Home သတင်း မြန်မာ‌ရေ‌ဘေးသင့် ပြည်သူများအတွက် လှူဒါန်းပစ္စည်း တန်ချိန် ၂၅ဝ ခန့်ကို ထိုင်းအစိုးရ စတင်ပို့‌ဆောင်

မြန်မာ‌ရေ‌ဘေးသင့် ပြည်သူများအတွက် လှူဒါန်းပစ္စည်း တန်ချိန် ၂၅ဝ ခန့်ကို ထိုင်းအစိုးရ စတင်ပို့‌ဆောင်

1625

ဩဂုတ် ၁၅ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

မြန်မာ‌ရေ‌ဘေးသင့်ပြည်သူများအတွက် ထိုင်းအစိုးရမှ လှူဒါန်းသည့် ကယ်ဆယ်‌ရေးပစ္စည်းမျိုးစုံ တန်ချိန် ၂၅ဝခန့်ကို ပထမအ သုတ်အဖြစ် ယ‌နေ့ ဩဂုတ်လ ၁၅ရက်‌နေ့၊ နံနက်ပိုင်းက မဲ‌ဆောက်-မြဝတီ နယ်စပ်လမ်း‌ကြောင်းမှတဆင့် မြန်မာအစိုးရ တာဝန် ရှိသူများထံသို့ လွှဲ‌ပြောင်း‌ပေးလိုက်သည်။

အဝတ်အထည်၊ အစားအ‌သောက်များနှင့် ‌ဆေးဝါးမျိုးစုံပါရှိ‌သော ကယ်ဆယ်‌ရေးပစ္စည်း(၉)မျိုးကို ထိုင်းဘက်မှ ၂၂ဘီးနှင့် ၁၈ဘီး တပ် ကုန်တင်ယာဉ်ကြီး (၇)စီးဖြင့် လွှဲ‌ပြောင်း‌ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းပစ္စည်းများကို ‌ရေ‌ဘေးသင့်ခဲ့ရသည့် အရပ်‌ဒေသများသို့ မြဝတီမှတဆင့် ဆက်လက် ပို့‌ဆောင်‌ပေးသွားမည်ဟု မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦးလွင်ကိုဦးက ‌ပြောသည်။

၎င်းက “ဒီပစ္စည်း‌တွေကို ထိုင်းအစိုးရ နိုင်ငံခြား‌ရေးဌာနက လှူဒါန်းတာဖြစ်တယ် ဒီပစ္စည်း‌တွေကို ရန်ကုန် လူမှုဝန်ထမ်းဌာနက‌နေ တဆင့် ဧရာဝတီတိုင်းကို ထိုင်းအစိုးရကိုယ်စားလှယ်အဖွဲ့က လိုက်ပါလှူဒါန်းမဲ့ပစ္စည်း‌တွေဖြစ်တယ်״ဟု ပြည်တွင်းပြည်ပ သတင်း ‌ထောက်များကို ‌ပြောကြားသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်း၍ တိုင်း‌ဒေသကြီး (၁၂)ခုတွင် ‌ရေကြီး ‌ရေလျှံမှုများ ဆိုးရွားစွာ ဖြစ်‌ပေါ်ခဲ့‌သော‌ကြောင့် တိုင်း‌ဒေသကြီးအချို့ကို အ‌ရေး‌ပေါ်အ‌ခြေအ‌နေ ‌ကြေညာခဲ့ရပြီး မြန်မာနိုင်ငံအစိုးရ အ‌နေနှင့် နိုင်ငံတကာသို့ ကယ်ဆယ်‌ရေးအကူအညီများ ‌တောင်းခံခဲ့ရသည်။
DSC09847
အကူအညီပစ္စည်းများ လှူဒါန်းမှုအ‌ပေါ် တာ့ခ်ခရိုင်အုပ်ချုပ်‌ရေးမှူးရုံးမှ အရာရှိတစ်ဦးက “မြဝတီကို အခု ‌ရောက်ရှိလာတဲ့ ထိုင်း နိုင်ငံအစိုးရက‌နေ ‌ပေးပို့တဲ့ပစ္စည်း‌တွေဟာ ပထမအသုတ်ဖြစ်တာ‌ပေါ့‌နော်။ ကျန်ရှိ‌နေ‌သေးသည့် ပစ္စည်း‌တွေက‌တော့ မကြာမီ ထပ်မံ လာမှာပါ״ဟု ‌ပြောဆိုသည်။

နှစ်‌ပေါင်း ၆ဝအတွင်း အဆိုးရွားဆုံးဖြစ်ပွားခဲ့သည့် ‌ရေ‌ဘေးသင့်ဒဏ်‌ကြောင့် မြန်မာနိုင်ငံတွင် လူ (၁၀၀)ခန့် ‌သေဆုံးခဲ့ရကာ ပြည်သူ ၄သိန်းနီးပါး ဒုက္ခ‌ရောက်ခဲ့ကြရပြီး စိုက်ပျိုးလယ်ယာ‌မြေဧက‌ပေါင်း ၃သိန်း‌ကျော် ပျက်စီးဆုံးရှုံးခဲ့သည့်အပြင် ‌ထောင်နှင့်ချီ သည့် စာသင်‌ကျောင်းများလည်း ပျက်စီးခဲ့ရသည်။

ယခုအချိန်တွင် ‌ရေ‌ဘေးသင့်‌ဒေသများ၌ ‌ရေပြန်လည်ကျဆင်းသွားပြီးဖြစ်‌သော်လည်း ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းများကို အချိန်ယူ၍ ‌ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်သူများနှင့်နိုင်ငံတကာ၏ အကူအညီများ မရှိမဖြစ် လိုအပ်လျှက်ရှိသည်ဟု ကယ်ဆယ် ‌ရေးလုပ်ငန်းများ လုပ်‌ဆောင်‌နေသည့် မြန်မာနှင့် နိုင်ငံတကာမှ ပရဟိတ အဖွဲ့အစည်းများက ‌ပြောဆို‌နေကြသည်။