Home ထိပ်တန်းသတင်း NCA တွင် NCCT အဖွဲ့ဝင်များ ပါဝင်လက်မှတ်‌ရေးထိုးနိုင်‌ရေး မူအတိုင်း SD ဆက်သွားမည်

NCA တွင် NCCT အဖွဲ့ဝင်များ ပါဝင်လက်မှတ်‌ရေးထိုးနိုင်‌ရေး မူအတိုင်း SD ဆက်သွားမည်

1848

ဇူလိုင် ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

NCA လက်မှတ်‌ရေးထိုးရာတွင် တိုင်းရင်းလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း ‌ရေးအဖွဲ့-NCCT အဖွဲ့ဝင်များ အားလုံး ပါဝင်နိုင်‌ရေးမူအတိုင်းသာ အဆင့်မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့-SD က ဆက်လက် ‌ဆွေး‌နွေးသွားမည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း များ၏ ထိပ်သီး‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေးက ဆုံးဖြတ်လိုက်သည်။

ဇူလိုင်လ ၂၆ရက်မှ ဇူလိုင်လ ၂၉ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါအစည်းအ‌ဝေး၌ SD နှင့် UPWC တို့ ရန်ကုန်မြို့တွင် ‌တွေ့ဆုံ ညှိနှိုင်းခဲ့သည့် မူအရ သ‌ဘောတူညီချက်များကို SD ၏ တင်ပြမှုကို ထိပ်သီး‌ခေါင်း‌ဆောင်များက ပြန်လည်အတည်ပြုကာ သ‌ဘောတူညီမှု မရခဲ့သည့် အချက်သုံးချက်ကို ပြန်လည်‌ဆွေး‌နွေးကာ ထိပ်သီ‌ခေါင်း‌ဆောင်များ၏ လမ်းညွန်မှုအတိုင်း SD က ဆက်လက်‌ဆွေး‌နွေးသွားရဖြစ်‌ကြောင်း NCCT ဒုတိယ‌ခေါင်း‌ဆောင် ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ညှိနှိုင်းလို့မရ‌သေးတဲ့ အားလုံးပါဝင်နိုင်‌ရေးရယ်၊ နိုင်ငံတကာ အသိသက်‌သေနဲ့ စာချုပ်လက်မှတ်‌ရေးထိုးမယ့် ပုဂ္ဂိုလ် စတဲ့အချက်‌တွေကို ထိပ်သီး‌ခေါင်း‌ဆောင်‌တွေကို တင်ပြပြီး‌တော့ ဆက်လက်ညှိနှိုင်းမှု‌တွေမှာ ထွက်ရှိလာမဲ့ ညှိနှိုင်းမှု ရလဒ်‌တွေကို ထိပ်သီး‌ခေါင်း‌ဆောင်‌တွေက သ‌ဘောတူလက်ခံသွားဖို့ ရှိတယ်”ဟုလည်း ဆက်‌ပြောသည်။

NCA လက်မှတ်‌ရေးထိုးရာတွင် အသိသက်‌သေများ ပါဝင်‌ရေးအတွက် တိုင်းရင်းသားများဘက်က လိုင်ဇာအစည်းအ‌ဝေး၏ အဆို ပြုချက်အတိုင်း ဥ‌ရောပသမဂ္ဂ(EU)၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ(UN) အဖွဲ့အစည်းများနှင့် အ‌မေရိကန်၊ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ UK၊ ‌နော်‌ဝေး၊ ထိုင်း စသည့်နိုင်ငံမှ အသိသက်‌သေများ၊ နိုင်ငံ‌ရေးပါတီ အင်အားစုများ ပါဝင်‌ရေး မူအတိုင်း ဆက်သွားမည်ဟု တိုင်းရင်းသား‌ခေါင်း‌ဆောင်များက ‌ပြောဆိုသည်။

ထို့အပြင် လက်မှတ်‌ရေးထိုးမည့် ပုဂ္ဂိုလ်များတွင် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသူ များ၊ စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အစိုးရဘက်မှ နိုင်ငံ၏ ဆုံးဖြတ်ပိုင်ခွင့်‌ပေးနိုင်သည့် သမ္မတ၊ ဒုသမ္မတနှင့် တပ်မ‌တော်၏ ထိပ်တန်းအရာရှိကြီးများပါ ပါဝင်လက်မှတ်‌ရေးထိုးရန် တိုင်းရင်းသားများဘက်မှ သ‌ဘောဆန္ဒရှိသည်ဟု NCCT အဖွဲ့‌ခေါင်း‌ဆောင် နိုင်ဟံသာက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဩဂုတ်လ ပထမအပတ်တွင် တစ်နိုင်ငံလုံး အပစ်ရပ်‌ရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်း‌ရေး ကိုယ်စားလှယ်အဖွဲ့ (EAOs-SD) နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ(UPWC)တို့ ထပ်မံ ‌တွေ့ဆုံသွားရန်ရှိပြီး အစိုးရဘက်က အဆိုပါ ‌တွေ့ဆုံမှုကို ‌နောက်ဆုံးအပြီးသတ် ‌ဆွေး‌နွေးမှုဖြစ်ရန် ဆန္ဒရှိသည်ဟု သိရသည်။