Home သတင်း မြဝတီ-‌ကော့ကရိတ် အာရှလမ်းမ ပြန်ဖွင့်‌သော်လည်း မိုင်းအန္တရာယ်ရှိ‌နေဆဲ

မြဝတီ-‌ကော့ကရိတ် အာရှလမ်းမ ပြန်ဖွင့်‌သော်လည်း မိုင်းအန္တရာယ်ရှိ‌နေဆဲ

1598

ဇူလိုင် ၁ဝရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

တိုက်ပွဲ‌ကြောင့် ရက်သတ္တပတ်‌ကျော်ကြာ ပိတ်ထားလိုက်ရသည့် မြဝတီ-‌ကော့ကရိတ် အ‌ဝေး‌ပြေး အာရှလမ်းမကို ဇူလိုင်လ ၁ဝ ရက်(ယ‌နေ့)မှစ၍ နံနက် ၆နာရီမှ ည‌နေ ၅နာရီအထိ သွားလာခွင့်ပြုလိုက်‌သော်လည်း မိုင်းရှင်းလင်း‌ရေးလုပ်ငန်းများမှာ ဆက် လက် လုပ်‌ဆောင်‌နေရဆဲဖြစ်‌ကြောင်း နယ်ခြား‌စောင့်တပ် (BGF) ‌ပြောခွင့်ရ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ‌ပြောသည်။

၎င်းက “အခု ကား‌တွေ လွှတ်‌နေပြီ‌လေ။ ကား‌တွေ လွှတ်‌နေတဲ့အခါကျ‌တော့ ခရီးသွားပြည်သူက ကားရပ်ပြီး အ‌ပေါ့သွားတာတို့ ဘာတို့ အဲလိုမျိုး‌နေရာဆို မိုင်း‌တွေ ‌တော်‌တော်များတယ်။ အဲဒါကို တပ်မ‌တော်က အဖွဲ့‌တွေနဲ့ ကျ‌နော်တို့အဖွဲ့‌တွေနဲ့ ပူး‌ပေါင်းပြီး မိုင်းရှင်းလင်း‌ရေးလုပ်‌နေတယ်။ ‌ဖော်လို့မရတာ‌တွေ ခွဲလိုက်တယ်။ ပြည်သူ‌တွေ ထိခိုက်သွားမှာစိုးတယ်״ဟု ‌ပြောသည်။

လတ်တ‌လော မိုင်းရှင်းလင်းမှုကို လူထုသွားလာသည့် လမ်းကိုသာ အဓိက ရှင်းလင်း‌နေခြင်းဖြစ်ကာ ‌တောင်ကုန်း‌ပေါ်ရှိ များစွာ ကျန်ရှိ‌နေ‌သေး‌သော မိုင်းများကို တဖြည်းဖြည်း ဆက်လက် ရှင်းလင်းသွားမည်ဖြစ်‌ကြောင်း ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ဆက်‌ပြော သည်။

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)နှင့် အစိုးရတပ်မ‌တော်တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇူလိုင်လ ၂ရက်‌နေ့မှစ ၍ အာရှလမ်းမကို ပိတ်ထားခဲ့ရပြီး ပြီးခဲ့သည့်ရက်ပိုင်းက အစိုးရတပ်မ‌တော်နှင့် နယ်ခြား‌စောင့်တပ် တပ်ဖွဲ့ဝင်များ ပူး‌ပေါင်း၍ အဆိုပါလမ်းမကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး‌နောက် ယခုလို ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်။

ခရီးသွားလာမှုကို နံနက် ၆နာရီမှ ည‌နေ ၅နာရီ ခွင့်ပြုထား‌သော်လည်း လမ်းမကြီးလုံခြုံ‌ရေးဟုဆိုကာ အစိုးရတပ်မ‌တော်နှင့် နယ် ခြား‌စောင့်တပ်ဖွဲ့များ ‌နေရာယူထားဆဲဖြစ်သလို ယ‌နေ့မွန်းလွဲပိုင်းတွင် လမ်း‌ဟောင်းဘက်၌လည်း ပစ်ခတ်မှုများ ဖြစ်ပွား‌နေဆဲ ဖြစ်သည်ဟု ခရီးသွားများက ‌ပြောဆို‌နေကြသည်။

ခရီးသည်တစ်ဦးဖြစ်သူ ကိုနိုင်စိုးက “အရမ်းစိတ်ချမ်းသာတယ်။ သွားရတာလည်း လွယ်လွယ်ကူကူပဲ ဘယ်လို‌ပြောမလဲ ငြိမ်းချမ်း ‌ရေး‌တွေ ရပြီး‌တော့ အန္တရာယ်‌တွေ မကျ‌ရောက်ရတဲ့ ဘဝမျိုး လိုချင်တာ‌ပေါ့။ အခုဆို ‌သေနတ်သံကြားထဲက သွား‌နေရတယ်ဆို ‌တော့ စိုးရိမ်မှုတစ်ခု‌တော့ ရှိတာ‌ပေါ့״ဟု ‌ပြောသည်။

ယခု ဇူလိုင်လအတွင်း အာရှလမ်းမကြီးကို ဖွင့်လှစ်ပွဲ ပြုလုပ်ကျင်းပရန်အတွက် လမ်းမ‌ပေါ်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို ဖယ်ရှားခိုင်းရာမှ လမ်းမကြီး၏ ‌ကော့ကရိတ်အထွက် တတန်ကူးဂိတ်ရှိ DKBA တပ်မ‌တော်နှင့် အစိုးရတပ်မ‌တော်တို့ကြား ပစ် ခတ်မှုများ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုပစ်ခတ်မှု‌ကြောင့် နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိခဲ့သလို ရာနှင့်ချီ‌သော ‌ကော့ကရိတ်‌ဒေသခံများလည်း ‌ဘေးကင်းလုံခြုံရာသို့ သွား‌ရောက်ခိုလှုံမှုများရှိခဲ့သည်ဟု သိရှိရသည်။