Home သတင်း ထူးအိမ်သင် ‌အောက်‌မေ့ဖွယ် ဂီတ‌ဖျော်‌ဖြေပွဲဖြင့် ‌ရေ‌ဘေးသင့်အလှူ‌ငွေရှာ‌ဖွေ

ထူးအိမ်သင် ‌အောက်‌မေ့ဖွယ် ဂီတ‌ဖျော်‌ဖြေပွဲဖြင့် ‌ရေ‌ဘေးသင့်အလှူ‌ငွေရှာ‌ဖွေ

1676

ဩဂုတ် ၁၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌တေးသံရှင်များ စု‌ပေါင်း၍ အဆို‌တော် ထူးအိမ်သင် ကွယ်လွန်ခြင်း ၁၁ပြည့် ‌အောက်‌မေ့ဖွယ် ‌တေးဂီ တ‌ဖျော်‌ဖြေပွဲနှင့် မြန်မာပြည်၌ ‌ရေး‌ဘေးသင့်သူများအတွက် အလှူ‌ငွေရှာပွဲ အစီအစဉ်တစ်ရပ်ကို ဩဂုတ်လ ၁၄ရက်ညက မဲ‌ဆောက်မြို့၊ ခ‌ရောင်းဖလိန်း စား‌သောက်ဆိုင်တွင် ပြုလုပ်ကျင်းပခဲ့သည်။

ပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကရင်‌တေးသံရှင် ဝိုင်ရိုက “အဓိကက‌တော့ ကိုငှက်ကြီး(ထူးအိမ်သင်) အမှတ်ရအ‌နေနဲ့လည်း ဖြစ် မယ်။ ‌နောက်တစ်ခုက အခု မြန်မာပြည်မှာ ကြားရတဲ့သတင်း‌တွေက ဝမ်းနည်းစရာ အရမ်း‌ကောင်းပါတယ်။ ဒီအလုပ် (အလှူ‌ငွေ ‌ကောက်ခံမှု)ကို တစ်နိုင်ငံလုံးမှာ လုပ်‌နေတယ်။ ကျ‌နော်တို့ ဒီမှာရှိတဲ့လူ‌တွေကလည်း တတ်နိုင်သ‌လောက် ပါဝင်လှူဒါန်းချင်တယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ပွဲ‌လေးတစ်ခုပါ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌တေးဂီတ‌ဖျော်‌ဖြေပွဲမှ ရရှိသည့် အလှူ‌ငွေများကို မြန်မာပြည်တစ်ဝှမ်း၌ ‌ရေ‌ဘေးသင့်သူများအတွက် မဲ‌ဆောက်အ‌ခြေစိုက် မယ် ‌တော်‌ဆေးခန်းမှတဆင့် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ)ပါတီ ဥက္ကဋ္ဌ ‌ဒေါ်‌အောင်ဆန်းစုတည်‌ထောင်ထားသည့် “‌ဒေါ်ခင်ကြည်‌ဖောင်‌ဒေးရှင်း”သို့ ‌ပေးအပ်လှူဒါန်းသွားမည်ဟု ၎င်းက ဆက်‌ပြောသည်။

ည ၇နာရီမှ ၁ဝနာရီခွဲအထိ ကျင်းပသည့် ၎င်း‌တေးဂီတ‌ဖျော်‌ဖြေပွဲတွင် ကွယ်လွန်သူ အဆို‌တော်ထူးအိမ်သင်၏ ‌တေးသီချင်းများ နှင့် ထိုင်း‌တေးသီချင်းအချို့ကို မဲ‌ဆောက်အ‌ခြေစိုက် The Growth တီးဝိုင်းမှ ဦး‌ဆောင်တီးခတ်ပြီး ထူးအိမ်သင်ကို ချစ်မြတ်နိုး သည့် ‌တေးသံရှင်၊ ဝါသနာရှင် ၁ဝဦး‌ကျော်က သီဆို‌ဖျော်‌ဖြေခဲ့ကြသည်။

