Home သတင်း KNU အပါအဝင် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းအဖွဲ့နှင့် ‌စောဆန်း‌အောင်အဖွဲ့ ပစ်ခတ်မှုဖြစ်ပွား

KNU အပါအဝင် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းအဖွဲ့နှင့် ‌စောဆန်း‌အောင်အဖွဲ့ ပစ်ခတ်မှုဖြစ်ပွား

2268

ဇူလိုင် ၂၄ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆ နယ်‌မြေ၊ ‌ကော့ကရိတ်မြို့နယ် ၊တာအူထာ့ရွာ နှင့် ‌ကော့ဆိုင်ရွာကြားရှိ ထီးဖိုးဝါးကလု ‌နေရာတွင် ဇူလိုင် ၂၃ ရက်၊ နံနက် ၇ နာရီခွဲခန် ့တွင် နယ် ‌မြေခံ KNLA တပ်ဖွဲ့အပါအဝင် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းအဖွဲ့နှင့် ‌စောဆန်း‌အောင်တပ်ဖွဲ့တို ့ ထိ‌တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်ဟု ဒီ‌ကေဘီ‌အေ ဖက်က ‌ကေအိုင်စီသို ့ ‌ပြောသည်။

“ ‌ကော့ကရိတ်မြို့နယ်‌ကောအူထရွာနဲ ့‌ကော့ဆိုင်ရွာအကြား ထီးဖိုးဝါးကလု‌နေရာမှာ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပါတယ်။ ဗိုလ်မှူးကြီး‌စောဆန်း‌အောင်အဖွဲ့က နယ်‌မြေ‌ကျော်ပြီး ဝင်‌ရောက်လာလို ့ အချင်း ချင်း နားလည်မှုလွဲကာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်တယ်” ဟု အမည်မ‌ဖော်လိုသည့် ဒီ‌ကေဘီ‌အေ အရာရှိ တစ်ဦးက ဇူလိုင် ၂၄ ရက်‌နေ ့တွင် အတည်ပြု ‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် နယ်‌မြေအ‌ခြေစိုက် လှုပ်ရှား‌နေသည့် KNU တပ်မဟာ (၆)လက်‌အောက်ခံ KNLA အထူးစစ်‌ကြောင်းမှ တပ်ဖွဲ့ဝင် အချို့အပါအဝင် ဒီမိုက‌ရေစီအကျိုးပြု ကရင့် တပ်မ‌တော် (DKBA) ကလိုထူး‌ဘောလက်‌အောက်ခံ တပ်ရင်း (၉၀၈)၊ (၉၀၉)မှ တပ်ဖွဲ့ ဝင်အချို့ နှင့် မကြာ ‌သေးခင် ရက်ပိုင်းအတွင်းက ဒီ‌ကေဘီ‌အေမှ ထုတ်ပယ်လိုက်သည့် ဗိုလ်မှူးကြီး ‌စောဆန်း‌အောင် ဦး‌ဆောင်သည့် အင်အား ၅ဝ ‌ကျော်တို့ ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ထို ့အပြင် ဇူလိုင် ၂၃ ရက်‌နေ့နံနက် ၇ နာရီ ၄ဝ အချိန်မှစတင်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခဏအကြာတွင် KNLA
အထူးစစ်‌ကြောင်းမှတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာသွား‌သော်လည်း နံနက် ၁၁ နာရီအထိ အထက်ပါ ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များနှင့် ‌စောဆန်း‌အောင်တို ့အဖွဲ့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုင်ရာအဖွဲ့အစည်းတာဝန်ရှိသူများက ဆိုသည်။

ထိုသို ့အပြန်အလှန်ပစ်ခတ်မှုများ‌ကြောင့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်အဖွဲ့မှ တစ်ဦး‌သေ၊ နှစ်ဦး ဒဏ်ရာရရှိသလို ဒီ‌ကေဘီ‌အေ (၉၀၉) တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒီ‌ကေဘီ‌အေဖက်က ‌ပြောဆိုသည်။

ကလိုထူး‌ဘော စစ်ဋ္ဌာနချုပ် ဒီ‌ကေဘီ‌အေ လက်‌အောက်ခံ ကလိုထူးဝါး စစ်ကွပ်ကဲ‌ရေးမှ စစ်ကွပ်ကဲ ‌ရေးမှူး ဗိုလ်မှူးချုပ် ‌စော‌ကျော်သက်နှင့် ဗိုလ်မှူးကြီး‌စောဆန်း‌အောင်တို့အား အဖွဲ့ဝင်အဖြစ်မှ အပြီး အပိုင် ထုတ်ပယ်လိုက်‌ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော လားပွယ်၏ ကိုယ်စား ထိုးထားသည့် လက်မှတ်ဖြင့် ဇူလိုင်လ ၂၁ရက်က ‌ကြေညာချက် ထုတ်ပြန်ခဲ့ပြီး‌နောက် အခုလို အချင်းချင်း မှားယွင်း ပစ်ခတ်မှု ပထမဆုံးအကြိမ်ဖြစ်‌ပေါ်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။