Home သတင်း ‌နော်အုန်းလှ လွှတ်‌ပေး‌ရေး KWO နှင့် KWEG တို့ ‌တောင်းဆို

‌နော်အုန်းလှ လွှတ်‌ပေး‌ရေး KWO နှင့် KWEG တို့ ‌တောင်းဆို

3216

ဇူလိုင် ၁ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

ဒီမိုက‌ရေစီအ‌ရေးနှင့် လူ့အခွင့်အ‌ရေးအတွက် ငြိမ်းချမ်းစွာ ‌တောင်းဆိုဆန္ဒထုတ်‌ဖော်မှု‌ကြောင့် ‌ထောင်ဒဏ် ချမှတ်ခံရ‌သော ‌နော်အုန်းလှကို အမြန်ဆုံးလွှတ်‌ပေးရန် ကရင်အမျိုးသမီးအစည်းအရုံး(KWO)နှင့် ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)တို့မှ ဇွန်လ ၃ဝ ရက်‌နေ့က ပူးတွဲ‌ကြေညာချက်ထုတ်ပြန်ကာ ‌တောင်းဆိုခဲ့သည်။

၂၀၀၇ ခုနှစ်က ‌ဒေါ်‌အောင်ဆန်းစုကြည်‌နေအိမ် အကျယ်ချုပ်မှ လွတ်‌မြောက်‌ရေးနှင့် နိုင်ငံ‌ရေးအကျဉ်းသား များလွတ်‌မြောက်‌ရေးဆု‌တောင်းမှုဖြင့် ဒဂုံမြို့နယ်တရားရုံးက ‌နော်အန်းလှကို ဇွန်လ ၂၆ ရက်‌နေ့တွင် အလုပ်နှင့် ‌ထောင်ဒဏ် (၆)လ ချမှတ်လိုက်ပြီး‌နောက် ‌နော်အုန်းလှလွတ်‌မြောက်‌ရေးအတွက် အဆိုပါ ကရင်အမျိုးသမီးအဖွဲ့နှစ်ဖွဲ့မှ ပထမဆုံး ပူးတွဲ‌ကြေငြာချက် ထုတ်ပြန်‌တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ထိုသို့ ‌တောင်းဆိုရသည့်အ‌ပေါ် KWO တွဲဖက်အတွင်း‌ရေးမှူး(၁) ‌နော်တာမလာ‌စောက “‌နော်အုန်းလှကို ခြွင်းချက်မရှိလွှတ်‌ပေးဖို့ ကျမတို့ ‌တောင်းဆိုတာက ‌နော်အုန်းလှဟာ အ‌ခြေခံလူ့အခွင့်အ‌ရေးအရ သူယုံ ကြည်ရာကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်တာဖြစ်ပြီး မြန်မာအစိုးရအ‌နေနဲ့ နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှုတစ်ခုမှာ ဒီလို ဖမ်းဆီး‌ထောင်ချတာ မလုပ်သင့်ဘူးဆိုတာ ‌ထောက်ပြလိုတဲ့အတွက် ‌ကြေညာချက်ထုတ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းပူးတွဲ‌ကြေညာချက်တွင် KWO နှင့် KWEG တို့က မြန်မာအစိုးရအ‌နေဖြင့် ပြည်သူများ၏ လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆိုမှုများကို အ‌လေးအနက်ထားသင့်ပြီး ဖမ်းဆီး‌ထောင်ချ‌နေမှုပြုခြင်းသည် ဒီမိုက‌ရေစီ ထူ‌ထောင်‌ရေးနှင့် နိုင်ငံသားများ၏ အ‌ခြေခံအခွင့်အ‌ရေးများကို အ‌လေးထားရာ မ‌ရောက်‌ကြောင်း ‌ထောက်ပြ‌ပြောဆိုထားသည်။

ထို့အပြင် ပူးတွဲ‌ကြေညာချက်တွင် ‌နော်အုန်းလှအပါအဝင် အခြား‌သော ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်မှု‌ကြောင့် တရားစွဲဆိုခံထားရသူ အမှုများအား ချက်ချင်း‌ဖြေလွှတ်‌ပေး‌ရေးအပြင် နိုင်ငံတကာ အဖွဲ့အစည်းများ အ‌နေဖြင့် မြန်မာအစိုးရအ‌ပေါ် ဖိအား‌ပေးသွားရန် တိုက်တွန်း‌တောင်းဆိုထားသည်။

KWEG ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုးက “နိုင်ငံ‌တော်က‌နေ စီတန်းလှည့်လည်မှုနဲ့ လွတ်လပ်စွာ စုရုံးခွင့် အတွက် ဥပ‌ဒေ‌တွေ ထုတ်ထားတယ်။ ဒါ‌ပေမယ့် တဖက်မှာ ဥပ‌ဒေ‌တွေရဲ့နည်းဥပ‌ဒေ‌တွေကလည်း လှုပ်ရှား တက်ကြွသူ‌တွေအတွက် ကန့်သတ်မှုဖြစ်ပြီး အ‌ခြေခံဥပ‌ဒေ‌တွေနဲ့ မကိုက်ညီသလို ဒီမိုက‌ရေစီ ဆိတ်သုဉ်းမှု ကိုလည်း ဖြစ်‌ပေါ်‌စေတယ်။ ဒါ‌ကြောင့် အန်တီတို့က ဒါကို ဆန့်ကျင်တာဖြစ်တယ်”ဟု ‌ပြောသည်။

‌နော်အုန်းလှသည် ‌တောင်သူ ‌ဒေါ်ခင်ဝင်း ‌သေဆုံးခဲ့မှုအတွက် စုံစမ်း‌ဖော်ထုတ်‌ပေးရန် တရုတ်သံရုံး‌ရှေ့တွင် ဆန္ဒထုတ်‌ဖော်မှုအတွက် ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၅(ခ)၊ ၁၈၊ ၃၅၃၊ ၁၄၇ များဖြင့် ‌ထောင်ဒါဏ် ၄နှစ်၄လ လက်ပံ‌တောင်း၂နှစ်ပြည့် ဆန္ဒပြမှု ပုဒ်မ၁၈ဖြင့် ၄ လ စုစု‌ပေါင်းပြစ်ဒဏ် (၅)နှစ်၂ လ ချမှတ်ထားခြင်း ခံရပြီး ယခုလက်ရှိ ပုဒ်မ (၁၈)ဖြင့် ခရိုင် (၃)ခုတွင် အမှုရင်ဆိုင်‌နေရဆဲဖြစ်‌ကြောင်း သိရသည်။