ကိုယ်တိုင် ပါဝင်သီဆိုခဲ့သူ ကရင်‌တေးသံရှင် ‌စောအချိုင်းက “ကိုထူးအိမ်သင်ဆိုတာ နာမည်‌ကျော် အဆို‌တော်တစ်‌ယောက် ဖြစ် တယ်။ ဂီတကို ချစ်မြတ်နိုးသူအချင်းချင်းဖြစ်တဲ့အတွက် သူ့ကို လာပြီးဂုဏ်ပြုတာရယ်၊ ‌နောက်တစ်ခုက အခု မြန်မာပြည်မှာ ဒုက္ခ ‌ရောက်‌နေတဲ့လူ‌တွေကို တစ်‌ထောင့်တစ်‌နေရာက‌နေ ဝိုင်းပြီးကူညီခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်״ဟု ဆိုသည်။

၂၀၀၄ခုနှစ်၊ ဩဂုတ်လ ၁၄ရက်‌နေ့က ကွယ်လွန်ခဲ့သူ နာမည်‌ကျော်‌တေး‌ရေး/‌တေးဆို ထူးအိမ်သင် (၄၁)နှစ်အတွက် ၎င်းအား ချစ်ခင်မြတ်နိုးသူ ‌တေးသံရှင်များက ဂုဏ်ပြု‌တေးဂီတ ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များကို မြန်မာနိုင်ငံ၌ ပြုလုပ်‌လေ့ရှိ‌သော်လည်း နယ်စပ်‌ဒေသတွင် ယခု ပထမဦးဆုံး ပြုလုပ်ကျင်းပခြင်းဖြစ်သည်။ ၎င်းအပြင် မြန်မာပြည်မှ ‌ရေ‌ဘေးသင့်ပြည်သူများအတွက် ထူးအိမ်သင်အမှတ်တရ တီရှပ်အကျင်္ီတစ်ထည်ကို ထိုင်း‌ငွေ ၁၅ဝဘတ်ဖြင့် ‌ရောင်းချ‌ပေး‌နေသလို အလှူခံပုံးများဖြင့် အလှူ‌ငွေများ လိုက်လံ‌ကောက်ခံလျှက်ရှိသည်။

‌တေးဂီတ‌ဖျော်‌ဖြေပွဲ လာ‌ရောက်အား‌ပေးသူ ‌ဒေါက်တာသီသီခင်က “သာမန်လူတန်းစား‌တွေအတွက် တီရှပ်တစ်ထည် ၁၅ဝဆို တာ ပမာဏ နည်းနည်း‌လေးပဲ။ ဒါ‌ပေမယ့် ဒီပမာဏ နည်းနည်းဆို‌ပေမယ့် အ‌ရေးကြီးတဲ့‌နေရာ‌တွေမှာ လှူနိုင်တယ်ဆို‌တော့ ဒါက တန်တယ်လို့ ယူဆပါတယ်״ဟု ‌ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းနှင့် ဩဂုတ်လဆန်းပိုင်းတို့တွင် ပြည်နယ်‌ဒေသနှင့် တိုင်း‌ဒေသကြီးအချို့တွင် ဖြစ်‌ပေါ် ခဲ့သည့် ‌ရေကြီး‌ရေလျှံမှုများ‌ကြောင့် ‌သေဆုံးသူ ၁၀၀‌ကျော်နှင့် ၃သိန်း‌ကျော် ‌ရေ‌ဘေးဒုက္ခကြုံ‌နေရပြီး ‌ရေ‌ဘေးသင့်သူများအား ကူညီရန် အနုပညာရှင်များ၊ နိုင်ငံ‌ရေးပါတီများ၊ ဘာသာ‌ရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများတို့အပြင် ပြည်ပ‌ရောက် မြန်မာ နိုင်ငံသားများလည်း အလှူ‌ငွေများ လိုက်လံ‌ကောက်ခံလျှက်ရှိသည်။