Home သတင်း ထိုင်းပြည်သူများက ‌ရေ‌ဘေးသင့်မြန်မာများအတွက် ကျပ် ၇၅သန်းတန်ဘိုးရှိ ကယ်ဆယ်‌ရေးပစ္စည်း ကူညီ

ထိုင်းပြည်သူများက ‌ရေ‌ဘေးသင့်မြန်မာများအတွက် ကျပ် ၇၅သန်းတန်ဘိုးရှိ ကယ်ဆယ်‌ရေးပစ္စည်း ကူညီ

1580

ဩဂုတ် ၅ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

လတ်တ‌လော ဆိုးရွားစွာ ဖြစ်‌ပေါ်‌နေသည့် မြန်မာနိုင်ငံ၏ ‌ရေကြီးမှုဒဏ်‌ကြောင့် ‌ရေ‌ဘေးသင့်ပြည်သူများအတွက် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှ ထိုင်းပြည်သူများက ‌ငွေကျပ် ၇၅သန်းတန်ဘိုးရှိ ကယ်ဆယ်‌ရေးပစ္စည်းများကို ယ‌နေ့ ဩဂုတ် ၅ရက်‌နေ့၊ မွန်းလွဲပိုင်း တွင် မဲ‌ဆောက်မြို့မှတဆင့် ကရင်ပြည်နယ်ဘက်ခြမ်းရှိ မြဝတီမြို့သို့ သွား‌ရောက်လှူဒါန်းခဲ့ကြသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အုပ်ချုပ်‌ရေးမှူး မစ္စတာနိုင်စုံချိုင်း ခပ်တိယစံတီက “ထိုင်းနိုင်ငံတာခ့်ခရိုင် ၉မြို့နယ်က ပြည်သူ‌တွေက မြန်မာ‌ရေ‌ဘေးသင့် မိတ်‌ဆွေ‌တွေအတွက် ကူညီတာပါ။ အခုလို မြန်မာနိုင်ငံဘက်မှာ ‌ရေ‌ဘေးဒဏ် ဆိုးရွားစွာ ခံစား‌နေရတဲ့အ တွက် အ‌တော့်ကို စိတ်မ‌ကောင်း ဖြစ်ရပါတယ်။ ဒါ‌ကြောင့် အခုလို ကယ်ဆယ်‌ရေးပစ္စည်း‌တွေကို လှူဒါန်းရတာဖြစ်တယ်”ဟု ‌ပြော ဆိုသည်။

အစား‌သောက်၊ ‌ဆေးဝါးနှင့် အဝတ်အထည်များ အပါအဝင် ထိုင်းဘတ်‌ငွေ ၂၅သိန်း တန်ဘိုးရှိ ကယ်ဆယ်‌ရေး အ‌ထောက်အကူ ပြုပစ္စည်းများကို ယ‌နေ့တွင် လှူဒါန်းခဲ့ပြီး ‌နောက်ရက်များတွင်လည်း ဆက်လက် လှူဒါန်းသွားမည်ဟု ထိုင်းအလှူရှင်များက ‌ပြော ဆိုသည်။

ယ‌နေ့‌ပေးအပ်သည့် အလှူပစ္စည်းများကို တာ့ခ်ခရိုင်အုပ်ချုပ်‌ရေးမှူးက မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦးလွင်ကိုဦးနှင့် တာဝန်ရှိသူများ ထံသို့ လွှဲ‌ပြောင်း‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဦးလွင်ကိုဦးက “ဒီပစ္စည်း‌တွေကို ဒီ‌နေ့ပဲ ကရင်ပြည်နယ်အစိုးရဆီကို ပို့‌ဆောင်လွဲ‌ပြောင်း‌ပေးမှာဖြစ်တယ်။ အဲဒီက‌နေ ‌ရေ‌ဘေး ဒဏ် ခံစား‌နေရတဲ့ ပြည်သူ‌တွေဆီကို အမြန်ဆုံး ဆက်လက်ပို့‌ဆောင်‌ပေးမှာဖြစ်တယ်”ဟု မြန်မာနှင့် ထိုင်းသတင်း‌ထောက်များ ကို ‌ပြောဆိုခဲ့သည်။

ဩဂုတ် ၅ရက်‌နေ့၊ မွန်းလွဲပိုင်းက  ထိုင်းနိုင်ငံသားများ မြဝတီတွင် ကယ်ဆယ်‌ရေးအ‌ထောက်အကူပြုပစ္စည်းများ ‌ပေးအပ်‌နေစဉ်။

ဩဂုတ် ၅ရက်‌နေ့၊ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံသားများ မြဝတီတွင် ကယ်ဆယ်‌ရေးအ‌ထောက်အကူပြုပစ္စည်းများ ‌ပေးအပ်‌နေစဉ်။


လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်‌ကျော်က အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းခဲ့‌သော‌ကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် ‌ရေ‌ဘေး ဒဏ် ဆိုးရွာစွာ ခံစားခဲ့ကြရသည်အတွက် ပြည်သူ ၅ဝနီးပါး ‌သေဆုံးကာ နှစ်သိန်း‌ကျော် ဒုက္ခ‌ရောက်ခဲ့ကြရသည်။ ရခိုင်ပြည်နယ် အပါအဝင် ‌ဒေသအချို့တွင် ‌ရေပြန်ကျသွားခဲ့‌သော်လည်း ‌ရေ‌ဘေးသင့်ပြည်သူများမှာ ‌သောက်‌ရေနှင့် အစားအစာများ ပြတ်လပ် မှုနှင့် ရင်ဆိုင်‌နေရသည်ဟု ကယ်ဆယ်‌ရေးလုပ်‌ဆောင်‌နေသည့် အစိုးရမဟုတ်‌သော အဖွဲ့အစည်းများက ဆိုသည်။

၂၄နှစ်တာ ကာလအတွင်း ဖြစ်ပွားသည့် အဆိုးရွားဆုံး ‌ရေ‌ဘေးဒုက္ခဖြစ်သည့်အတွက် မြန်မာအစိုးရမှ နိုင်ငံတကာသို့ အကူအညီ များ ‌တောင်းခံထားပြီး နိုင်ငံတကာမှ အလှူရှင်များ တိုက်ရိုက်‌လေ‌ကြောင်းဖြင့် လာ‌ရောက်နိုင်ပြီး ‌လေယာဉ်များ ဆင်းသက်နိုင်ရန် မန္တ‌လေးနှင့် ‌နေပြည်‌တော်‌လေဆိပ်များကို ဦးစား‌ပေး ဆင်းသက်ခွင့်ပြုထားသည်။

ထိုင်းနိုင်ငံသားများနည်းတူ ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများနှင့် လူမှု‌ရေးအဖွဲ့အစည်းများကလည်း ‌ရေ‌ဘေးသင့်ပြည်သူ များအတွက် အလှူပစ္စည်းများကို အလှူခံဋ္ဌာနများဖွင့်လှစ်ကာ ‌ကောက်ခံလျှက်ရှိပြီး မကြာမီ ‌ရေ‌ဘေးသင့်‌ဒေသများသို့ ‌ပေးပို့သွား မည်ဖြစ်‌ကြောင်း သိရှိရသည်။