Home သတင်း ဘန်‌ကောက်‌ရောက် ကရင်လူငယ်အဖွဲ့များပဋိပက္ခ ပြန်လည်‌ပြေလည်ကာ လက်တွဲသွားရန် သံဓိဋ္ဌာန်ချ

ဘန်‌ကောက်‌ရောက် ကရင်လူငယ်အဖွဲ့များပဋိပက္ခ ပြန်လည်‌ပြေလည်ကာ လက်တွဲသွားရန် သံဓိဋ္ဌာန်ချ

3440

ဩဂုတ် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့‌ပေါ်၌ အိတ်ခ်စ်သုံးလုံး(xxx)၊ နဖါး‌သောင့်(ဏု်ဖါ.သင့်)၊ ‌စောဘဦးနှင့် ခွါ့‌လောင်အဲ (ခွါ့လင်အဲ)စသည့် အမည်အမျိုးမျိုးဖြင့် ဂိုဏ်းဂဏဆန်စွာ ဖွဲ့စည်းထား‌သော ကရင်လူငယ်များသည် ၎င်းအချင်းချင်းကြား နှစ်နှင့်ချီ၍ ပဋိပက္ခဖြစ်ခဲ့ ကြရာမှ ယခု ‌ပြေလည်မှုရရှိသွားကြပြီး မိမိလူမျိုးအတွက် လက်တွဲလုပ်‌ဆောင်သွားကြရန် ဆုံးဖြတ်ကာ သံဓိဋ္ဌာန်များချခဲ့ကြ ‌ကြောင်း ဘန်‌ကောက်‌ရောက် ကရင်လူငယ်များထံမှ သိရသည်။

ယခုလ ၂၃ရက်‌နေ့က ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ မီးရထား‌ခေါင်းပန်းခြံတွင် Oversea Karen Cultural Group (OKCG) နှင့် Karen Help Karen (KHK) က ဦး‌ဆောင်ကာ အဆိုပါကရင်လူငယ်အဖွဲ့များကို ‌ခေါ်ယူပြီး မ‌ကျေမလည်မှုများကို မျက်နှာချင်း ဆိုင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌စေကာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ‌ပြေလည်မှု ရရှိခဲ့ကြခြင်းဖြစ်သည်ဟု ‌တွေ့ဆုံမှုတွင် ဦး‌ဆောင်ပါဝင်ခဲ့‌သော OKCG တာဝန်ရှိသူ ‌စောဘီးဘီက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ သူတို့ကို ‌ပေး‌တွေ့တဲ့အခါမှာ သူတို့ရဲ့‌ခေါင်း‌ဆောင်‌တွေကို စကား‌ပြောခိုင်းတယ်။ အဲ့မှာ သူတို့အကုန်လုံးက ကရင်လူ ငယ်‌တွေ ‌ပေါင်း‌ပေါင်းစည်းစည်းနဲ့ သွားလာကြတာကို မြင်ချင်၊ လိုချင်ကြတာချည်းပဲ။ တစ်‌ယောက်နဲ့တစ်‌ယောက် ခိုက်ရန်မဖြစ် ချင်ကြဘူးဆိုပြီး အဲ့ဒီက‌နေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကို ပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေးခိုင်းလိုက်တာက‌နေ ‌ပြေလည်သွားကြတယ်״ဟု ‌စောဘီး ဘီက ‌ပြောသည်။

