Home သတင်း ကြွက်များ ဖျက်ဆီးမှု‌ကြောင့် ‌ကျေးရွာ ၈ရွာမှ ‌တောင်ယာ၊ လယ်‌မြေများပျက်စီးဆုံးရှုံး‌နေ

ကြွက်များ ဖျက်ဆီးမှု‌ကြောင့် ‌ကျေးရွာ ၈ရွာမှ ‌တောင်ယာ၊ လယ်‌မြေများပျက်စီးဆုံးရှုံး‌နေ

2380

ဇူလိုင် ၉ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ပဲခူးတိုင်း‌ဒေသကြီး ‌ရွှေကျင်မြို့နယ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) နယ်‌မြေအတွင်းရှိ ‌ကျေးရွာအုပ်စု (၈)ရွာများတွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစ၍ ကြွက်များ ဝင်‌ရောက်ဖျက်ဆီးမှု‌ကြောင့် ‌ဒေသခံများ၏ ‌တောင်ယာနှင့်လယ်‌မြေများမှာ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်‌ပေါ်‌နေ‌ကြောင်း ရွာခံပြည်သူများက ‌ပြောဆိုသည်။

ယင်းသို့ ကြုံ‌တွေ့‌နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ ‌စော်သဲခီး‌ကျေးရွာသား ‌စော‌အောင်နိုင်က “အခုက တစ်နယ်လုံးလို လို ဖြစ်‌နေတယ်။ စပါး‌စေ့‌တွေကို ကြွက်က ကိုက်စား‌တော့ အပင်‌တောင် မ‌ပေါက်နိုင်‌တော့ဘူး။ တစ်ချို့ အပင်‌ပေါက်လည်း ဖျက် တာပဲ။ ထပ်စိုက်လည်း ကုန်တာပဲ။ စပါးစိုက်ချိန်ကလည်း သူ့အချိန်နဲ့သူရှိတယ်။ သူ့အချိန်ကုန်သွားရင် စပါးက မ‌ကောင်း‌တော့ ဘူး။ အဲဒီအခက်အခဲ‌တွေရှိ‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းမြို့နယ်အတွင်းရှိ လိုခီး၊ ‌စော်သဲခီး၊ ထီးပလား၊ မယ်ရယ်ခီး၊ မယ့်ကတီ၊ ပ‌လော့ခို့၊ ထီးဝါး‌ဘွေ့ခီး စသည့်‌ကျေးရွာအုပ်စုများမှ ရွာ‌ပေါင်း (၄၂)ရွာရှိ ‌ဒေသခံ‌တောင်ယာများတွင် ကြွက်ဖျက်ဆီးမှုဒဏ်ကို ခံ‌နေရဆဲဖြစ်ပြီး ထိုရွာများအနက် လိုခီး၊ ‌စော်သဲခီး၊ ထီး ပလား‌ကျေးရွာများမှာ အဆိုးရွားဆုံးနှင့် ပျက်စီးမှု အများဆုံးဖြစ်‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ယင်းကိစ္စများနှင့်ပတ်သက်၍ ‌ရွှေကျင်မြို့နယ် ‌ကေအဲန်ယူ၊ လယ်ယာစိုက်ပျိုး‌ရေးတာဝန်ခံ ‌စောဒါးစိန်ဝင်းက “အခုက‌တော့ ပျက် စီးမှုအ‌ခြေအ‌နေ‌တွေကို စာရင်း‌ကောက်ခိုင်းပြီးရင် ခရိုင်ကိုတင်ပြီး ညွန်ကြားချက် ယူရမှာဖြစ်ပါတယ်။ ‌တောင်ယာ‌တွေကျ‌တော့ ဘယ်နှစ်တင်း၊ ဘယ်နှစ်ပြည်ကျတဲ့အခင်းလဲ။ အဲလိုပဲသိထားတာ ဧက‌တွေ၊ ဘာ‌တွေမရှိ‌တော့ အခက်အခဲရှိတယ်”ဟု ‌ပြော သည်။

ပျက်စီးဆုံးရှုံးမှု အတိုင်းအတာများနှင့် ပတ်သက်၍ အ‌ရေအတွက် အတိအကျ မသိရှိရ‌သေး‌သော်လည်း ယခုကဲ့သို့ ကြွက်အများ အပြား ကျ‌ရောက်ဖျက်ဆီး‌နေခြင်းမှာ အဆိုပါ‌ဒေသအတွင်း ‌ပေါက်‌ရောက်‌သော ဝါးများမှ ယခုနှစ်အတွင်း အဆမတန် ပွင့်သီးမှု ‌ကြောင့် ဖြစ်နိုင်‌ကြောင်း ‌ဒေသခံများက သုံးသပ်‌ပြောဆို‌နေကြသည်။

ယခုကဲ့သို့ ‌တောင်ယာများအတွင်း ကြွက်အများအပြား ကျ‌ရောက်ဖျက်ဆီးမှုများမှာ နှစ်စဉ် ဖြစ်‌နေကျမဟုတ်ဘဲ အလားတူ ဖြစ် ရပ်မျိုး လွန်ခဲ့သည့် ၁၉၈၆ခုနှစ်တွင်တစ်ကြိမ် ဆိုးဆိုးရွားရွား ဖြစ်ပျက်ခဲ့ဖူး‌ကြောင်း သိရသည်။