Home သတင်း ဆာသူး‌လေ ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း၌ ကရင်ရိုးရာချည်ဖြူဖွဲ့မဂင်္လာ အစဉ်အလာမပျက် ကျင်းပခဲ့

ဆာသူး‌လေ ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း၌ ကရင်ရိုးရာချည်ဖြူဖွဲ့မဂင်္လာ အစဉ်အလာမပျက် ကျင်းပခဲ့

2248

ဩဂုတ် ၂၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ဆာသူး‌လေ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း၌ ‌ကျောင်းသားမိဘများနှင့် ‌ကျောင်းသူ ‌ကျောင်းသားများ စု‌ပေါင်း၍ ယ‌နေ့ဩဂုတ် ၂၂ရက်‌နေ့တွင် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မဂင်္လာပွဲကို အစဉ်အလာမပျက် ပြုလုပ်ကျင်းပ ခဲ့ကြသည်။

ဦး‌ဆောင်ကျင်းပသူ ဆရာ‌စောဖိုး‌စေး‌စေးက “‌ကျောင်းသူ‌ကျောင်းသား‌တွေအ‌နေနဲ့ ကိုယ့်ရိုးရာလက်ချည်ပွဲကို မ‌မေ့မ‌လျော့ဖို့၊ လက်ချည်ပွဲဆိုတာ ဘယ်ဘာသာနဲ့မှ မသက်ဆိုင်ဘူး။ ကရင်လူမျိုး‌တွေရဲ့ အမျိုးသားလက္ခဏာကို ‌ဖော်ညွှန်းတဲ့ ရိုးရာပွဲတစ်ခုပဲ ဖြစ်တယ်ဆိုတာ သိ‌စေချင်လို့ ကျင်းပပြုလုပ်တာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောင်းသူ‌ကျောင်းများနှင့် ‌ကျောင်းသားမိဘများ ၃၀ဝခန့် တက်‌ရောက်သည့် ၎င်းချည်ဖြူဖွဲ့ပွဲတွင် ကရင်အမျိုးသား အလံ‌တော် အ‌လေးပြုခြင်းနှင့် ကရင်အမျိုးသားသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဝါ‌ခေါင်လ ချည်ဖြူဖွဲ့ မဂင်္လာပွဲအ‌ကြောင်း၊ လိပ်ပြာ‌ခေါ် ခြင်း၊ လက်ချည်မဂင်္လာပြုခြင်းတို့အပြင် ‌ခေတ်သစ်‌ခေတ်‌ဟောင်း‌တေးသီချင်းနှင့် ကရင်ရိုးရာအကများဖြင့် နံနက် ၉နာရီမှ ၁၁နာရီအထိ ‌ကျောင်းသူ‌ကျောင်းသားများက ‌ဖျော်‌ဖြေခဲ့ကြသည်။
IMG_9467
ချည်ဖြူဖွဲ့ အခမ်းအနား တက်‌ရောက်သူ ‌စောမိုးဝင်းက “လက်ချည်ပွဲဆိုတာ ကရင်အမျိုးသား‌တွေ ပြန်လည်ဆုံဆည်းနိုင်ဖို့ ‌နေ့ တစ်‌နေ့ဖြစ်တဲ့အတွက် အင်မတန်မှ အ‌ရေးကြီးပါတယ်။ ကျ‌နော်တို့ အမျိုးသား‌တွေ တကွဲတပြားဖြစ်‌နေတဲ့ အချိန်မျိုးမှာ‌ပေါ့။ ကျ‌နော်တို့ ကရင်လူမျိုး‌တွေ ဆုံဆည်းနိုင်ဖို့ နှစ်တိုင်းကျင်းပရမယ်။”ဟု ‌ပြောသည်။

ယခုလ ဝါ‌ခေါင်လအတွင်း မ‌ကောင်းဆိုးဝါးများ ‌ပျော်မြူးသည့်လဖြစ်သည်ဟု ‌ရှေးကရင်များက ယုံကြည်ကြကာ ၎င်းမ‌ကောင်း ဆိုးဝါး ‌ဘေးရန်ကို လွတ်ကင်းရန် ချည်ဖြူ၊ ‌ရေ၊ ထမင်းဆုပ်၊ ‌ကောက်ညှင်းဖင်ချွန်နှင့် ကြံ စသည့် အ‌ဆောင်အ‌ယောင်ပစ္စည်း (၇)မျိုးဖြင့် လိပ်ပြာ‌ခေါ်ရာခဲ့မှ ဝါ‌ခေါင်လ ချည်ဖြူဖွဲ့ မဂင်္လာ ဖြစ်‌ပေါ်လာခြင်းဖြစ်သည်။

မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းဖြစ်‌သော ဆာသူး‌လေပညာ‌ရေး ‌ကျောင်းတွင် ကရင်ရိုးရာလက်ချည်ပွဲကို နှစ်စဉ်ကျင်းပခဲ့ပြီး ယခုနှစ်မှာ ၉ကြိမ်‌မြောက် ရှိပြီဖြစ်သည်။