Home သတင်း ‌တောင်က‌လေးဆရာ‌တော်၏ အ‌မေရိကန် အလည်အပတ်ခရီးစဉ် အမျိုးသား‌ရေးအတွက်ဟုဆို

‌တောင်က‌လေးဆရာ‌တော်၏ အ‌မေရိကန် အလည်အပတ်ခရီးစဉ် အမျိုးသား‌ရေးအတွက်ဟုဆို

1604

ဩဂုတ် ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့ရှိ ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိ (‌တောမှီရဟန်း)သည် စက်တင်ဘာလ ၁ရက်‌နေ့မှစ၍ အ‌မေရိကန်နိုင်ငံ သို့ ကြွ‌ရောက်မည်ဖြစ်ပြီး ထိုနိုင်ငံ‌ရောက် ကရင်လူမှုအသိုင်းအဝိုင်းများနှင့် အမျိုးသား‌ရေးဆိုင်ရာ ‌တွေ့ဆုံမှုများ ပြုလုပ်သွားမည် ဖြစ်‌ကြောင်း ဆရာ‌တော်က မိန့်ဆိုသည်။

“သွားမှာက အဲဒီမှာရှိတဲ့ ကရင်‌တွေအားလုံးနဲ့ ‌တွေ့မယ်။ အမျိုးသား‌ရေးသက်သက်ပဲ။ နိုင်ငံ‌ရေးမပါဘူး။ ဦးဇင်းကိုယ်တိုင်သွားတဲ့ အလည်အပတ် ခရီးစဉ်ပါပဲ။ ‌အေးမြပါ‌စေ။”ဟု ဆရာ‌တော်အရှင်ပညာသာမိက ‌ကေအိုင်စီသို့ မြွက်ကြားခဲ့သည်။

အဆိုပါခရီးမှာ ဆရာ‌တော်၏ ကိုယ်ပိုင် အလည်အပတ် ခရီးစဉ်သ‌ဘောမျိုးသာဖြစ်ပြီး အ‌မေရိကန်နိုင်ငံရှိ ဆန်ဖရန်စစ္စကိုပြည် နယ်သို့ ဦးဆုံး‌ရောက်ရှိမည်ဟုသိရပြီး အခြားပြည်နယ်တိုင်းသို့လည်း ဆက်လက် ကြွ‌ရောက်ကာ ကရင်လူမှုအဖွဲ့အစည်းများနှင့် ‌တွေ့ဆုံသွားရန် အ‌မေရိကန်‌ရောက်မှသာ ဆက်လက် စီစဉ်သွားမည်ဖြစ်သည်ဟုလည်း အရှင်ပညာသာမိက မိန့်ကြားသည်။

တက္ကစက်(Texas)ပြည်နယ်၊ Port Lavaca မြို့‌နေ ‌နော်က‌ပေါ်‌စေးက “ဆရာ‌တော်လာမယ်ဆိုတာကြား‌တော့ ဝမ်းသာပါတယ်။ ဘယ်လိုခရီးစဉ်မျိုးလဲ အတိအကျ မသိ‌ပေမဲ့ သူ့ရဲ့ ယခုခရီးစဉ်ကတဆင့် ပြည်တွင်းပြည်ပ ကရင်အမျိုးသား‌တွေ ချိတ်ဆက်မှု ပိုမိုရှိလာနိုင်ပြီး နားလည်မှု၊ စည်းလုံးမှုမှသည် ကျမတို့ ကရင်တစ်မျိုးသားလုံး လိုလား‌တောင့်တ‌နေတဲ့ ရည်မှန်းချက်ပန်းတိုင်အ တွက် အ‌ထောက်အကူပြု‌စေမဲ့ လမ်းစ‌ပေါင်းများစွာထဲက တစ်ခုဖြစ်လာနိုင်တယ်လို့လည်း ‌မျှော်လင့်မိပါတယ်။”ဟု ‌ပြောသည်။

နယူး‌ယော့ခ်ပြည်နယ်သို့ ‌ရောက်ရှိ‌နေထိုင်သူ ကရင်‌တေး‌ရေးဆရာ ‌စောဒါးဘူက ၎င်းတို့မြို့တွင် ကရင်လူမျိုး များပြား‌သော်လည်း ဗုဒ္ဓဘာသာဝင် နည်းပါးသည့်အတွက် ဘုန်းကြီး‌ကျောင်းရရှိရန် စတင် ကြိုးစား‌နေဆဲဖြစ်ရာ ဆရာ‌တော်အ‌နေဖြင့် နားလည်‌ပေး နိုင်မည်ဟု ယုံကြည်‌ကြောင်းနှင့် ဆရာ‌တော်ကိုယ်တိုင်လည်း ‌တွေ့ဆုံရန် ဆန္ဒရှိသည့်အတွက် အတိုင်းမသိ ဝမ်းသာဂုဏ်ယူ ‌ကြောင်း ‌ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၁၃နှစ်ကလည်း ဆရာ‌တော်အ‌နေဖြင့် ဩစ‌တြေးလျားနိုင်ငံသို့ အလည်အပတ်ခရီး သွား‌ရောက်ကြွမြန်းကာ ဩစ ‌တြေးလျား‌ရောက် ကရင်မိသားစု၊ အသိုင်းအဝိုင်းများနှင့်လည်း ‌တွေ့ဆံ့ခြင်းရှိခဲ့ပြီး ယခု အ‌မေရိကန်ခရီးစဉ်မှာ ရက်သတ္တသုံးပတ် ကြာမြင့်မည်ဖြစ်‌ကြောင်း ဆရာ‌တော်အရှင်ပညာသာမိက ‌ကေအိုင်စီသို့ မြွက်ကြားခဲ့သည်။