Home သတင်း ကရင်ပြည်နယ် NLD ဒုဥက္ကဌ ပါတီမှနုတ်ထွက်ကာ KNP ကိုယ်စားပြု အ‌ရွေးခံမည်

ကရင်ပြည်နယ် NLD ဒုဥက္ကဌ ပါတီမှနုတ်ထွက်ကာ KNP ကိုယ်စားပြု အ‌ရွေးခံမည်

1562

ဩဂုတ် ၂ဝ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ဒုဥက္ကဌ‌စောဖိုးဝါးနှင့် ဖားအံခရိုင်အလုပ်မှု‌ဆောင် ‌ကော်မတီဝင် ‌စောကလူ‌ထောတို ့ယင်းပါတီမှနုတ်ထွက်လိုက်ပြီး လာမည့်‌ရွေး‌ကောက်ပွဲတွင် ကရင်အမျိုးသား ပါတီ (KNP) ကိုယ်စားပြုအ‌ရွေးခံသွားမည် ဖြစ်သည်ဟု ဆိုင်ရာတာဝန်ရှိသူများက ‌ကေအိုင်စီသို ့‌ပြောသည်။

“ ကျ‌နော်တို ့ကရင်ပြည်နယ် NLD ဒုဥက္ကဌနဲ ့ ဖားအံခရိုင်အလုပ်အမှု‌ဆောင်တစ်ဦး တို ့ပါတီက‌နေနုတ်ထွက် သွားပါတယ်။ ဒီကိစ္စနဲ ့ပတ်သက်ပြီး‌တော့ ဘာမှမ‌ပြောလိုပါဘူး ” ဟု NLD ကရင်ပြည်နယ် အလုပ်မှု‌ဆောင် အဖွဲ့အတွင်း‌ရေးမှူး ဦးမင်းချစ်ထွန်းက ‌ကေအိုင်စီသို ့ဩဂုတ် ၁၇ ရက်‌နေ ့တွင်‌ပြောသည်။

ပြည်နယ် NLD မှနုတ်ထွက်လိုက်သူ ‌စောဖိုးဝါးနှင့် ‌စောကလူ‌ထောတို့သည့် လာမည့်‌ရွေး‌ကောက်ပွဲတွင် ကရင်အမျိုးသားပါတီကိုယ်စားပြုကာ ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်‌တော် အမှတ် ၁ နှင့် ၂ မဲဆန္ဒနယ်‌မြေအသီးသီးတွင် ဝင်‌ရောက်ယှဉ်ပြိုင်ရန် ဆိုင်ရာ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံ စာရင်းတင်ထား ပြီးဖြစ်သည်ဟု KNP ပါတီ ‌ခေါင်း‌ဆောင်တစ်ဦးက ‌ကေအိုင်စီသို ့‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သံ‌တောင်ကြီးမြို့နယ် NLD ဥက္ကဌ ‌နော်ခရစ္စထွန်းက “ကိုယ့်ကရင်ဒီမိုက‌ရေစီ အင်အားစုက ကိုယ့်မြို့နယ်ထဲမှာလာ‌ရောက်ယှဉ်ပြိုင်တာကို ကြိုဆိုရမှာ‌ပေါ့ ” ဟု မှတ်ချက်ပြု‌ပြောဆိုသည်။

ထို ့အပြင့် ဒီမိုက‌ရေစီအင်အားစုများအ‌နေဖြင့် အာဏာရှင်စနစ်ကိုဆန့်ကျင်ရုံဖြင့် မပြီး‌သေးသလို တိုင်းရင်းသား အ‌ရေးကိုပါ နားလည်သ‌ဘော‌ပေါက်ရန်လိုကာ ဒီမိုက‌ရေစီ‌အောင်မြင်ရန် ဖက်ဒရယ်စနစ်လိုအပ်သည်ဟု တိုင်းရင်းသားပါတီ အများစုက ခံယူထားသည့်အတွက် ယခုလို ပါတီကြီးတစ်ခုမှနုတ်ထွက်ကာ မိမိတို့ ပါတီသို ့ ဝင်‌ရောက်လာသည့်အတွက် လှိုက်လှိုက်လဲလဲ ကြိုဆို‌ကြောင်း KNP ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က ‌ပြောသည်။

ယခုကဲ့သို ့ပြည်နယ် NLD ပါတီ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ နုတ်ထွက်သွားခြင်းသည် ပါတီ၏ ကိုယ်စားလှယ် ‌လောင်း‌ရွေးချယ်‌ပေးမှုအ‌ပေါ် အမြင်မတူသည့် အတွက်ဖြစ်နိုင်‌ကြောင်း ပြည်နယ် NLD ပါတီဝင်များက သုံး သတ်‌ပြောဆို‌နေ‌သော်လည်း ကာယံကံရှင်များကမူ လက်ရှိအချိန်တွင် မည်သည့်အတွက်‌ကြောင့် ဖြစ်သည်ကို ‌ပြောဆိုလိုခြင်းမရှိဟု ‌ကေအိုင်စီသို ့‌ပြောသည်။

လာမည့်‌ရွေး‌ကောက်ပွဲဝင်မည့် ကိုယ်စားလှယ်‌လောင်းများ စာရင်းကို NLD ကထုတ်ပြန်လိုက်ပြီး‌နောက်ပိုင်း ပါတီတွင်း အငြင်းပွားမှုများဖြစ်‌ပေါ်ခဲ့ကာ NLD အ‌နေဖြင့် တချို့ပါတီဝင်များကို ထုတ်ပယ်ခြင်းများရှိသလို၊ နုတ်ထွက်သွားသူ များလည်းရှိ‌ကြောင်း NLD ပါတီဝင်များထံမှ သိရသည်။