Home သတင်း အာရှလမ်းသစ်ဖွင့်ပွဲနှင့် တံတားသစ်အုတ်မြစ်ချပွဲ နှစ်နိုင်ငံအာဏာပိုင်များ လုံခြုံ‌ရေး အထူးကြပ်မတ်မည်

အာရှလမ်းသစ်ဖွင့်ပွဲနှင့် တံတားသစ်အုတ်မြစ်ချပွဲ နှစ်နိုင်ငံအာဏာပိုင်များ လုံခြုံ‌ရေး အထူးကြပ်မတ်မည်

2089

ဩဂုတ် ၂ဝ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံပူးတွဲ၍ ယခုလ ဩဂုတ် ၃ဝ ရက်‌နေ့တွင် မဲ‌ဆောက်-မြဝတီတွင်ကျင်းပမည့် အာရှလမ်းသစ်ဖွင့်ပွဲနှင့် ချစ်ကြည်‌ရေးတံတားသစ် အုတ်မြစ်ချမဂင်္လာပွဲကို လုံခြုံ‌ရေး အထူးကြပ်မတ်သွားမည်ဟု နှစ်နိုင်ငံတာဝန်ရှိသူများက ‌ပြောဆိုသည်။

နိုင်ငံ‌တော်အဆင့် ‌ခေါင်း‌ဆောင်များတက်‌ရောက်ကြမည်ဖြစ်‌သော‌ကြောင့် လုံခြုံ‌ရေးကို အထူးကြပ်မတ် ရခြင်းဖြစ်ပြီး တက်‌ရောက်လာကြမည့် နှစ်နိုင်ငံတာဝန်ရှိသူများအပါအဝင် မီဒီယာသမားများပါမကျန် လူဦး‌ရေစာရင်းများကို အပြန်အလှန်‌ပေးပို့ကြရမည်ဖြစ်သည်။

မြဝတီအ‌ခြေစိုက် ဝါရင့်မြန်မာသတင်း‌ထောထက်တဦးက “လမ်းဖွင့်ပွဲသတင်းကို ယူကြမဲ့ ကျ‌နော်တို့ မြဝတီက သတင်း‌ထောက်‌တွေ အားလုံး မ‌နေ့က မြဝတီရဲစခန်းမှာ စာရင်းသွား‌ပေးရတယ်။ စာရင်း‌ပေး ထားတဲ့လူပဲ သွားခွင့်ရှိမယ်။ ထိုင်းဘက်က လာမဲ့ လူစာရင်း‌တွေလဲ ဒီအတိုင်းပါပဲ။ လူစာရင်းကို အပြန်အလှန် ကြိုတင်‌ပေးပို့ရမှာဖြစ်တယ်လို့ သိရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

နှစ်စ်ဖက်လုံခြုံ‌ရေးဆိုင်ဆိုင်ရာများ ညှိနှိုင်း‌ရေးအတွက် ယ‌နေ့နံနက်ပိုင်းက မြဝတီခရိုင်ရဲမှူးကြီးနှင့် အဖွဲ့သည် မဲ‌ဆောက်သို့ သွား‌ရောက်ကာ ထိုင်းအာဏာပိုင်များနှင့်‌ဆွေး‌နွေးလျှက်ရှိသည်။

အာရှလမ်းသစ်ဖွင့်ပွဲကို မြဝတီမြို့ဘက်တွင် ကျင်းပမည်ဖြစ်ပြီး ဒုတိယ‌မြောက်ချစ်ကြည်‌ရေးတံတား အုတ်မြစ်ချမဂင်္လာကို ထိုင်းဘက်ခြမ်းမဲ‌ဆောက်တွင် ကျင်းပမည်ဖြစ်ကာ နှစ်နိုင်ငံ‌ခေါင်း‌ဆောင်များနှင့် တာဝန်ရှိသူများ ပူးတွဲတက်‌ရောက်ကြမည်ဖြစ်သည်။

မဲ‌ဆောက်အ‌ခြေစိုက် ထိုင်းသတင်း‌ထောက်များအဖွဲ့မှ အဖွဲ့ဝင်တဦးက “ကျ‌နောတို့ ထိုင်းသတင်းသမား ‌တွေကို‌တော့ အာဏာပိုင်‌တွေက စာရင်းလာ‌ပေးခိုင်းတာမရှိ‌သေးဘူး ‌စော‌သေးလို့နဲ့တူပါတယ်။ ကျ‌နော်တို့ဘက်က‌တော့ အရံသင့်ရှိပါတယ်။ လက်ရှိအ‌နေအထား‌တွေအရ ဖွင့်ပွဲကို လုံခြုံ‌ရေး တင်းကြပ်မယ်ကိစ္စက‌တော့ ‌သေချာပါတယ်”ဟု သုံးသပ်‌ပြောဆိုသည်။

ထိုင်းဘက်မှ လုံခြုံ‌ရေးတာဝန်ရှိသူတဦး၏ အဆိုအရ လမ်းသစ်ဖွင့်ပွဲနှင့် တံတားအုတ်မြစ်ချမဂင်္လာပွဲသို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် တက်‌ရောက်မည်ဟု သိရှိရသည်။

မြဝတီနှင့် ‌ကော့ကရိတ်ကို ဆက်သွယ်‌ဖောက်လုပ်ထားသည့် အာရှလမ်းသစ်လမ်းပိုင်းသည် ၂၈ မိုင် ၂ ဖာလုံ အရှည်ရှိသည့် အဆင့်မြင့်အမြန်လမ်းမကြီးဖြစ်ပြီး မြဝတီ-‌ကောကရိတ်ကို ၄၅ မိနစ်ခန့်ဖြင့် ခရီး‌ပေါက်‌သော နှစ်လမ်းသွားလမ်းမကြီး ဖြစ်သည်။

ထိုင်းနိုင်ငံက ဘတ်‌ငွေသန်း(၃,၉၀၀) အကုန်ကျခံကာ တည်‌ဆောက်မည့် ဒုတိယ‌မြောက် မဲ‌ဆောက်-မြဝတီ ချစ်ကြည်‌ရေးတံတားသစ်တည်‌ဆောက်မည့်‌နေရာမှာ လက်ရှိချစ်ကြည်‌ရေးတံတား ‌မြောက်ဘက် ၅ ကီလိုမီတာ အ‌ကျော်ရှိ ထိုင်းဘက်ခြမ်း ဝမ်တခင်းရမ်းစီရင်စု အမှတ် ၇ ရပ်ကွက်နှင့် မြဝတီမြို့နယ် အမှတ်-၅ ရပ်ကွက် ‌ရေပူအရပ်တို့ကို ဆက်သွယ်တည်‌ဆောက်မည့် နယ်ခြား ‌သောင်းရင်းမြစ်‌ကျော် ‌ရေလယ်တိုင် မပါ‌သော တံတားအမျိုးအစားဖြစ်သည်။