Home သတင်း နယ်စပ်အ‌ခြေစိုက် အ‌ရေး‌ပေါ်အကူအညီ‌ပေး‌ရေးအဖွဲ့က ‌ရေ‌ဘေးကူညီရန် ပြင်ဆင်ထား

နယ်စပ်အ‌ခြေစိုက် အ‌ရေး‌ပေါ်အကူအညီ‌ပေး‌ရေးအဖွဲ့က ‌ရေ‌ဘေးကူညီရန် ပြင်ဆင်ထား

1526

ကရင်ပြည်နယ်၊ ဖားအံမြိုမှ ‌ရေ‌ဘေးသင့်သူများ

ဩဂုတ် ၄ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသည့် အ‌ရေး‌ပေါ် အကူအညီ‌ပေး‌ရေးနှင့် ကယ် ဆယ်‌ရေးအဖွဲ့ (Emergency Assistant and Relief Team -EART)က မြန်မာနိုင်ငံ‌နေရာ အနှံ့အပြားရှိ ‌ရေ‌ဘေးသင့်ပြည်သူ များအတွက် ကူညီ‌ပေးနိုင်ရန် စီစဉ်ထားသည်ဟု ယင်းအဖွဲ့ ညှိနှိုင်း‌ဆောင်ရွက်‌ရေး တာဝန်ခံ ကိုကြီး‌ကျော်က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“ကျ‌နော်တို့အ‌နေနဲ့ ထဲထဲဝင်ဝင် ကူညီ‌ပေးဖို့ မနိုင်တဲ့အခါကျ‌တော့ တဖက်တစ်လမ်းက‌နေ ကူညီနိုင်‌အောင် အခုလို စီစဉ်လိုက် တာ ဖြစ်ပါတယ်”ဟု EART ညှိနှိုင်း‌ဆောင်ရွက်‌ရေးတာဝန်ခံ ကိုကြီး‌ကျော်က ‌ပြောသည်။

ထိုသို့ ‌ရေ‌ဘေးကူညီရန်အတွက် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၊ မယ်‌တော်‌ဆေးခန်း၏ လူမှုဆက်ဆံ‌ရေးဋ္ဌာန၌ အလှူခံဋ္ဌာန ဖွင့်လှစ် ကာ အလှူ‌ငွေနှင့် အသုံးအ‌ဆောင်ပစ္စည်းများကို ဩဂုတ်လ ၃ရက်‌နေ့မှ စတင် လက်ခံ‌နေပြီး ဖုန်းနံပါတ် (၆၆)၉၉၃၃၁၅၄၅၀၊ (၆၆)၉၃၀၆၈၆၂၂၆ သို့ ဆက်သွယ်လှူဒါန်းနိုင်‌ကြောင်း EART ထံမှ သိရသည်။

EART ကို ထိုင်း- မြန်မာနယ်စပ် အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်း (MTC)၊ မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း(BMA)၊ နယ် လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများအဖွဲ့(BPHWT)၊ Children Development Center (CDC)ဖြင့် ဖွဲ့စည်းထားကာ လက်ခံရရှိသည့် အလှူ‌ငွေများကို ဖားအံမြို့ရှိ ‌တောင်က‌လေး ‌အေးရိပ်သာ‌ကျောင်း၊ မြဝတီမြို့ရှိ ‌စေတနာ နာ‌ရေးကူညီမှုအသင်း၊ ၈၈မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း အပါအဝင် ပြည်တွင်းလူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်‌ပေးအပ်သွားမည်ဟု ကိုကြီး‌ကျော် က ဆက်‌ပြောသည်။

အလားတူ ‌ရေ‌ဘေးအကူအညီ‌ပေး‌ရေးလုပ်ငန်းများ လုပ်‌ဆောင်မည့် ကရင်‌ကျောင်းသားများကွန်ရက်အဖွဲ့- KSNG အဖွဲ့ဝင် တစ်ဦးဖြစ်သူ ‌စောထူးထူးကလည်း “ကျ‌နော်တို့အဖွဲ့က ကရင်ပြည်နယ်ဘက်ကိုပဲ သွားမှာ ဖြစ်ပါတယ်။ အလှူ‌ငွေတစ်ချို့ရယ်၊ အဝတ်အစားနဲ့ စားစရာ‌တွေပါမယ်။ အခု ဒုက္ခသည်စခန်း‌တွေမှာ စပြီး အလှူခံမှု‌တွေ လုပ်‌နေပါပြီ။ ‌နောက်အပတ်‌လောက်မှာ သွားမှာဖြစ်ပါတယ်”ဟု ‌ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ မြန်မာလူမှုအသင်းအဖွဲ့များနှင့် မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားများက ‌ရေ‌ဘေးအတွက် အလှူ‌ကောက်ခံမှုများ ပြုလုပ်‌နေသလို မကြာ‌သေးမီက တိုက်ပွဲများ ဖြစ်ပွားခဲ့‌သော မြဝတီ- ‌ကော့ကရိတ် အာရှလမ်းမကြီးတွင် မြဝတီရှိ လူမှုကယ်ဆယ်‌ရေးအဖွဲ့များ၊ ပရဟိတလူငယ်များကလည်း အလှူခံ‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

မြန်မာပြည် အနှံ့အပြားတွင် ဖြစ်‌ပေါ်ခဲ့သည့် ‌ရေ‌ဘေးအ‌ခြေအ‌နေနှင့် ပတ်သက်ပြီး အစိုးရ၏ တရားဝင်ထုတ်ပြန်‌ကြေညာချက်များ အရ ဇွန်လ ၂၄ရက်မှ ဩဂုတ်လ ၂ရက်‌နေ့အထိ အိမ်‌ထောင်စု‌ပေါင်း ၃၃၉၃၁စုမှ လူဦး‌ရေ ၂၁၇၇၆၈ဦး ‌ရေ‌ဘေးဒဏ်ခံစား‌နေရ ပြီး ‌သေဆုံးသူ ၄၆ဦးရှိ‌ကြောင်း သိရသည်။