Home သတင်း ‌ကေအဲန်ယူ NCA လက်မှတ်ထိုးမည့်အ‌ပေါ် ကရင်ငြိမ်း‌ထောက်ပြုကွန်ရက်နှင့် နိုင်ငံတကာကရင်အဖွဲ့ စိုးရိမ်

‌ကေအဲန်ယူ NCA လက်မှတ်ထိုးမည့်အ‌ပေါ် ကရင်ငြိမ်း‌ထောက်ပြုကွန်ရက်နှင့် နိုင်ငံတကာကရင်အဖွဲ့ စိုးရိမ်

1749

ဩဂုတ် ၂၅ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ NCA လက်မှတ်‌ရေးထိုးမည့် ဆုံးဖြတ်ချက်အ‌ပေါ် စိုးရိမ်‌ကြောင်း ဩဂုတ်လ ၂၄ရက်‌နေ့ တွင် ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြု ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းများကွန်ယက်-KPSN က ‌ကြေညာချက် ထုတ်ပြန်ခဲ့သ ကဲ့သို့ နိုင်ငံတကာကရင်အမျိုးသားအစည်းအ ရုံး-IKO ကလည်း KNU ဗဟိုအမြဲတမ်း‌ကော်မတီထံ အိတ်ဖွင့်‌ပေးစာပို့ခဲ့သည်။

NCA လက်မှတ်‌ရေးထိုးပြီး‌နောက် လက်နက်ဖြုတ်သိမ်း‌ရေးနှင့် ဥပ‌ဒေ‌ဘောင်အတွင်း ဝင်‌ရောက်ရမည်ဆိုသည့် မြန်မာအစိုးရ၏ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်း‌အောင်လှိုင်၏ ‌ပြောဆိုမှုများ သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်‌ပေါ်လာပြီး‌နောက် KPSN က ဩဂုတ်လ ၂၁-၂၂ရက်‌နေ့များတွင် ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာ၌ အ‌ရေး‌ပေါ် အစည်းအ ‌ဝေးပြုလုပ်ကာ ထုတ်ပြန်‌ကြေညာခဲ့ခြင်းဖြစ်သည်။

KPSN ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော်က‌ညော‌ဖောက “ကျမတို့ စိုးရိမ်မိတာက ကာချုပ်မင်း‌အောင်လှိုင်ရဲ့ ‌ပြောစကားအရရယ်၊ ‌နောက်ပြီး မြန်မာ့နိုင်ငံ‌ရေးပြဿနာက ကရင်အမျိုးသားတစ်ခုထဲ မဟုတ်တဲ့အတွက်‌ကြောင့် ‌ကေအဲန်ယူအ‌နေနဲ့ NCA ကို သုံး ‌လေးဖွဲ့‌လောက်နဲ့ပဲ လက်မှတ်ထိုးမယ်ဆိုရင် ငြိမ်းချမ်းသွားမယ်လို့ ကျမတို့ မယုံကြည်ဘူး။ အခြားတိုင်းရင်းသား‌တွေနဲ့ ပူး‌ပေါင်း လုပ်‌ဆောင်မှု မရှိမဲ့အ‌ပေါ်မှာကို စိုးရိမ်မိတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မြန်မာအစိုးရဘက်က လက်ခံနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများက NCA ကို ဦးစွာ လက်မှတ်‌ရေးထိုး မည်ဆိုပါက အစိုးရလက်မခံနိုင်‌သေးသည့် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအ‌ပေါ် နိုင်ငံ‌ရေး၊ စစ်‌ရေး အာမခံချက်ရှိပြီးမှ သာ လက်မှတ်ထိုးသင့်သည်ဟုလည်း ‌နော်က‌ညော‌ဖောက ဆက်‌ပြောသည်။
Untitled-1
၎င်းစိုးရိမ်မှုအ‌ပေါ် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက “NCA လက်မှတ်‌ရေးထိုးပြီးတာနဲ့ လက်နက်ဖြုတ် သိမ်းရမယ်ဆိုတဲ့ ကာကွယ်‌ရေးဦးစီးချုပ်‌ပြောတဲ့အ‌ပေါ်မှာ‌တော့ KPSN သာမက ကျ‌နော်တို့လည်း အဓိက စိုးရိမ်ချက်ဖြစ်တယ်။ ဒါ‌ကြောင့်မို့ စာချုပ်ထဲမှာကိုက DDR/ SSR နဲ့ပတ်သက်ပြီး‌တော့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ ထွက်လာတဲ့ ရလဒ်အ‌ပေါ်မှာပဲ ကျ‌နော် တို့ အ‌ခြေခံ‌ဆွေး‌နွေးသွားမယ်လို့ပဲ နားလည်ပါတယ်။ NCA လက်မှတ်ထိုးပြီးတာနဲ့ လက်နက်ဖြုတ်သိမ်း‌ရေး DDR/ SSR လုပ်ရ မယ်လို့ နားလည်ထားတာ မဟုတ်ပါဘူး။ အဲ့လိုလည်း လက်မခံပါဘူး။ ဖြစ်လည်းမဖြစ်နိုင်ပါဘူး״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

