Home သတင်း ဖားအံမြို့၌ ‌ရေပြန်တက်လာနိုင်သည့်အတွက် ကယ်ဆယ်‌ရေးစခန်းများ ဆက်ဖွင့်ထား

ဖားအံမြို့၌ ‌ရေပြန်တက်လာနိုင်သည့်အတွက် ကယ်ဆယ်‌ရေးစခန်းများ ဆက်ဖွင့်ထား

1863
(‌ရွှေရင်‌မျှော်ဘုရားရှိ ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်းမှ ပြည်သူများ)

ဩဂုတ် ၆ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ရပ်ကွက်အချို့၌ သံလွင်မြစ်‌ရေ မြင့်တက်လာမှု‌ကြောင့် ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ မြို့‌နေရပ်ကွက် များတွင် ‌ရေကြီး‌ရေလျှံမှုများဖြစ်‌ပေါ်ခဲ့ပြီး ယခုရက်ပိုင်းအတွင်း ‌ရေပြန်ကျသွား‌သော်လည်း ‌ရေပြန်တက်လာနိုင်ဖွယ် ရှိသည့်အ တွက် ကယ်ဆယ်‌ရေးစခန်းများကို ဆက်လက် ဖွင့်ထား‌နေရ‌သေး‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ကေအိုင်စီသို့ ဩဂုတ် ၅ရက် ‌နေ့တွင် ‌ပြောသည်။

“‌ရေကျ‌ပေမယ့်လည်း အခု ‌ရေ သုံး‌ပေ‌လောက် ကျန်‌နေ‌သေးတဲ့အတွက်‌ကြောင့် ‌ကျောင်းတက်တဲ့က‌လေး‌တွေ သွားလာ‌ရေးက ခက်ခဲ‌နေ‌သေးတယ်။ ‌ရေက ပြန်တက်လာနိုင်သလို စိတ်ချရတဲ့အချိန်‌ရောက်မှပဲ ‌ရေ‌ဘေးသင့်ပြည်သူ‌တွေကို ကယ်ဆယ်‌ရေး စခန်းက‌နေ မိမိ‌နေအိမ်ကို ပြန်ခိုင်းမယ်”ဟု ဖားအံမြို့၊ အမှတ် ၂ရပ်ကွက်ရှိ ‌ရွှေရင်‌မျှော်ဘုရား၌ ဖွင့်လှစ်ထားသည့် ကယ်ဆယ် ‌ရေးစခန်းတာဝန်ခံ ဦးထွန်းမြင့်က ‌ပြောသည်။

အဆိုပါ ‌ရွှေရင်‌မျှော် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်းသို့ ဩဂုတ်လ ၄ရက်‌နေ့က ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း လာ‌ရောက်ကြည့် ရှုခဲ့ပြီး ‌ရေ‌ဘေးသင့်ပြည်သူများကို ‌ရေပြန်တက်လာလျှင် ဒုက္ခ‌ရောက်မည်ဖြစ်၍ ‌နေအိမ်သို့မပြန်‌သေးရန်နှင့် ကယ်ဆယ်‌ရေးစခန်း ၌ ၎င်းတို့အတွက် စား‌သောက်ဖွယ်ရာများကို လို‌လေ‌သေးမရှိ ပြင်ဆင်ထားရှိသည်ဟု လာ‌ရောက်‌ပြောဆိုသွား‌ကြောင်း ဦးထွန်း မြင့်က တဆင့် ပြန်လည်‌ပြောပြသည်။

ကယ်ဆယ်‌ရေးစခန်း၌ လာ‌ရောက်ခိုလှုံ‌နေရသူ ဂါးမညွှန့်က “ဒီမှာ‌နေရတာ အဆင်‌ပြေတယ် ဆို‌ပေမဲ့ ‌ရေကျ‌တော့ အိမ်ပြန်ချင် တယ်။ ပြီးခဲ့တဲ့ ၂နှစ်‌တွေတုန်းက ‌ရေကျလို့အိမ်ပြန်‌တော့ ‌ရေက ‌နောက်တစ်ခါ ပြန်တက်တာနဲ့ကြုံလို့ ချထားတဲ့စခန်းကို ပြန်လာ ရတယ်။ အဲလိုပြန်ဖြစ်မှာလည်း ‌ကြောက်တယ်”ဟု ဆိုသည်။

သံလွင်မြစ်‌ရေလျှံသည့်အတွက် ဇူလိုင်လ ၂၉ရက်‌နေ့မှ စတင်ကာ ဖားအံမြို့ရှိ အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၅) ရပ်ကွက် များ၌ ‌မြေနိမ့်သည့်အပိုင်းများတွင် ‌ရေဖုံးလွှမ်းကာ ပြည်နယ် မိုးလုံ‌လေလုံအားကစားကွင်း၊ ‌အောင်သံလွင် ကစားကွင်း၊ ‌ရွှေရင် ‌မျှော် စသည့် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်း ၁ဝခု ဖွင့်လှစ်ခဲ့‌သော်လည်း ပြည်နယ်ကမ္မဋ္ဌာန်းဘုန်းကြီး‌ကျောင်း၌ ဖွင့်ထားသည့် ‌ရေ‌ဘေးကယ်ဆယ်‌ရေးစခန်းမှ ‌ရေ‌ဘေးသင့်သူများ ‌နေအိမ်ပြန်သွားသည့်အတွက် ယင်းစခန်းကို ပိတ်လိုက်‌ကြောင်း စခန်းတာ ဝန်ရှိသူများထံမှ သိရသည်။

သံလွင်မြစ်‌ရေသည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ရက်‌နေ့တွင် ၈၄ဝစင်တီမီတာအထိ မြင့်တက်ခဲ့ပြီး ဩဂုတ်လ ၅ရက်‌နေ့တွင် မြစ်‌ရေ အမြင့် ၇၈ဝစင်တီမီတာအထိသာ ကျန်ရှိ‌တော့‌ကြောင်း ဖားအံမြို့၊ မိုး‌လေဝသဋ္ဌာနရုံးမှ သိရသည်။ ၎င်းအပြင် ‌ရေကြီးဒဏ်ခံရ သည့် အဆိုပါရပ်ကွက်များမှ ကယ်ဆယ်‌ရေးစခန်းတွင် သွား‌ရောက်ခိုလှှုံသူ စုစု‌ပေါင်းလူဦး‌ရေ ၆၀၀၀‌ကျော်ခန့်ရှိသည်ဟု တာဝန် ရှိသူများ ပြုစုထားသည့် စာရင်းများအရ သိရသည်။