Home သတင်း မြဝတီ-‌ကော့ကရိတ် အာရှလမ်းမတွင် အစိုးရစစ်တပ်နှင့် ဒီ‌ကေဘီ‌အေ တိုက်ပွဲပြင်းထန်

မြဝတီ-‌ကော့ကရိတ် အာရှလမ်းမတွင် အစိုးရစစ်တပ်နှင့် ဒီ‌ကေဘီ‌အေ တိုက်ပွဲပြင်းထန်

2341

ဇူလိုင် ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့အ‌ရှေ့ဘက်ခြမ်း ‌ကော့ကရိတ်-မြဝတီ အာရှလမ်းသစ် ကရင်တိုင်းရင်းသားလက်နက်ကိုင်များ၏ စု‌ပေါင်းဂိတ်ဖြစ်‌သော တတန်ကူးဂိတ်ရှိ ‌ကော်နွဲရွာအနီးနှင့် ရွာသစ်ကုန်းအနီးတို့တွင် မြန်မာအစိုးရစစ်တပ်နှင့် ဒီမိုက‌ရေစီအကျိုး ပြုကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တို့ ယ‌နေ့ နံနက် ၅နာရီခွဲ အချိန်မှစတင်ကာ တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်ခဲ့သည်။

လာမည့် ဇူလိုင် ၃ရက်‌နေ့၌ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်တင်‌မောင်ဝင်း လမ်း‌ကြောင်း ရှိသည့်အတွက် ‌ကော့ ကရိတ်ရှိ နယ်‌မြေခံအစိုးရတပ် စစ်ဆင်‌ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ(၂၃၁)တပ်ဖွဲ့ သည် လမ်းကင်းယူရန် ကြိုးပမ်းရင်း ဒီ‌ကေဘီ‌အေနှင့် ယခုလို တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်အ‌ပေါ် ဒီ‌ကေဘီ‌အေ ကလိုထူး‌ဘောအ‌ခြေချ စစ်ဗျုဟာမှူး ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က “ဟိုတ‌နေ့က လမ်း ကင်းယူမယ်လို့ ကျ‌နော်တို့ကြားရတာပဲ။ ဒီလိုငြိမ်းချမ်း‌ရေးကာလမှာ လမ်းကင်းယူစရာ မလိုပါဘူး။ သမ္မတပဲလာလာ၊ ဝန်ကြီးချုပ် ပဲလာလာ မြန်မာနိုင်ငံက ‌ခေါင်း‌ဆောင်‌တွေကို ကျ‌နော်တို့လည်း ကာကွယ်‌စောင့်‌ရှောက်ရမယ်‌လေ။ လုံခြုံ‌ရေးယူပြီး ပြန်မထွက် မှာ စခန်းထိုင်မှာ စိုးရိမ်လို့ ကျ‌နော်တို့ ဝင်ခွင့်မ‌ပေး‌တော့ တပ်ဖက်က လက်နက်ကြီးနဲ့ စပစ်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် ‌နေရာသည် ကရင်တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ဒီ‌ကေဘီ‌အေ အပါအဝင် ကရင်အမျိုး သားအစည်းအရုံး (‌ကေအဲန်ယူ)၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA-PC) တို့၏ စု‌ပေါင်းဂိတ်တည်ရှိရာအနီး ‌နေရာဖြစ် ‌သော်လည်း ဒီ‌ကေဘီ‌အေနှင့် အစိုးရစစ်တပ်တို့သာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု စုံစမ်းသိရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုအ‌ပေါ် ‌ကော့ကရိတ်မြို့ခံတစ်ဦးက “တိုက်ပွဲဖြစ်‌တော့ လမ်းကို အတက်‌ရော အဆင်း‌ရော ပိတ်ဘာမှ မ‌ပေးသွားဘူး။ ‌ခေါင်း‌ဆောင်ချင်း‌တွေ့ပြီး ညှိနှိုင်းသွားလာကြရင် ဘာမှဖြစ်စရာ မရှိပါဘူး။ အခုက ကျ‌နော်တို့‌ဒေသခံ‌တွေက တိုက်ပွဲဖြစ်ရင် ‌မြေစာပင်ပဲ။ အ‌ခြေအ‌နေက တိုက်ပွဲဆက် ဖြစ်နိုင်တယ်။ အခု တပ်(အစိုးရစစ်တပ်)ဘက်က အင်အားထပ်ဖြည့် တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နံနက် ၅နာရီခွဲမှ စတင်ဖြစ်ပွားသည့် ဒီ‌ကေဘီ‌အေနှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲသည် မြန်မာစံ‌တော်ချိန် ည‌နေ ၄နာရီအထိ မပြီးဆုံး‌သေးဘဲ ‌နေ့လည်ပိုင်းအထိ အစိုးရတပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ‌ကြောင့် နှစ်ဘက် ထိခိုက်ကျ ဆုံးမှုများရှိ‌ကြောင်း ဒီ‌ကေဘီ‌အေဘက်က ‌ပြောသည်။

ဒီ‌ကေဘီ‌အေသည် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်၍ ယခင်အစိုးရနှင့် ပူး‌ပေါင်းခဲ့‌သော် လည်း ၂၀၁ဝခုနှစ်တွင် ဗိုလ်ချုပ်‌စောလားပွယ် (‌ခေါ်) ဗိုလ်နှုတ်ခမ်း‌မွှေး ဦး‌ဆောင်သည့် ဒီ‌ကေဘီ‌အေတပ်အဖွဲ့က နယ်ခြား‌စောင့် တပ်သို့ အသွင်ကူး‌ပြောင်းရန် ငြင်းဆန်သဖြင့် ထိုနှစ် ‌ရွေး‌ကောက်ပွဲအပြီး‌နောက်တစ်ရက်၌ အစိုးရနှင့် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ သည်။

ထို့‌နောက် ၂၀၁၁ခုနှစ်၊ နိုဝင်ဘာ ၆ရက်‌နေ့တွင် လက်ရှိ အစိုးရနှင့်တဖန် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ လက်မှတ်ထိုးခဲ့ကာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးအတွက် ‌ဆွေး‌နွေး‌နေသည်မှာ ယခုအချိန်အထိ ဖြစ်သည်။