Home သတင်း NCA မူကြမ်းပါ လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်းခြင်းကိစ္စ အပါအဝင်အချက်အချို့ သ‌ဘောတူညီမှုမရ

NCA မူကြမ်းပါ လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်းခြင်းကိစ္စ အပါအဝင်အချက်အချို့ သ‌ဘောတူညီမှုမရ

1589

ဇူလိုင် ၂၄ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

တုိုင်းရင်းသားလက်နက်ကုိုင်အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်ရပ်‌ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်း‌ရေးကုိုယ် စားလှယ်အဖွဲ့(EAOs-SD)နှင့် ပြည်‌ထောင်စုုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုုပ်ငန်း‌ကော်မတီ(UPWC)တို့ NCA မူကြမ်း အ‌ချောသတ်နိုင်‌ရေးအတွက် ရန်ကုန်မြို့၌ ၈ကြိမ်‌မြောက်‌ဆွေး‌နွေးပွဲ ပြီးစီးသွား‌သော်လည်း အချက် အချို့ နှစ်ဖက်သ‌ဘောတူညီမှုမရရှိ‌သေးဟု EAOs-SD ဘက်က ‌ပြောသည်။

EAOs-SD နှင့် UPWC တို့ တနိုင်ငံလုုံးဆိုင်ရာအပစ်ရပ် စာချုပ် (NCA) မူကြမ်း အ‌ချောသတ်နိုင်‌ရေးအတွက် ဇူလိုင် ၂၂ မှ ၂၄ ရက်‌နေ ့ထိ ရန်ကုန်မြို့၊ ‌ရွှေလီလမ်း၊ မြန်မာငြိမ်းချမ်း‌ရေးနှင့် ပြန်လည်ထူ‌ထောင်း‌ရေးဗဟိုဌာန၌ ၈ ကြိမ်‌မြောက်‌ဆွေး‌နွေးပွဲကျင်းပခဲ့ပြီး တိုင်းရင်းသားများ အဆိုပြုထားသည့် အချက် ၁၃ ချက်အနက် ၁ဝ ချက် ကိုသာသ‌ဘောတူညီခဲ့ပြီး ကျန်အချက်များကို နှစ်ဖက် ‌ခေါင်း‌ဆောင်များထံ ပြန်လည်ညှိနှို်င်း ‌ဆွေး‌နွေး သွားမည် ဖြစ်သည်ဟု ‌ဆွေး‌နွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တာဝန်ရှိသူများက အခုလို‌ပြောသည်။

“ NCA ထဲမှာ ကျ‌နော်တို ့အဓိက ကျန်တာက‌တော့ လုံခြုံ‌ရေးဆိုင်ရာပြန်လည်‌ပေါင်းစည်းခြင်းလို ့‌ခေါ်တဲ့ SSR-DDR ကိစ္စဖြစ်ပါတယ်။ ‌ပြေလည်သွားတာ‌တော့ မဟုတ်‌သေးဘူး၊ ဒီကိစ္စကို ကျ‌နော်တို ့NCCT ‌ခေါင်း‌ဆောင် ‌တွေစုတဲ့ Compound Cenrter ကို ယူသွားပြီး‌တော့ ‌ဆွေး‌နွေးရဦးမှာဖြစ်ပါတယ်” ဟု EAOs-SD ဒုအဖွဲ့ ‌ခေါင်း‌ဆောင် ပူဇင်ကျုံးက ‌ကေအိုင်စီ သို ့‌ပြောသည်။

ထို့အပြင် NCA အတွက် တိုင်းရင်းသားအ‌နေဖြင့်အစိုးရနှင့် စတင်‌ဆွေး‌နွေးစဉ်ကတည်းက တိုင်းရင်းသား အဖွဲ့များအားလုံး ပါဝင်‌ရေးမူကို ကိုင်စွဲခဲ့‌သော်လည်း NCCT အဖွဲ့များအားလုံးအပစ်ရပ် စာချုပ်တွင်ပါဝင်လက် မှတ်‌ရေးထိုး‌ရေးကို အစိုးရအ‌နေဖြင့် လက်မခံ‌သေးသလို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကြမှသာ အားလုံးပါဝင်‌ရေးနည်း လမ်းကိုစဉ်းစားမည်ဟု အဆိုပြုလာပြီး ယင်းအချက်ကိုလည်း နှစ်ဖက် ‌ခေါင်း‌ဆောင်များနှင့် ညှိနှိုင်းကာ ပြန်လည်‌ဆွေးရဦးမည်ဟု ပူဇင်ကျုံးက ဆက်‌ပြောသည်။

လက်ရှိ‌ဆွေး‌နွေးပွဲ အ‌ခြေအ‌နေနှင့်ပက်သက်၍ MPC မှ ဦးလှ‌မောင်‌ရွှေက “ ‌လောခီးလာက တင်ပြထားတဲ့ ၁၃ ချက်ထဲက ၁ဝ ချက်က‌တော့ ညှိနှိုင်းပြီးသားဖြစ်သွားပါပြီး။ နှစ်ချက်ကလည်း နှစ်ဖက် ‌ခေါင်း‌ဆောင်‌တွေကို အတည်ပြုချက်ယူ ရမှာဖြစ်သလို တစ်ချက်က‌တော့ နှစ်ဖက်‌ခေါင်း‌ဆောင်‌တွေဆီမှာ တင်ပြပြီး‌တော့ညှိနှိုင်း ရမှာဖြစ်တဲ့အတွက် လာမဲ့ အစည်းအ‌ဝေးက အဲ့တချက်ထဲပဲညှိနှိုင်းရမယ်လို ့လည်း‌ပြောလို့ရတယ် ” ဟု အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ‌ပြောသည်။

အထက်ပါ သ‌ဘောတူညီမှုမရ‌သေးသည့် အချက်များကို ဆိုင်ရာ နှစ်ဖက်‌ခေါင်း‌ဆောင်များထံ ပြန်လည်ညှိနှိုင်း ‌ဆွေး‌နွေးကာ EAOs-SD နှင့် UPWC တို့လာမည့် ဩဂုတ်လဆန်းပိုင်းတွင် ရန်ကုန်မြို့၌ ထပ်မံ‌တွေ့ဆုံ‌ဆွေး‌နွေး သွားမည်ဖြစ်ကာ ယင်း‌ဆွေး‌နွေးပွဲသည် NCA အ‌ချောသတ်နိုင်ရန် အဓိက ‌ဆွေး‌နွေးပွဲဖြစ်လာနိုင်သည်ဟု နှစ်ဖက် တာဝန်ရှိသူများကဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့ကိုယ်စားလှယ်များနှင့် အစိုးရတို ့၁၇ လကြာတရားဝင်‌ဆွေး ‌နွေးပွဲ ၈ ကြိမ်ပြုလုပ်ခဲ့ပြီး အလွတ်သ‌ဘော အကြိမ် ၄ဝ ‌ဆွေး‌နွေးခဲ့ပြီး‌နောက် NCA မူကြမ်းအတွက် အချက်အများစု သ‌ဘောတူညီမှုရရှိထားကာ ကျန်ရှိသည့် အဓိက အချက်အချိုု့ ဩဂုတ်လဆန်းပြုလုပ် ၉ ကြိမ်‌မြောက်အစည်းအ‌ဝေးတွင် ဆက်လက်‌ဆွေး‌နွေးသွားမည်‌ကြောင်း သိရသည်။