Home သတင်း ‌နောက်ထပ်‌တွေ့ဆုံပွဲအတွက် တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် MPCတို့ ကြိုတင်‌တွေ့ဆုံ

‌နောက်ထပ်‌တွေ့ဆုံပွဲအတွက် တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့် MPCတို့ ကြိုတင်‌တွေ့ဆုံ

1227

ဩဂုတ် ၂ဝရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မြန်မာနိုင်ငံငြိမ်းချမ်း‌ရေး ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းဗဟိုဌာန (MPC)နှင့် တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့(SD)တို့သည် ဩဂုတ် ၂ဝရက်‌နေ့၊ နံနက် ၉နာရီခွဲတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ‌တွေ့ဆုံခဲ့ရာ မကြာခင် ပြုလုပ်မည့် အစိုးရနှင့်‌ဆွေး‌နွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုအ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု SD အဖွဲ့‌ခေါင်း‌ဆောင် ပဒို‌နော်စီဖိုးရာစိန်က ‌ပြောသည်။

၎င်းက “ကျမတို့ဘက်က ‌ရှေ့ဆက်ဘယ်သွားကြမလဲဆိုတဲ့ကိစ္စ‌တွေကို လာ‌ရောက်‌မေးမြန်းတာပါ။ ‌နောက် ‌ဆွေး‌နွေးပွဲကျရင် ဘာအ‌ကြောင်းအရာ ‌ဆွေး‌နွေးမလဲ။ ဘယ်နှစ်‌ယောက်သွားမလဲ။ အဲဒါ‌တွေကို လာ‌ရောက် ‌မေးမြန်းတာပါ။ ကျမတို့ဘက်က အစည်းအ‌ဝေး မလုပ်ရ‌သေးတဲ့အတွက် ဆုံးဖြတ်မရှိ‌သေးဘူးဆိုတဲ့ အ‌ကြောင်းကိုပဲ ပြန်‌ပြောပါတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်နာရီခန့်အကြာ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် အစိုးရနှင့်ထပ်မံ‌တွေ့ဆုံ‌ဆွေး‌နွေးနိုင်‌ရေး ကြိုတင်ပြင်ဆင်မှု အ‌ခြေအ‌နေများအပြင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ စာချုပ်တွင် လက်မှတ်ထိုး‌ရေး ကိစ္စတို့ကိုလည်း အပြန်အလှန်အားဖြင့် အလွတ်သ‌ဘော‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

MPC ကိုယ်စားလှယ်ဖြစ်သူ ဦးညိုအုံးမြင့်က “ဆရာမကြီး(‌နော်စီဖိုးရာစိန်)တို့ မရှင်းတာ‌တွေ၊ မသဲကွဲတဲ့ အချက်‌တွေကို ကျ‌နော်တို့ လာပြီး‌တော့ ရှင်းလင်းတင်ပြတာပါ။ ‌ဝေါဟာရအသုံးအနှုန်း မရှင်းမလင်းတဲ့ ကိစ္စမျိုး‌တွေ၊ နားလည်မှု‌တွေ မလွဲ‌အောင် ‌နောက်အစည်းအ‌ဝေးမှာ ‌ပြေ‌ချော‌အောင် ကျ‌နော်တို့က ကြိုတင်လာပြီး‌တော့ နှစ်ဖက်ရဲ့ အမြင်‌တွေကို ဖလှယ်ပြီး‌တော့ ပြန်ယူသွားမှာပါ။״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တွေ့ဆုံမှုတွင် ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် တိုင်းရင်းသားအဆင့်မြင့် ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့မှ ‌ဒေါက်တာဆလိုင်းလျန်ဆာ‌ခေါင်းမုန်း၊ ဦးမျိုးမြင့်တို့ပါဝင်သည့် ကိုယ်စားလှယ် (၁၀)ဦး‌ကျော်နှင့် ဦးတင်‌မောင်သန်း ဦး‌ဆောင်သည့် MPC အဖွဲ့မှ ဦး‌အောင်နိုင်ဦး၊ ဦးညိုအုန်းမြင့်တို့ပါဝင်သည့် ကိုယ်စားလှယ် (၅) ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ လက်မှတ်ထိုး‌ရေးကိစ္စကို ‌ဆွေး‌နွေးကြရန် SD ကိုယ်စားလှယ်များပါဝင်သည့် တိုင်းရင်းသားထိပ်သီး‌ခေါင်း‌ဆောင်တို့သည် ဩဂုတ် ၂၁ရက်‌နေ့မှ ၂၃ရက် ‌နေ့အထိ ချင်းမိုင်မြို့၌ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတရပ် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။