ဘောတူညီမှု ထပ်မံ မရရှိ‌သေး

NCA ကို SD အဖွဲ့ဝင် အားလုံးပါဝင်လက်မှတ်‌ရေးထိုး‌ရေး နှစ်ဖက်သ‌ဘောတူညီမှု ထပ်မံ မရရှိ‌သေး

1400

ဩဂုတ် ၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(SD) နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော် ‌ဆောင်‌ရေး‌ကော်မတီ(UPWC) တို့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) အတွက် ရန်ကုန်မြို့၊ ‌ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်း‌ရေး စင်တာ (MPC)၌ ဩဂုတ် ၆ရက်မှ ၇ရက်‌နေ့အထိ နှစ်ရက်ကြာ ‌ဆွေး‌နွေးခဲ့ရာ တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုး‌ရေးကို သ‌ဘောတူညီမှု ထပ်မံ မရရှိခဲ့‌သေး‌ကြောင်း ‌ဆွေး‌နွေးပွဲအပြီးတွင် နှစ်ဖက်‌ခေါင်း‌ဆောင်များက ‌ပြောသည်။

အဆိုပါ NCA လက်မှတ်ထိုးရန်အတွက် တိုင်းရင်းသားများဘက်က SD အဖွဲ့ဝင် ၁၇ဖွဲ့စလုံးကို ပါဝင်လက်မှတ်ထိုးခွင့်‌ပေးရန် ‌ဆွေး‌နွေးခဲ့‌သော်လည်း အစိုးရအ‌နေဖြင့် ၁၅ဖွဲ့ဖြင့်သာ စတင် လက်မှတ်ထိုး‌ရေး အ‌ခြေခံမူကို စွဲကိုင်ထားသည့်အတွက် အခုလို သ‌ဘောတူညီမှုမရခဲ့ခြင်းဖြစ်သည်ဟု SD ဒုအဖွဲ့‌ခေါင်း‌ဆောင် ပူးဇင်ကျုံးက ‌ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေး အဖွဲ့အစည်း ၂၁ဖွဲ့ရှိတဲ့အထဲမှာ ကျ‌နော်တို ့SD ထဲပါတဲ့ ၁၇ဖွဲ့လုံးလုံး ပါဝင်လက် မှတ်‌ရေးထိုးဖို့ သ‌ဘောဆန္ဒရှိပါတယ်။ ဒါကို ကျ‌နော်တို ့အ‌လျှော့အတင်း ပြုလုပ်နိုင်တဲ့ အ‌နေအထားမရှိပါဘူး။ ဘာလို့လည်းဆို ‌တော့ ‌လော်ခီးနဲ့ လိုင်ဇာညီလာခံ ‌လေးကြိမ်စလုံးမှာ အားလုံးပါဝင်‌ရေးမူကိုပဲ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒါကို ခံယူပြီး‌တော့ NCA ကို သွားမယ်လို ့ဆုံးဖြတ်ထားတဲ့အတွက်‌ကြောင့် ‌ကျော်ပြီး လုပ်လို ့မရပါဘူး”ဟု ပူဇင်ကျုံးက ‌ပြောသည်။

ထိုသို့ သ‌ဘောတူညီမှု မရရှိ‌သေးသည့်အ‌ပေါ် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့ ၂၁ဖွဲ့ထဲမှ SD တွင် မပါ‌သေးသည့် အဖွဲ့ ၄ဖွဲ့မှ ‌ခေါင်း‌ဆောင်များနှင့် SD အဖွဲ့ဝင်‌ခေါင်း‌ဆောင်အချို့တို ့‌နေပြည်‌တော်၌ နိုင်ငံ‌တော် သမ္မတဦး‌ဆောင်သည့် ‌ခေါင်း‌ဆောင်များက ယခုလအတွင်း အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်‌ရေးထိုးနိုင်ရန် ဆက်လက် ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း နှစ်ဖက် ‌ခေါင်း ‌ဆောင်များက ‌ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ UPWC အဖွဲ့ဝင် ဦးလှ‌မောင်‌ရွှေက “အစိုးရဘက်က ၂၁ဖွဲ့မှာ ၁၅ဖွဲ့မှာ KIO နဲ ့ စာချုပ် ၂ခါ ချုပ်ထားပါ တယ်။ ပြည်နယ်အဆင့် စာချုပ်ချုပ်ထားတဲ့ အဖွဲ့‌တွေထက် အများကြီးသာတဲ့ စာချုပ်‌တွေချုပ်ထားပါတယ်။ TNLA ကလည်း ဆက်သွားမဲ့လမ်း ဖွင့်ထားပါတယ်။ ကျန် ၅ဖွဲ့ မှာ ၃ဖွဲ့က ပဋိပက္ခဖြစ်ခဲ့တာ တခါမှ မရှိခဲ့ဘူး။ ဒီလိုထိုးရင် တခြားအဖွဲ့ငယ်‌တွေက သူတို့ပါ မပြီးနိုင်ဘူးဆိုတဲ့ အ‌ကောက်‌တွေရှိတယ်”ဟု ‌ပြောသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်ခွင့် မ‌ပေးသည်မှာ မဖြစ်သင့်သ လို အစိုးရအ‌နေဖြင့် ချန်ထားသည့် အဖွဲ့များအ‌ပေါ် မတိုက်ခိုက်ပါဆိုသည့် ကတိအာမခံချက်ကို ယ‌နေ့အချိန်ထိ မရရှိ‌သေးသည့် အ‌ပေါ် ကျန်‌နေခဲ့သည့်အဖွဲ့များမှတဆင့် ပြည်တွင်းစစ် ပိုကြီးလာမည်ကို စိုးရိမ်၍ အားလုံးပါဝင်ခွင့်‌ပေး‌ရေးကို ယခုကဲ့သို့ ‌ပြောဆို ‌နေရခြင်းဖြစ်သည်ဟု SD အဖွဲ့ဝင် နိုင်ဟံသာက ‌ပြောဆိုသည်။

အစိုးရအ‌နေဖြင့် ချန်ထားလိုသည့်အဖွဲ့များမှာ ကိုးကန့် အပါအဝင်၊ တ‌အောင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-TNLA ၊ ရက္ခိုင့်တပ်မ‌တော် AA ပါ၊ ရခိုင်အမျိုးသား‌ကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)နှင့် ဝ အမျိုးသား အစည်းအရုံး (WNO) တို့ဖြစ်သည်ဟု SD ဘက်မှ သိရသည်။

နှစ်ရက်တာ ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲအပြီးတွင် အချက် ၄ချက်ပါ ပူးတွဲသတင်းထုတ်ပြန်ချက် တစ်‌စောင်ထုတ်ပြန်ခဲ့ရာ NCA တွင် ပါဝင်လက်မှတ်‌ရေးထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိစ္စမှအပ ကျန်အချက်များ သ‌ဘောတူညီခဲ့သလို ယင်းစာချုပ်မူကြမ်းကို အများပြည်သူ သိရှိရန် ထုတ်ပြန်သွားမည်ဟုလည်း ‌ဖော်ပြထားသည်။