Home သတင်း သိက္ခာ‌တော်ရဆရာ ‌ဒေါက်တာဆိုင်မွန်ကွယ်လွန်

သိက္ခာ‌တော်ရဆရာ ‌ဒေါက်တာဆိုင်မွန်ကွယ်လွန်

2025

ဩဂုတ် ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တွင် နှစ်ခြင်းခရစ်ယာန်သာသနာ‌ရေး လုပ်ငန်းများကို ‌ဆောင်ရွက်‌နေသူ သိက္ခာ‌တော်ရဆရာကြီး ‌ဒေါက်တာ ဆိုင်မွန်သည် အသည်းကင်ဆာ‌ဝေဒနာဖြင့် ဩဂုတ်လ ၂ရက်‌နေ့၊ ထိုင်းစံ‌တော်ချိန် မနက် ၄း၂ဝနာရီတွင် ကွယ်လွန်သွားခဲ့ပြီး ဈာ ပနအခမ်းအနားကို ဩဂုတ်လ ၅ရက်(ဗုဒ္ဓဟူး)‌နေ့တွင် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ဩဂုတ်လ ၁ရက်‌နေ့ညတွင် ၎င်းအား ချင်းမိုင်‌ဆေးရုံမှ ပြန်လည်‌ခေါ်‌ဆောင်လာခဲ့‌သော်လည်း မယ်လစခန်းမ‌ရောက်ခင် လမ်းခရီး ၌ပင် ဆုံးပါးသွားခြင်းဖြစ်‌ကြောင်း မယ်လစခန်းမှ မိသားစုနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။ သူသည် ဆီးချို၊ ‌သွေးချို‌ဝေဒနာဖြင့် ၂၀၁၃ခုနှစ်က စတင်၍ ‌ဆေးကုသခဲ့ရပြီး ၂၀၁၅ခုနှစ်၊ ဧပြီလ ၂၈ရက်‌နေ့မှာ အသဲကင်ဆာ ‌နောက်ဆုံးအဆင့် ဖြစ်ပွား‌နေ‌ကြောင်း ချင်းမိုင်မြို့သို့ သွား‌ရောက်စမ်းသပ်ခဲ့စဉ် ‌ဆေးစစ်ချက်ရလဒ်များအရ သိခဲ့ရသည်ဟု မိသားစုဝင်များနှင့် နီးစပ်သူများက ‌ပြောဆို သည်။

“အစက‌တော့ ဆီးချို၊ ‌သွေးချို‌တွေဖြစ်လို့ အမျိုးမျိုး ကုသခဲ့တာပဲ။ ‌နောက်ပိုင်း ချင်းမိုင်‌ဆေးရုံကိုပို့ပြီး ထပ်စမ်းသပ်ပြီးတဲ့အခါကျမှ ကင်ဆာမှန်းသိရ‌တော့ အချိန်လွန်သွားပြီ‌လေ။ ဆရာက‌တော့ သူ့အ‌ခြေအ‌နေသူသိ‌တော့ ‌ဆေးရုံမှာကတည်းက ဘုရားသခင် လက်ထဲ သူ့ကိုယ်သူ အပ်ထားခဲ့တာပဲ။”ဟု ‌ဒေါက်တာဆိုင်မွန်မိသားစုနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

၁၉၄၉ခုနှစ်၊ ဇူလိုင်လ ၁၉ရက်(အဂင်္ါ‌နေ့)တွင် မိဘများဖြစ်‌သော ‌စောမြ‌မောင်နှင့် ‌နော်ဝါးဝါးတို့က ‌မွေးဖွားခဲ့သူ ‌ဒေါက်တာဆိုင်မွန် သည် ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ‌နောင်ဘို‌ကျေးရွာဇာတိဖြစ်ပြီး ‌မွေးချင်း (၇)ဦးအနက် ဒုတိယအကြီးဆုံးသား ဖြစ်သည်။ သူ သည် B.Th. ‌ကျောင်းမှ MIT (Myanmar Bachelor of Theology) ကို ‌အောင်မြင်ခဲ့ပြီး ၎င်း‌ကျောင်း၌ပင် ပြန်၍ စာသင်ကြားပို့ချ ‌ပေးခဲ့သည်။ ထို့‌နောက် ဖိလစ်ပိုင်နိုင်ငံရှိ (Asia Baptist Theological Seminary) ‌ကျောင်းတွင် BC ကို ‌အောင်မြင်ခဲ့ပြီး Doctorate အဆင့် ဆက်လက် ပညာသင်ခဲ့သည်။
DSC_0028
ဘာသာ‌ရေး‌ဒေါက်တာဘွဲ့အတွက် စာတမ်း(Thesis) ပြုစုမပြီးခင် ၁၉၈၉ခုနှစ်၌ မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးအ‌ခြေအ‌နေ မတည်ငြိမ်မှု ‌ကြောင့် ၁၉၈ဝခုနှစ်၊ ဧပြီလ ၂၂ရက်‌နေ့က လက်ထပ်ခဲ့‌သော ဇနီးဖြစ်သူ ဆရာမ‌နော်တာဘလုထူးနှင့်အတူ ကရင့်‌တော်လှန် ‌ရေးနယ်‌မြေအတွင်းသို့ ‌ရောက်ရှိလာခဲ့သည်။

၎င်း‌နောက် ‌ဝေါ်‌လေရှိ Kawthoolei Karen Baptist Church – KKBC ကျမ်းစာ‌ကျောင်းတွင် စတင် သင်ကြားခဲ့ရာမှ စစ်‌ရေး မတည်ငြိမ်မှု‌ကြောင့် ကျမ်းစာသင်‌ကျောင်းကို မယ်လဒုက္ခသည်စခန်းသို့ ‌ပြောင်း‌ရွှေ့လာခဲ့ပြီး ‌ကျောင်းအုပ်ဆရာကြီးအဖြစ် ‌နောက်ဆုံးအချိန်ထိ တာဝန်ယူခဲ့သည်။

ဆရာကြီး‌ဒေါက်တာဆိုင်မွန်သည် ဘာသာ‌ရေးလုပ်ငန်း၌ တာဝန်ထမ်း‌ဆောင်ချိန်ကာလအတွင်း ရရှိခဲ့သည့်ဆုများမှာ ၁၉၉၈ခု နှစ်တွင် Doctor of Divinity ဆု၊ ၂၀၀ဝခုနှစ်တွင် Baptist World Alliance Human Rights Award၊ ၂၀၁၂ခုနှစ်တွင် Eminent Mission Award နှင့် ၂၀၁၃ခုနှစ်တွင် Outstanding Ministry Award ဆုများကို ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။

၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့်အတူ သမီးများဖြစ်‌သော ဆရာမ‌နော်ဆာက‌ညောထူး၊ ဆရာမ‌နော်‌သော‌သောမူထူးနှင့် ဆရာမ‌နော်‌ဖော‌ဖောမူထူးတို့ ကျန်ရစ်ခဲ့ကြသည်။