Home သတင်း NCA မူကြမ်းပါအချက်များကိုသာ ‌ဆွေး‌နွေးသည်ဟု EAOs-SD ‌ပြောဆို

NCA မူကြမ်းပါအချက်များကိုသာ ‌ဆွေး‌နွေးသည်ဟု EAOs-SD ‌ပြောဆို

1883

ဇူလိုင် ၂၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးစာချုပ်(NCA) အ‌ချောသတ်နိုင်‌ရေးအတွက် တိုင်းရင်းသားများနှင့် အစိုးရတို့ ရန်ကုန်မြို့၊ ‌ရွှေလီ လမ်းရှိ မြန်မာငြိမ်းချမ်း‌ရေးနှင့် ပြန်လည်ထူ‌ထောင်‌ရေးဗဟိုဌာန(MPC)၌ လက်ရှိ‌ဆွေး‌နွေးရာတွင် NCA မူကြမ်းပါအချက်များကို သာ ‌ဆွေး‌နွေး‌နေခြင်းဖြစ်ပြီး အချက်သစ်များမဟုတ်ဟု တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ အဆင့်မြင့်ကိုယ် စားလှယ်အဖွဲ့ (EAOs SD)က ယ‌နေ့ ‌ပြောဆိုလိုက်သည်။

ယ‌နေ့ စတင်သည့် EAOs-SD နှင့် အစိုးရ၏ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ (UPWC)တို့၏ ၈ကြိမ် ‌မြောက် ‌ဆွေး‌နွေးပွဲတွင် EAOs-SD အဖွဲ့‌ခေါင်း‌ဆောင် ပဒို‌နော်စီဖိုးရာစိန်က “စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို တည်‌ဆောက်ဖို့အတွက် တစ်ပြည်လုံး အပစ်အခတ်ရပ်စဲ‌ရေးဟာ အ‌ရေးကြီးသလို ကျမတို့ တိုင်းရင်းသား‌တွေအားလုံးအတွက် နိုင်ငံ‌ရေးအာမခံရှိတဲ့ NCA ဖြစ်ဖို့ကလည်း အ‌ရေးကြီးပါတယ်။ NAC မူကြမ်းအ‌ပေါ်မှာ ကျမတို့‌ဆွေး‌နွေးဖို့ အချက်အလက်ဟာ ‌နောက်ထပ် အသစ်ထည့်ဖို့ အချက်အလက်‌တွေ မဟုတ်ပါဘူး။ ယခင်က ‌ဆွေး‌နွေးပွဲ‌တွေအထဲမှာ ပါရှိပြီးသားအချက်‌တွေ ဖြစ်တယ်”ဟု အဖွင့်အမှာစကား ‌ပြောကြားခဲ့သည်။

အလားတူ UPWC ဒုဥက္ကဋ္ဌ ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်းကလည်း ယ‌နေ့ ‌ဆွေး‌နွေးပွဲတွင် နှစ်ဖက်စလုံး ‌ကျော်လွှားရမည့် အဓိကအချက် ၂ချက်ရှိပြီး ‌လော်ခီးလာညီလာခံမှ ပြင်ဆင်အဆိုပြုထားသည့် အချက်များကို ပြီးပြတ်သွား‌အောင် ‌ဆွေး‌နွေးသွား ရန်နှင့် အားလုံးပါဝင်နိုင်‌ရေး အဆိုပြုချက်ကို ပါဝင်သင့်သည့်အဖွဲ့များ ပါဝင်နိုင်‌ရေးနည်းလမ်းကို ညှိနှိုင်း‌ဆွေး‌နွေးသွားရမည်ဖြစ် ‌ကြောင်း ‌ပြောကြားခဲ့သည်။

“‌လော်ခီးလာမှာ ထွက်‌ပေါ်လာတဲ့ ပြင်ဆင်ရန်ဆိုတဲ့ တချို့အချက်‌တွေရဲ့‌နောက်ကွယ်က တိုင်းရင်းသား‌တွေရဲ့ စိုးရိမ်မှု‌တွေကို ကျ‌နော်တို ့နားလည်ပါတယ်။ ဒါ‌တွေကို ‌လျှော့ချ‌စေဖို ့ကျ‌နော်တို့ဖက်က ထပ်မံရှင်းပြလိုတဲ့ဆန္ဒ ရှိပါတယ်။ တစ်ချို့အချက်‌တွေက လည်း ထိဖို့ တို့ဖို့၊ ပြင်ဆင်ဖို့ အခက်အခဲများစွာ ရှိပါတယ်။ ဒါ‌ပေမဲ့ NCA စာချုပ် စဆုံးဖို့အတွက် လိုအပ်တာ‌တွေကို ပြင်ဆင် သွားဖို့ ကျ‌နော်တို့ ‌ဆောင်ရွက်သွားနိုင်ပါတယ်”ဟု ဝန်ကြီး ဦး‌အောင်မင်းက ဆိုသည်။

ယ‌နေ ့စတင်ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲသို ့EAOs-SD အဖွဲ့‌ခေါင်း‌ဆောင် ပဒို‌နော်စီဖိုးရာစိန်၊ ဒုတိယ အဖွဲ့‌ခေါင်း‌ဆောင်များဖြစ်ကြ သည့် ‌ဒေါက်တာလဂျာ၊ ပူးဇင်ကျုံးတို့ ဦး‌ဆောင်‌သော ကိုယ်စားလှယ် ၁၅ဦးပါအဖွဲ့နှင့် UPWC ဒုဥက္ကဋ္ဌ ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်မင်း၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦးသိန်း‌ဇော်၊ ဒုဗိုလ်ချုပ်ကြီးမြင့်စိုးတို့ဦး‌ဆောင်သည့် အစိုးရကိုယ်စားလှယ်များ၊ နှစ်ဖက် ကူညီပံ့ပိုးသည့်အဖွဲ့များ ပါဝင်တက်‌ရောက်လျှက်ရှိ‌ကြောင်း သိရသည်။

အဆိုပါ ‌ဆွေး‌နွေးပွဲကို ဇူလိုင် ၂၂ရက်မှ ၂၃ရက်‌နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်ရပ်‌ရေးစာချုပ်ပါ အချက်အ လက်၊ အသိသက်‌သေများနှင့် လက်မှတ်‌ရေးထိုးရမည့်သူများ၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲ‌ရေးစာချုပ်တွင် အားလုံးပါဝင် လက်မှတ် ‌ရေးထိုးနိုင်‌ရေး၊ အ‌ထွေ‌ထွေ ကိစ္စရပ်များကို ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း ‌ဆွေး‌နွေးပွဲအစီအစဉ်အရ သိရသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်‌ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များနှင့် အစိုးရတို့ ၁၇လ ‌ကျော်ကြာ ‌ဆွေး‌နွေးခဲ့ကြသည့်အနက် ယခုတစ်ကြိမ် အပါအဝင် တရားဝင် ၈ကြိမ်နှင့် အလွတ်သ‌ဘော ‌ဆွေး‌နွေးမှုအကြိမ် ၄ဝ ရှိပြီဖြစ်‌ကြောင်း ၎င်းတို့ပြုစုထားသည့် စာရင်းများအရ သိရသည်။