Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ အစိုးရ၏ ကန့်သတ်ချက်များနှင့် ထိုးစစ်များအ‌ပေါ် UNFC ‌ဝေဖန်

ငြိမ်းချမ်း‌ရေးဖြစ်စဉ်၌ အစိုးရ၏ ကန့်သတ်ချက်များနှင့် ထိုးစစ်များအ‌ပေါ် UNFC ‌ဝေဖန်

1526

ဇူလိုင် ၂၈ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ငြိမ်းချမ်း‌ရေး ရရှိနိုင်‌ရေးအတွက် ‌ဆွေး‌နွေး‌နေစဉ် တိုင်းရင်းသား‌ဒေသအချို့၌ အစိုးရ၏ ထိုးစစ်ဆင်‌နေမှုများနှင့် ငြိမ်းချမ်း‌ရေးဖြစ် စဉ်၌ ကန့်သတ်ချက်မှုများ ရှိ‌နေ‌သေးသည်မှာ ယုံကြည်မှုကို ပျက်ပြား‌စေသည်ဟု ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်‌ကောင်စီ-UNFC က ဇူလိုင် ၂၇ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ခဲ့သည်။

ဇူလိုင်လအတွင်း ရန်ကုန်မြို့တွင် တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်များ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်ဆိုင်း‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်(မူကြမ်း) (၈)ကြိမ်‌မြောက် ညှိနှိုင်း‌ဆွေး‌နွေးမှု ပြု‌နေစဉ် ကရင်၊ ကချင်နှင့် ရှမ်းပြည် နယ်တို့၌ အစိုးရမှ ထိုးစစ်ဆင်‌နေမှုကို ‌ဝေဖန်‌ထောက်ပြကာ အဆိုပါ‌ဆွေး‌နွေးပွဲ၏ ရလဒ်များနှင့်စပ်လျဉ်း၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ် သည်။

အဆိုပါသ‌ဘောထားထုတ်ပြန်ချက်မှာ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုများကြန့်ကြားရခြင်းသည် တိုင်းရင်းသားများဘက်မှ ငြိမ်းချမ်း‌ရေး ကို မလိုလားသည့် အစိုးရနှင့် သတင်းမီဒီယာများ၏ အမြင်မှားဝါဒဖြန့်မှုများကို ပြည်သူလူထု အမြင်ရှင်းလင်း‌အောင် ရည်ရွယ် ထုတ်ပြန်ခြင်းဖြစ်သည်ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အခုအစိုးရက ကျ‌နော်တို့ရဲ့တိုင်းရင်းသားအဖွဲ့တချို့ကို ချန်ပြီး NCA လက်မှတ်ထိုးမယ်ဆိုတဲ့ သ‌ဘောထားက မဖြစ်သင့် ဘူး။ လက်ခံလို့လည်း မရဘူး။ ‌နောက်ပြီး နိုင်ငံတကာ အသိသက်‌သေ‌တွေမှာ တရုတ်တစ်နိုင်ငံကိုပဲ လက်ခံပြီး‌တော့ ကျ‌နော်တို့ တင်ပြ‌တောင်းဆိုတဲ့ EU လိုအဖွဲ့ဝင်‌တွေကိုကျ‌တော့ လက်မခံနိုင်တာကိုက သံသယဖြစ်‌စေတယ်”ဟု ဆက်‌ပြောသည်။
DSC_0148
အချက် ၅ချက်ပါ UNFC ထုတ်ပြန်ချက်၌ အစိုးရအ‌နေဖြင့် စစ်မှန်သည့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို အမှန်တကယ် တည်‌ဆောက် လိုပါက လက်နက်ကိုင်တိုင်းရင်းသား‌ဒေသအတွင်း အစိုးရတပ်ဖွဲ့မှ အ‌ကြောင်းအမျိုးမျိုးပြ၍ ‌မြေပြင်ထိုးစစ်ဆင်‌နေမှုများအားလုံး ကို ခြွင်းချက်မရှိရပ်တန့်ပြီး စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ အ‌ဖြေရှာရန်လည်း တိုက်တွန်းထားသည်။

NCA လက်မှတ်‌ရေးထိုးရာတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး ဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့-NCCT အဖွဲ့ဝင်များအားလုံး ပါဝင်နိုင် ‌ရေး တိုင်းရင်းသားများဘက်က ‌တောင်းဆိုထား‌သော်လည်း အစိုးရဘက်မှ တအာင်း-PSLP/TNLA ၊ ရက္ခိုင့်တပ်မ‌တော်-AA၊ ကိုးကန့်တပ်ဖွဲ့-MNDAA၊ ဝ အမျိုးသားအဖွဲ့ချုပ်(WNO)၊ လားဟူ-LDU နှင့် ရခိုင်အမျိုးသား‌ကောင်စီ-ANC အဖွဲ့များကို လက်ခံ ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်စာချုပ် (NCA)မူကြမ်းကို ‌ဆွေး‌နွေးရာ၌ အဓိကအချက် သုံးချက်မှာ NCA လက်မှတ်‌ရေးထိုးရာတွင် ပါဝင်မည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အ‌ရေအတွက်၊ နိုင်ငံတကာအသိသက်‌သေများနှင့် ပါဝင်လက်မှတ်‌ရေးထိုးမည့် ပုဂ္ဂိုလ်များ စသည်တို့ဖြစ်သည်။

ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ- UNFC ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ တိုင်းရင်းသားလက်နက်ကိုင်‌တော် လှန်‌ရေးအဖွဲ့ ၆ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ၁၂ဖွဲ့ရှိကာ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)က ပြီးခဲ့သည့် ၂၀၁၄ခုနှစ်အတွင်း အဖွဲ့ဝင်အဖြစ် ပါဝင်‌နေမှုကို ယခုအချိန်ထိ ယာယီ ရပ်ဆိုင်းထားခဲ့သည်။