Home သတင်း ‌ဒေါန‌တောင်ပတ် အာရှလမ်းသစ်ကို (ရတခ) တိုင်းမှူးအသစ် စစ်‌ဆေးမည်

‌ဒေါန‌တောင်ပတ် အာရှလမ်းသစ်ကို (ရတခ) တိုင်းမှူးအသစ် စစ်‌ဆေးမည်

2234

ဩဂုတ် ၂၅ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းမှူးအသစ်ဖြစ်သည့် ဗိုလ်မှူးချုပ်မျိုးဝင်းသည် မြဝတီ – ‌ကော့ကရိတ်ကို ဆက်သွယ် ထားသည့် အာရှလမ်းသစ်ကို လုံခြုံ‌ရေးဆိုင်ရာအတွက် ဩဂုတ်လ ၂၆ရက်‌နေ့တွင် လာ‌ရောက်စစ်‌ဆေးမည်ဖြစ်သည်။

ယခုလဆန်းပိုင်းက ယခင်တိုင်းမှူးဖြစ်သည့် ဗိုလ်ချုပ်တင်‌မောင်ဝင်း‌နေရာတွင် အစားထိုး ဝင်‌ရောက်လာသည့် ဗိုလ်မှူးချုပ်မျိုးဝင်း သည် ဩဂုတ်လ ၃ဝရက်‌နေ့တွင် ဖွင့်လှစ်မည့် အာရှလမ်းသစ်ဖွင့်ပွဲ မတိုင်မီ လုံခြုံ‌ရေးအ‌ခြေအ‌နေများကို လာ‌ရောက်စစ်‌ဆေး ခြင်းဖြစ်သည်ဟု လမ်းကင်းလုံခြုံ‌ရေးယူထားသည့် တပ်မှူးတဦးက ‌ပြောဆိုသည်။

အဆိုပါတပ်မှူးက “မနက်ဖြန် တိုင်းမှုးဗိုလ်မှူးချုပ်မျိုးဝင်း အာရှလမ်းသစ်ကို လာစစ်‌ဆေးမယ်။ မနက်ဖြန်‌တော့ လမ်းသစ် ခနပိတ် ဖို့ ရှိတယ်״ဟု ဆိုသည်။

ယခုလ ၃ဝရက်‌နေ့တွင် ပြုလုပ်ကျင်းပမည့် အာရှလမ်းသစ်ဖွင့်ပွဲနှင့် ဒုတိယ‌မြောက်ချစ်ကြည်‌ရေးတံတား အုတ်မြစ်ချမဂင်္လာကို ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံမှ ဒုတိယသမ္မတတို့ တက်‌ရောက်ကာ ပူးတွဲဖွင့်လှစ်မည်ဖြစ်‌သော‌ကြောင့် နှစ်နိုင်ငံ အာဏာပိုင်များက နယ်စပ်လုံခြုံ‌ရေးကို အထူးကြပ်မတ်ထားသည်။

အာရှလမ်းသစ်ဖွင့်ပွဲကို ဇူလိုင်လ ၂ဝရက်‌နေ့က နှစ်နိုင်ငံအကြီးအကဲများ တက်‌ရောက်ဖွင့်လှစ်ရန် စီစဉ်ထား‌သော်လည်း ထိုလ ဆန်းပိုင်းမှစ၍ အာရှလမ်းသစ် လမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့‌သော‌ကြောင့် မူလအစီအစဉ် ‌ပြောင်းလဲသွားခြင်းဖြစ်သည်။

ယခင်အ‌ရှေ့‌တောင်တိုင်း တိုင်းမှူးဖြစ်သည့် ဗိုလ်ချုပ်တင်‌မောင်ဝင်းသည် တပ်မ‌တော်စာရင်းစစ်ချုပ်အဖြစ် ‌ပြောင်းလဲတာဝန်‌ပေး အပ်ခံရပြီး အသစ်‌ရောက်ရှိလာသည်တိုင်းမှူးဗိုလ်မှူးချုပ်မျိုးဝင်းမှာ (စကခ-၁၉) ‌ရေးမြို့မှ ‌ပြောင်း‌ရွှေ့လာခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် စစ်‌ရေး‌လေ့လာသူ သု‌တေသီတဦးက “(ရတခ)တိုင်းမှူး ဗိုလ်ချုပ်တင်‌မောင်ဝင်းနဲ့ ‌ကော့ကရိတ် အ‌ခြေစိုက်(စကခ-၁၂)မှူး ဗိုလ်မှူးချုပ်မျိုးမိုး‌အောင်တို့ ‌ပြောင်း‌ရွှေ့ခံရတဲ့ကိစ္စက အရင်လက ဒီ‌ကေဘီ‌အေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ ‌တွေနဲ့ ဆက်စပ်နိုင်တယ်״ဟု သုံးသပ်‌ပြောဆိုသည်။