Home သတင်း အစိုးရအဖွဲ့ဝင်များ ပါဝင်သည့် ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဖားအံမြို့၌ ကျင်းပပြီးစီး

အစိုးရအဖွဲ့ဝင်များ ပါဝင်သည့် ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဖားအံမြို့၌ ကျင်းပပြီးစီး

1682

ဇူလိုင် ၃၁ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ဖက်ဒရယ် ပြည်‌ထောင်စုစနစ်ဆိုင်ရာ အ‌ခြေခံသ‌ဘောတရားများကို တိုင်းရင်းသားများအကြား အမြင်ဖလှယ် ‌ဆွေး‌နွေးနိုင်ရန် ရည်ရွယ်ပြီး ဖက်ဒရယ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၁)ရပ်ကွက်ရှိ သု‌မေဓာရာမ ကြား‌တော ရဘုန်း‌တော်ကြီး‌ကျောင်းခန်းမ၌ ဇူလိုင်လ ၂၇ရက်မှ ၂၉ရက်‌နေ့အထိ ပြုလုပ်ပြီးစီးသွားခဲ့သည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် ၎င်းဖယ်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ဖက်ဒရယ်ပြည်‌ထောင်စုနှင့် ပတ်သက်သည့် အ‌ခြေခံသ‌ဘောတရားများ၊ ဖယ်ဒရယ်စနစ်အတွင်း ပါဝင်ရမည့်အဂင်္ါရပ်များ ဗဟိုအစိုးရနှင့် ‌ဒေသန္တရအစိုးရတို့အကြား အာဏာ ခွဲ‌ဝေမှု၊ သဘာဝ သယံဇာတ ခွဲ‌ဝေ‌ရေးဆိုင်ရာစနစ်များကို ‌ဆွေး‌နွေးခဲ့သလို မြန်မာနိုင်ငံအတွင်း ကျင့်သုံးနိုင်မည့် ဖယ်ဒရယ်စနစ် ကိုပါ ‌ဆွေး‌နွေးသွားခဲ့သည်ဟု ပါဝင်တက်‌ရောက်ခဲ့သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဖက်ဒရယ်စနစ် တည်‌ဆောက်ရင် အ‌နောက်နိုင်ငံ‌တွေနဲ့ ကျ‌နော်တို့ မြန်မာနိုင်ငံက ကွာခြားမှု‌တွေ‌တော့ အများကြီးရှိမယ်။ နှစ် ၆၀‌ကျော် ‌တော်လှန်‌ရေးလုပ်ပြီး မတူကွဲပြားခြားနားမှု‌တွေ အများကြီးရှိ‌တော့ စည်းလုံးညီညွတ်မှု ဘယ်လိုတည်‌ဆောက်ရမလဲ။ ဒါကို စဉ်းစားတဲ့အခါ နိုင်ငံတည်‌ဆောက်‌ရေးစနစ်က အဓိကကျတယ်။ အဲ့ဒါကို ဖက်ဒရယ်စနစ်ကျင့်သုံးရင် သင့်‌တော်မယ်လို့ ခိုင် ခိုင်မာမာ ယုံကြည်တယ်”ဟု ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို‌ကော်မတီဝင် ပဒို‌စောအဲ ကလူ‌စေးက ဆိုသည်။

အလားတူ ကရင်ပြည်နယ်၊ ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ အတွင်း‌ရေးမှူး ‌စောထားလုံက “ဖက်ဒရယ်ဆိုတာ ခွဲထွက် တာမဟုတ်ဘူး။ ‌ကောင်း‌အောင်လုပ်တဲ့စနစ်ပါ။ ဖက်ဒရယ်စနစ်ကို အခုကျင့်သုံးတာကို ကျင့်သုံးမှန်းမသိ ဖြစ်‌နေတယ်။ အခုဆို ရင် တခြားတိုင်းနဲ့ ပြည်နယ်‌တွေမှာ ကိုယ်ပိုင်အုပ်ချုပ်‌ရေး‌ပေးပြီး လုပ်‌နေတာပဲ‌လေ။ ဒီအခမ်းအနားမှာ‌တော့ နိုင်ငံတကာရဲ့ ဖက်ဒ ရယ်မူကိုလည်း သိရတယ်။ ‌ကောင်းတာကို ‌ရွေးပြီး လာမယ့် ၂၀၁၅မှာ တင်ပြလို့ရတယ်”ဟု သူ့အမြင်ကို ‌ပြောသည်။
Federal workshop 1
သို့‌သော် လက်ရှိ မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ပုံစံမျိုး မဟုတ်‌သေးဘဲ ဗဟိုချုပ်ကိုင်မှုကို အနည်းငယ်သာ ‌လျှော့‌ပေးသည့်အ ဆင့်တွင်သာရှိ‌နေ‌သေး‌ကြောင်း ကရင်အမျိုးသားပါတီ(KNP)၏ တွဲဖက် အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်းမင်းရဲ‌ထွေးက ယခုလို ‌ပြောသည်။

“အခု အလုပ်ရုံ‌ဆွေး‌နွေးပွဲက ဖက်ဒရယ်ဆိုင်ရာ‌တွေကို အမြင်ဖလှယ်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ကို သွားမယ်ဆို ရင် ဗမာလူမျိုးကြီးဝါဒကို ‌လျှော့ချရမယ်။ ဖွဲ့စည်းပုံပြင်ချင်ပြင်၊ ဒါမှမဟုတ် အသစ်‌ရေးမှ ရမယ်”ဟု မန်းမင်းရဲ‌ထွေးက မှတ်ချက်ပြု ‌ပြောသည်။

ယင်းအလုပ်ရုံ‌ဆွေး‌နွေးပွဲကို Forum Of Federations နှင့် EBO Myanmar တို့၏ ပံ့ပိုးကူညီမှုဖြင့် ကရင်အမျိုးသားစည်းလုံးညီ ညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC) က ဦး‌ဆောင်ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ ကချင်၊ ကရင်၊ ကရင်နီ(ကယား)၊ သျှမ်း၊ မွန်၊ ချင်း၊ ရခိုင် စသည့်တိုင်းရင်းသားကိုယ်စားလှယ်များ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု‌ကော်မတီများမှ ကိုယ်စားလှယ်များ၊ ကရင်နိုင်ငံ‌ရေးပါတီများမှ ကိုယ်စားလှယ်များ အပါအဝင် ၁၀ဝဦးခန့် တက်‌ရောက်ခဲ့ ကြ‌ကြောင်း အလုပ်ရုံ ‌ဆွေး‌နွေးပွဲ စီစဉ်သူများထံမှ သိရသည်။