(XXX)အဖွဲ့‌ခေါင်း‌ဆောင် ‌စောခါခီက “အခုလို အချင်းချင်းအုပ်စုလိုက် နှိပ်စက်အနိုင်ကျင့်တာကို မမြင်ချင်ဘူး။ ဒါ‌ကြောင့်မို့လို့ အခုလိုပြန်ပြီး စုစည်းမှုရသွားတဲ့အ‌ပေါ်မှာ ကျ‌နော့်အ‌နေနဲ့ ‌ကျေနပ်အားရမိတယ်။ ဒီလိုပဲ ဆက်ဖြစ်‌နေမယ်ဆိုရင် ကိုယ့်လူမျိုးအ တွက် ဂုဏ်သိက္ခာမရှိဘူး။ ဒါ‌ကြောင့်မို့ ‌ရှေ့ဆက်ပြီး‌တော့ အ‌ကောင်းဆုံးလုပ်‌ဆောင်သွားဖို့ ကျ‌နော် ရည်ရွယ်ပါတယ်״ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။
1
အလားတူ အခြား‌သော နဖါး‌သောင့်အဖွဲ့‌ခေါင်း‌ဆောင် ‌စောမဒိုင်နှင့် ‌စောဘဦးအဖွဲ့‌ခေါင်း‌ဆောင် ‌စော‌မောကိုးတို့အ‌နေဖြင့်လည်း ယခုကဲ့သို့ အဖွဲ့အချင်းချင်းအကြား ‌ပြေလည်မှုရရှိသွားသည့်အ‌ပေါ် ‌ကျေနပ်ဝမ်းသာကြပြီး ‌ရှေ့လာမည့် အနာဂတ်တွင်လည်း အမျိုးသား‌ရေးကဏ္ဍများတွင် အချင်းချင်းလက်တွဲလုပ်‌ဆောင်သွားရန် သ‌ဘောထားကိုယ်စီရှိကြ‌ကြောင်းလည်း ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

ယင်းသို့‌တွေ့ဆုံနိုင်ရန်အတွက် အဖက်ဖက်‌သော လုံခြုံ‌ရေးအရ ခက်ခဲစွာ စီစဉ်ခဲ့ကြရသည့်အပြင် နဖါး‌သောင့်(ဏု်ဖါ.သင့်) အဖွဲ့ ‌ခေါင်း‌ဆောင်များသည် အဆိုပါ‌တွေ့ဆုံအပြီး၌ပင် ၎င်းတို့၏အဖွဲ့နာမည်ကို တရားဝင် ဖျက်သိမ်းလိုက်သည်ဟု ပါဝင်တက်‌ရောက် ခဲ့သူ လူငယ်များထံမှ သိရသည်။

“အခုလို သူတို့‌ပြေလည်သွားတဲ့အ‌ပေါ်မှာ ကျမအ‌နေနဲ့ ‌ဖေ့ဘွတ်မှာ‌တွေ့တာ အင်မတန်မှ ဝမ်းသာပီတိဖြစ်တယ်။ ဒါ လုပ်သင့်လုပ် ထိုက်တာ ကြာပြီးလို ့ကျမအ‌နေနဲ့ မြင်တယ်။ လူဆိုတာ အမှားနဲ့‌တော့ မကင်းကြပါဘူး။ မှားမှန်းသိပြီး အခုလို အမှန်ဘက် ‌ရောက်‌အောင် ‌တွေ့ဆုံပြီး ‌ပြေလည်‌အောင် ‌တွေ့ဆုံညှိနှိုင်း‌ပေးတဲ့လူ‌တွေ‌ရော ပြန်လည်သင့်မြတ်‌အောင် လုပ်တာဟာ လူငယ် ‌တွေရဲ့ သတ္တိလို့ပဲ ကျမမြင်ပါတယ်။”ဟု ဘန်‌ကောက်တွင် အလုပ်လုပ်‌နေသူ ရွာတန်းရှည်ရွာသူတစ်ဦးက ‌ပြောသည်။

အဆိုပါကရင်လူငယ်အဖွဲ့များသည် ပဋိပက္ခ(၂)နှစ်နီးပါးမျှ အုပ်စုဖွဲ့ကာ ပဋိပက္ခဖြစ် အချင်းများခဲ့ကြရာမှ ယခုနှစ်အတွင်း ‌သွေး ထွက်သံယိုဖြင့် ထိခိုက်‌သေ‌ကြေသည်အထိ အဆိုးဝါးဆုံး ခိုက်ရန်ဖြစ်ပွားမှု ဖြစ်ခဲ့သည်။