IKO ၏ အိတ်ဖွင့်‌ပေးစာ၌လည်း ‌ကေအဲန်ယူအ‌နေဖြင့် NCA လက်မှတ်‌ရေးထိုးမည့်‌နေရာတွင် ကရင်နိုင်ငံ‌ရေး အဖွဲ့အစည်းများ၊ ကရင်တတ်သိပညာရှင်များ၊ စစ်ဘက်အဖွဲ့အစည်းများနှင့်အတူ ကရင်အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ ကရင်ပြည်သူလူထု၏ အမြင်သ‌ဘောထားများကို ရယူသင့်သည်ဟု အကြံပြုထားသည်။

ယင်းအကြံပြုချက်နှင့်ပတ်သက်၍လည်း ပဒိုမန်းမန်းမန်းက “ပြည်တွင်းပြည်ပက ကရင်အသိုင်းအဝိုင်းအဖွဲ့အစည်း‌တွေရဲ့ အကြံပြု ချက်‌တွေ၊ စိုးရိမ်ချက်‌တွေကိုလည်း ကျ‌နော့်အ‌နေနဲ့ မျက်‌ခြေမပြတ် နားစွင့်‌နေပါတယ်။ သူတို့ရဲ့စိုးရိမ်ချက်ကလည်း ကျ‌နော်တို့ရဲ့ စိုးရိမ်ချက်နဲ့ တစ်ထပ်တည်း ကျပါတယ်။ ‌နောက်ပြီး NCA လက်မှတ်‌ရေးထိုးပြီးတာနဲ့ ပိုပြီးရှင်းလင်းသွား‌အောင် လူထုရှင်းလင်းပွဲ ‌တွေ လုပ်သွားဖု့ိလည်း ရှိပါတယ်״ဟု ဆိုသည်။

ယခု ဩဂုတ်လ ၁၅ရက်‌နေ့တွင် (၁၅)ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်အပြီး ဗဟိုအမြဲတမ်း‌ကော်မတီ၏ (၅)ကြိမ်‌မြောက် အ‌ရေး‌ပေါ်အစည်းအ‌ဝေး ထုတ်ပြန်ချက်အရ အစိုးရ၏ အားလုံးပါဝင်နိုင်‌ရေး ကန့်သတ်ချက်များရှိ‌နေ‌သေးသည့်ကြားက ‌ကေအဲန် ယူအ‌နေဖြင့် NCA တွင် ပါဝင်လက်မှတ်‌ရေးထိုးရန် ဆုံးဖြတ်ခဲ့သည့်အ‌ပေါ် ကျန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ ကလည်း ‌မေတ္တာရပ်ခံစာများနှင့် သ‌ဘောထားများ အသီးသီး ထုတ်ပြန်‌ကြေညာခဲ့ကြသည်။