Home သတင်း NCA စာချုပ်အတွက် အချက် ၄ချက် အဓိကထား‌ဆွေး‌နွေးမည်ဟု EAOs ‌ပြောဆို

NCA စာချုပ်အတွက် အချက် ၄ချက် အဓိကထား‌ဆွေး‌နွေးမည်ဟု EAOs ‌ပြောဆို

1930

ဇူလိုင် ၂ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ရန်ုကုန်မြို့ရှိ MPC ၌ ဇူလိုင်လ ၂၂ရက်‌နေ့တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များ၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့(EAOs SD)နှင့် အစိုးရ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်း‌ကော်မတီ (UPWC)တို့၏ အပစ်ရပ် စာချုပ်‌ဆွေး‌နွေးပွဲ၌ အချက် ၄ချက်ကို အဓိကထား‌ဆွေး‌နွေးသွားမည်ဟု တိုင်းရင်းသားများဘက်က ဇူလိုင်လ ၁၈ရက်‌နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါအချက် ၄ချက်မှာ ‌လော်ခီးလာအစည်အ‌ဝေးမှ ပြင်ဆင်သည့် အပစ်ရပ်စာချုပ် (မူကြမ်း) ါ အချက်များအပြင် လက်မှတ် ‌ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ လက်မှတ်‌ရေးထိုးမှုတွင် နိုင်ငံတကာနှင့် ပြည်တွင်းအသိ သက်‌သေများနှင့် အားလုံးပါဝင်သည့် အပစ်အ ခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်ဖြစ်ရန် စသည့်အချက်များဖြစ်သည်ဟု EAOs ၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ SD ၏ ဒုတိယအဖွဲ့‌ခေါင်း‌ဆောင်တစ်ဦးဖြစ်သူ ပူးဇင်ကျုံးက “‌လော်ခီးလာအစည်းအ‌ဝေး ဆုံးဖြတ် ချက် ၁၂ချက်နဲ့ မ‌ဆွေး‌နွေးဖြစ်ခဲ့‌သေးတဲ့ အချက် ၃ချက်ကို ‌ဆွေး‌နွေးမှာဖြစ်ပါတယ်။ ဒီဟာ‌တွေအားလုံးကို အစိုးရဘက်ကလည်း ပဲ လမ်းဖွင့်ပြီး‌တော့မှ ‌ဆွေး‌နွေးရမယ့် အ‌နေအထားမျိုးရှိတယ်လို့ ကျ‌နော်တို့ ယူဆထားတယ်။ ‌ဆွေး‌နွေးပွဲမှာလည်းပဲ ‌အောင်မြင် လိမ့်မယ်လို့ ‌မျှော်လင့်ပါတယ်״ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

‌လော်ခီးလာတိုင်းရင်းသားထိပ်သီး‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေး၌ ပြင်ဆင်လိုက်သည့် NCA စာချုပ် (မူကြမ်း)ပါ အချက် ၁၂ ချက်တွင် လုံခြုံ‌ရေးဆိုင်ရာကိစ္စများ ပြန်လည်‌ပေါင်းစည်းခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာကိစ္စများ၊ နိုင်ငံ‌ရေးလမ်းပြ‌မြေ ပုံချမှတ်ခြင်း၊ ‌မြေယာနှင့် သယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများနှင့် စာချုပ်၏မူများ ပါဝင်သည်ဟု သိရသည်။

၎င်းအပစ်ရပ်စာချုပ်(မူကြမ်း) အ‌ချောသတ်‌ရေး ညှိနှိုင်း‌ဆွေး‌နွေးပွဲသို့ ပဒို‌နော်စီဖိုးရာစိန် ဦး‌ဆောင်သည့် တိုင်းရင်းသားအဆင်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင် (၁၅)ဦးတက်‌ရောက်မည်ဖြစ်သကဲ့သို့ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေး လုပ်ငန်း‌ကော်မတီ ဘက်မှ ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦး‌အောင်မင်း ဦး‌ဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့တို့ တက်‌ရောက်‌ဆွေး‌နွေးကြမည်ဖြစ် သည်။

လာမည့် ‌ဆွေး‌နွေးမှုအ‌ပေါ် တိုင်းရင်းသားအဆင့်မြင့်အဖွဲ့‌ခေါင်း‌ဆောင်လည်းဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ ဖြစ်သူ ပဒို‌နော်စီဖိုးရာစိန်က“ ဒီ‌ဆွေး‌နွေးပွဲမှာ တဆင့်ချင်းတဆင့်ချင်း ‌ဆွေး‌နွေးပြီး NCA ကို တက်လှမ်းနိုင်တဲ့အထိ ကျမတို့ ‌မျှော် လင့်ထားပါတယ်။ အစိုးရဘက်လည်း NCA ဖြစ်‌မြောက်လာဖို့ ‌ဆွေး‌နွေးလိမ့်မယ်လို့ ‌မျှော်လင့်ပါတယ် ״ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်းထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့(EAOs)ကို ဇွန်လ ၂ရက်‌နေ့မှ ၉ရက်‌နေ့အထိ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ(‌လော်ခီးလာ)၌ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အ စည်းများ၏ ထိပ်သီးအစည်းအ‌ဝေးဆုံးဖြတ်ချက်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ်(မူကြမ်း)ကို ၂၀၁၅ခုနှစ် မတ်လ ၃၁ရက်‌နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့ (NCCT)နှင့် အစိုးရ UPWC တို့ သ‌ဘောတူလက်မှတ်‌ရေးထိုးခဲ့ကြပြီး ထပ်မံဖြည့်စွက်မှုများကို တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အ‌နေဖြင့် ပထမဆုံး အကြိမ် သွား‌ရောက်‌ဆွေး‌နွေးမည်ဖြစ်သည်။