Home သတင်း မဲ‌ဆောက်-ဘန်‌ကောက်ခရီးစဉ်ကို ဘတ်‌ငွေ ၅၉ဝ ဖြင့် ထိုင်းပုဂ္ဂလိက ‌လေ‌ကြောင်းလိုင်းမှ ဝန်‌ဆောင်မှု ‌ပေး‌နေပြီ

မဲ‌ဆောက်-ဘန်‌ကောက်ခရီးစဉ်ကို ဘတ်‌ငွေ ၅၉ဝ ဖြင့် ထိုင်းပုဂ္ဂလိက ‌လေ‌ကြောင်းလိုင်းမှ ဝန်‌ဆောင်မှု ‌ပေး‌နေပြီ

2247

ဩဂုတ် ၁၅ ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ ပုဂ္ဂလိက‌လေ‌ကြောင်းလိုင်းတစ်ခုဖြစ်သည့် Kan Air သည် မဲ‌ဆောက်-ဘန်‌ကောက်ခရီးစဉ်ကို ခရီးသည်တစ်ဦးလျှင် ထိုင်းဘတ်‌ငွေ ၅၉၀၊ တစ်‌နေ့လျှင် သုံးကြိမ်နှုန်းဖြင့် ခရီးသွားများကို ယခင်လမှစ၍ ‌နေ့စဉ် ဝန်‌ဆောင်မှု‌ပေး‌နေပြီဖြစ်သည်။

ခရီးသည် ၆၆ဦးဆံ့‌လေယာဉ်ဖြင့် ဝန်‌ဆောင်မှု‌ပေးခြင်းဖြစ်ပြီး မဲ‌ဆောက်‌လေဆိပ်မှ ဘန်‌ကောက်ရှိ ဒွန်‌မောင်း‌လေဆိပ်သို့ ‌နေ့စဉ် နံနက် ၉း၃၅နာရီတွင်တစ်ကြိမ်၊ မွန်းလွဲ ၁း၄၅နာရီတွင်တစ်ကြိမ်နှင့် ည‌နေ ၁၈း၄ဝနာရီတွင်တကြိမ် ပျံသန်း‌ပေး‌နေခြင်းဖြစ်သည်။

ယခု ‌လေ‌ကြောင်းလိုင်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်‌နေသည့် မြန်မာအလုပ်သမားများအ‌နေဖြင့်လည်း တရားဝင် ခရီး သွားလက်မှတ် အ‌ထောက်အထားပြည့်စုံပါက ‌လေ‌ကြောင်းလိုင်းကို အသုံးပြုနိုင်သည်ဟု မဲ‌ဆောက်‌လေဆိပ်ရှိ ‌လေယာဉ်လက် မှတ်‌ရောင်းသူ အမျိုးသမီးဝန်ထမ်းတစ်ဦးက ‌ပြောဆိုသည်။

သူမက “မြန်မာအလုပ်သမား‌တွေအ‌နေနဲ့ တရားဝင်ခရီးသွားအ‌ထောက်အထား‌တွေ ရှိရမှာဖြစ်ပြီး ထိုင်းလူဝင်မှုကြီးကြပ်‌ရေးဋ္ဌာန ကလည်း ခွင့်ပြုမယ်ဆိုရင် ဒီ‌လေ‌ကြောင်းလိုင်းကို အသုံးပြုလို့ ရပါတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
c1_654192_150813063022_620x413

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ကို‌အောင်‌အောင်က “ဒီ‌လေ‌ကြောင်းလိုင်းက ‌လေယာဉ်လက်မှတ်ကို အလွယ်တကူ ဝယ်လို့ရရင် ‌တော့ မြန်မာအလုပ်သမား‌တွေ အား‌ပေးကြမှာပါ။ သူ့နှုန်းက ကားခထက်‌တောင် ‌ဈေးသက်သာတယ်။ မဲ‌ဆောက်-ဘန်‌ကောက် ကို‌ပြေးတဲ့ VIP ကားက ၆၆၆ဘတ်ဖြစ်ပြီး အချိန် ၈နာရီ‌ကျော် ကြာတယ်။ ‌လေယာဉ်နဲ့ဆိုရင် ၁နာရီ‌လောက်ပဲကြာတယ်ဆို‌တော့ စိတ်ဝင်စားဖို့‌ကောင်းတယ်״ဟု ဆိုသည်။

‌လေယာဉ်လက်မှတ်များကို အွန်လိုင်းစနစ် အပါအဝင် မဲ‌ဆောက်မြို ့ရှိ လက်မှတ်အ‌ရောင်းဌာနများနှင့် မဲ‌ဆောက်‌လေဆိပ်တို့ တွင် ကြိုတင်ဝယ်ယူနိုင်သည်ဟုလည်း Kan Air ‌လေ‌ကြောင်းလိုင်းက အသိ‌ပေး‌ကြေညာထားသည်။

ထို့အပြင် ဘန်‌ကောက်ဒွန်‌မောင်း‌လေဆိပ်မှတဆင့် မဲ‌ဆောက်‌လေဆိပ်သို့လည်း နံနက် ၈နာရီတွင်တစ်ကြိမ်၊ ‌နေ့လည် ၁၂းဝ၅ နာရီတွင်တစ်ကြိမ်၊ ည‌နေ ၁၇း၁၅နာရီတွင်တစ်ကြိမ်နှုန်းဖြင့် ‌နေ့စဉ် ဝန်‌ဆောင်မှု‌ပေးကာ အဆာ‌ပြေမုန့်၊ အပူအ‌အေး အခမဲ့အပြင် ခရီးသည်တဦးလျှင် ၁၅ကီလို အ‌လေးချိန်ရှိ ပစ္စည်းများ သယ်‌ဆောင်ခွင့်ပြုထားသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာအလုပ်သမား (၁၀)သိန်း‌ကျော်ရှိပြီး အများစုမှာ ခရီးသွားလာကြရာ တွင် ‌မော်‌တော်ယာဉ်လိုင်းများကိုသာ အသုံးပြုကြလျှက်ရှိသည်။