Home သတင်း တနသင်္ာရီတိုင်း ကရင်‌ရေးရာဝန်ကြီး ကြံ့ဖွံ့ပါတီမှ နုတ်ထွက်ကာ KPP ကိုယ်စားပြုအ‌ရွေးခံမည်

တနသင်္ာရီတိုင်း ကရင်‌ရေးရာဝန်ကြီး ကြံ့ဖွံ့ပါတီမှ နုတ်ထွက်ကာ KPP ကိုယ်စားပြုအ‌ရွေးခံမည်

1545

ဩဂုတ် ၂၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

လက်ရှိ တနသင်္ာရီတိုင်း‌ဒေသကြီးကရင်‌ရေးရာဝန်ကြီး ‌စောဟားဗီသည် ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ နုတ်ထွက် ကာ လာမည့် နိုဝင်ဘာ ၈ရက်၊ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ(KPP) ကိုယ်စားပြု အ‌ရွေးခံသွားမည်ဟု ယင်းဝန်ကြီးကိုယ် တိုင် ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ဝန်ကြီး‌စောဟားဗီအ‌နေဖြင့် ယခုလဆန်းပိုင်းအတွင်းက ကြံ့ဖွံ့ပါတီမှ နုတ်ထွက်လိုက်ခြင်းဖြစ်ကာ လာမည့်‌ရွေး‌ကောက်ပွဲတွင် KPP အ‌နေဖြင့် တနသင်္ာရီတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာ၌ ထပ်မံ အ‌ရွေးခံရန် ပြည်‌ထောင်စု‌ရွေး ‌ကောက်ပွဲ‌ကော်မရှင်ထံ အမည်စာရင်းတင်သွင်းထားပြီး ဖြစ်သည်။

ဝန်ကြီး‌စောဟားဗီက “၂၀၁ဝတုန်းက ကြံ့ဖွံ့က ကျ‌နော် ဝင်‌ရွေးပြီး နိုင်ခဲ့တယ်။ အခု တိုင်းဝန်ကြီးချုပ်က အမျိုးသမီးတစ်ဦးကို ဝင်‌ရွေးဖို့ ‌ရွေးချယ်လိုက်‌တော့ ကျ‌နော့်အတွက် ‌နေရာမရှိ‌တော့ဘူး‌ပေါ့။ အခု ဝင်‌ရွေးမဲ့သူနှစ်ဦးရှိတယ်။ ကြည့်လိုက်‌တော့ အားမ ရဘူး။ KPP ကလည်း ‌ပြောထားတာကြာပြီး။ ကြံ့ဖွံ့က လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း အမည်‌ရွေးတဲ့‌နေ့မှာ KPP ဝင်မယ်လို့ စာ‌ရေး‌ပြောထားတာ ရှိတယ်။ သူတို့ အမည်စာရင်းထုတ်ပြန်တဲ့‌နေ့မှာပဲ ဝင်လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် KPP မှ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ၅‌နေရာစလုံး အပါအဝင် ကိုယ်စားလှယ်‌လောင်း ၁၁၉ ဦး ဝင်ပြိုင်ရန် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ စာရင်း‌ပေးထားခဲ့ပြီးဖြစ်သလို ပြည်သူများအ‌နေဖြင့် ပါတီအ‌ပေါ် စိတ် ရှည်နားလည်‌ပေးရန် ‌ပြောဆိုလိုသည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး၏ ကရင်‌ရေးရာဝန်ကြီး‌နေရာဝင်ပြိုင်မည့် ပါတီအ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

“ကရင်‌ရေးရာဝန်ကြီးက တိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဖြစ်‌စေချင်တဲ့အတိုင်း မလုပ်တာ‌လေး‌တွေရှိတယ်။ ဒီ‌တော့ ‌ပြောဆိုလို့ရမယ့် သူကို နာမည်စာရင်းတင်‌တော့ သူ ကျန်ခဲ့တယ်။ လာမဲ့‌ရွေး‌ကောက်ပွဲမှာ ‌ကျေးရွာ‌တွေအထိ မှန်မှန်ကန်ကန် ဖြစ်လာမယ်ဆိုရင် ‌တော့ အခုဝန်ကြီးဘက်က အလားအလာ‌ကောင်းမယ်လို့ ထင်တယ်”ဟု ယင်းတိုင်း‌ဒေသကြီးအစိုးရအဖွဲ့နှင့် နီးစပ်သူ ထားဝယ် မြို့‌ပေါ်တွင် ‌နေထိုင်သည့် အမည်မ‌ဖော်လိုသူတစ်ဦးက ‌ပြောသည်။

ဝန်ကြီး‌စောဟားဗီသည် ပညာ‌ရေးဝန်ကြီးဌာနတွင် ၃၆နှစ်ကြာ တာဝန်ထမ်း‌ဆောင်ခဲ့ဖူးပြီး တနသင်္ာရီတိုင်း၏ ပညာ‌ရေးမှူးတာ ဝန်ဖြင့် အငြိမ်းစားယူခဲ့ကာ ၂၀၁၀‌ရွေး‌ကောက်ပွဲတွင် ကြံ့ဖွံ့ပါတီကိုယ်စားပြုအဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာမှ မဲအနိုင်ရရှိခဲ့ပြီး တနသင်္ာရီတိုင်း‌ဒေသကြီး၏ ကရင်‌ရေးရာဝန်ကြီးဖြစ်လာကာ လက်ရှိအချိန်ထိ တာဝန်ထမ်း‌ဆောင်‌နေသူတစ်ဦး ဖြစ်သည်။