Home ထိပ်တန်းသတင်း ပြည်နယ်သတ္တုဝန်ကြီး ‌စောဆာ‌လောလ ကြံ့ဖွံ့ပါတီမှနှုတ်ထွက်ကာ KPP ကိုယ်စား အ‌ရွေးခံမည်

ပြည်နယ်သတ္တုဝန်ကြီး ‌စောဆာ‌လောလ ကြံ့ဖွံ့ပါတီမှနှုတ်ထွက်ကာ KPP ကိုယ်စား အ‌ရွေးခံမည်

1870

ဩဂုတ် ၁၁ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ သတ္တုတွင်းဋ္ဌာန ဝန်ကြီး‌စောဆာ‌လောလှသည် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီဝင်အဖြစ်မှ နှုတ်ထွက်ကာ ကရင်ပြည်သူ့ပါတီ(KPP) ကိုယ်စားပြုအဖြစ် လာမဲ့‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင် အ‌ရွေးခံသွားမည်ဖြစ် ‌ကြောင်း ၎င်းပြည်နယ်ဝန်ကြီးက ‌ကေအိုင်စီသို့ ယ‌နေ့ အတည်ပြု ‌ပြောဆိုသည်။

ဝန်ကြီး‌စောဆာ‌လောလအ‌နေဖြင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန်အတွက် ကြံ့ဖွံ့ပါတီက အဆိုပြုလွှာ‌တောင်း စဉ်က အဆိုမပြု‌တော့ဘဲ အနားယူရန် ကနဦး ဆုံးဖြတ်ခဲ့‌သော်လည်း မဲဆန္ဒရှင်များက တိုက်တွန်းသည့်အတွက် ကရင်ပြည်သူ့ပါ တီ ကိုယ်စားပြုအဖြစ် ထပ်မံ အ‌ရွေးခံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဝန်ကြီး‌စောဆာ‌လောလက ယခုလို ‌ပြောသည်။

“အစက အ‌ရွေးမခံ‌တော့ဘူးလို့ စိတ်ဆုံးဖြတ်ထားတာ။ ကြံ့ခိုင်‌ရေးပါတီက ဆန္ဒပြုလွှာ ‌တောင်းဆိုတုံးက အ‌ရွေးမခံ‌တော့ဘူးလို့ ဆန္ဒ‌ပေးထားတယ်။ ဒါ‌ကြောင့် သူတို့မထည့်‌တော့ဘူး‌လေ။ ဒါ‌ပေမဲ့ ‌ဒေသခံ‌တွေက ပြန်‌တောင်းဆို‌တော့ KPP နဲ့ ပြန်ဝင်‌ပေးတာ ပါ။ ကြံ့ခိုင်‌ရေးက‌နေ ဒီလဆန်းမှာ နှုတ်ထွက်တယ်။ ‌ကေပီပီက တင်လိုက်ပြီး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် ဝန်ကြီး‌စောဆာ‌လောလက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်‌တော် အမှတ် (၁) မဲဆန္ဒနယ် ‌မြေမှ ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ‌ရွေး‌ကောက်ပွဲအနိုင်ရပါက ယခုထက် ‌ဒေသအကျိုးကို ပိုမိုလုပ်ကိုင်‌ပေးသွားမည်ဖြစ် သည်ဟု ၎င်းက ဆက်‌ပြောသည်။

ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲဝင်ပြိုင်ရန် ဩဂုတ်လ ၁၁ရက်‌နေ့ထိ ကိုယ်စားလှယ် ၁၂ဝဦးကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ ‌လျှောက်ထားပြီးဖြစ်သလို ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ မြဝတီမြို့နယ်၊ ကြာ အင်းဆိပ်ကြီးမြို့နယ်၊ ဖာပွန်မြို့နယ်နှင့် ဖားအံမြို့နယ်များတွင် ဝင်ပြိုင်သွားမည်ဖြစ်သည်ဟု ‌ကေပီပီပါတီ၏ အ‌ထွေ‌ထွေ အတွင်း ‌ရေးမှူး ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်ဝန်ကြီး ‌စောဆာ‌လောလသည် ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မဲဆန္ဒ နယ် အမှတ်(၂)တွင် ကြံ့ဖွံ့ပါတီ ကိုယ်စားပြုဝင် အ‌ရွေးခံခဲ့ရာ ပြိုင်ဘက်ကိုယ်စားလှယ်‌လောင်း မရှိသည့်အတွက် ‌ရွေး‌ကောက်ပွဲ ကျင်းပရန် မလိုဘဲ အနိုင်ရခဲ့ပြီး ကရင်ပြည်နယ်၊ သတ္တုတွင်းဝန်ကြီးအဖြစ် ခန့်အပ်တာဝန်‌ပေးခြင်း ခံရသည်။