Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့ အာ‌ဘော်

အယ်ဒီတာ့ အာ‌ဘော်

1510

ညီ‌နောင်ချင်းချင်း ညီညွှတ် ယိုင်းပင်းဖို့ဆိုလျှင်…

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးဆိုင်ရာ စာချုပ်မူကြမ်းကို အတည်ပြုနိုင်‌ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန် ‌ရေးအဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့ (EAOs SD) နှင့် အစိုးရ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း ‌ကော်မတီ (UPWC) တို့ အ‌ကျေအလည် ‌ဆွေး‌နွေးခဲ့အပြီး SD က တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီး‌ခေါင်း‌ဆောင်များအကြား ပြန်လည်တင်ပြ ‌ဆွေး‌နွေး‌နေခဲ့သည်။ ယင်း‌ဆွေး‌နွေးမှုများနှင့် တစ်ချိန်တည်းတွင် ဇူလိုင်တစ်လလုံး၌ ကရင်လက်နက်ကိုင်တပ် နှင့် အစိုးရတပ်၊ ကရင်လက်နက်ကိုင်တပ်နှင့် အစိုးရတပ်လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်၊ ကရင်လက်နက်ကိုင်အဖွဲ့ အချင်း ချင်း စသည့်တိုက်ပွဲများမှာ ရည်ရွယ်ချက်ရှိရှိ‌သော်လည်း‌ကောင်း၊ ‌ရှောင်တခင် ဖြစ်ပွား၍‌သော်လည်း‌ကောင်း မည်သည့်အဖြစ်အ ပျက်ကမျှ အများပြည်သူအတွက် ‌ကောင်းသတင်းမရှိ‌ပေ။

နှစ်‌ပေါင်းများစွာ တိုက်ပွဲသံညံ‌နေခဲ့သည့် ကရင်ပြည်တွင် ၂၀၁၂ခုနှစ်မှစ၍ အပစ်ရပ်ကာလကို ဖြတ်သန်းလာခဲ့သည့် သုံးနှစ် ‌ကျော်အတွင်း ‌သေနတ်သံ၊ ဗုံးသံများ မရှိ‌တော့သ‌လောက် တိတ်ဆိတ်ငြိမ်သက်လာခဲ့သည်။ သို့‌သော် ဖွံ့ဖြိုး‌ရေးစီမံကိန်းများမှ ဖြစ်ပွားလာခဲ့သည့် စစ်‌ရေးပဋိပက္ခများမှာ ကြိမ်မီးအုံးပမာ ‌လောင်ကျွမ်းလာခဲ့ရာ ယခုကဲ့သို့ ‌ရွေး‌ကောက်ပွဲနီးလာချိန်တွင် အ‌ခြေ အ‌နေများမှာ ပို၍ ရှုတ်‌ထွေးနက်နဲလာသည်။ ဤသည်ကို ညှိနှိုင်းမှု၊ ထပ်ဆင့်ညှိနှိုင်းမှုနှင့် အ‌ကျေအလည် ‌ဆွေး‌နွေး‌ဖြေရှင်းမှုများ ဖြင့် ပဋိပက္ခ အလုံးစုံကို အာဃာတကင်းစွာ ‌ရေရှည်‌ကောင်းကျိုးကို ရည်‌မျှော်လျက် ဝိုင်းဝန်း‌ဖြေရှင်းသွားသင့်သည်။

ဇူလိုင်လ ၂၈ရက်‌နေ့တွင် ကချင်အမျိုးသားအစည်းအရုံး(KNO)က ‌ကော်သူး‌လေ ကရင်အမျိုးသားများထံ ‌ပေးပို့ခဲ့သည့် ‌မေတ္တာ ရပ်ခံစာ၌ ‌တော်လှန်‌ရေးကာလ အဆက်ဆက် ကချင်အမျိုးသားများသည် ကရင်အမျိုးသားများကို နိုင်ငံ‌ရေး၊ စစ်‌ရေး၊ ပညာ‌ရေး နှင့် ဘာသာ‌ရေးကဏ္ဍများအထိ ဦး‌ဆောင်လမ်းပြခဲ့မှုအ‌ပေါ် ‌လေးစား‌ကြောင်း ‌ဖော်ပြထားသည်။ သို့‌သော် ၂၀၁၅နှစ်ဦးမှစပြီး ကရင်အမျိုးသားများ အချင်းချင်းကြားတွင် စိတ်လိုက်မာန်ပါ‌သော်လည်း‌ကောင်း၊ နားလည်မှုမှားယွင်း၍‌သော်လည်း‌ကောင်း ဖြစ် ခဲ့ရသည့် ပစ်ခတ်မှုများအတွက် စိတ်မ‌ကောင်း ဝမ်းနည်းမိ‌ကြောင်း ဆိုထားသည်။ တိုင်းရင်းသားလူမျိုးစုတစ်ခုအတွင်း ညီညွှတ်မှု အင်အား ‌လျော့ရဲလာမှုကို အခြားညီ‌နောင်တိုင်းရင်းသားလူမျိုးစုက စိုးရိမ်‌ကြောင့်ကြမှုကြီးစွာဖြင့် ယခုလို ‌ဖေးမ ကူညီ သတိ‌ပေး ‌ထောက်ပြတိုက်တွန်းမှုမှာ ‌ကောင်းမွန်‌သော အစဉ်အလာတစ်ရပ်ဖြစ်သည်။

နိုင်ငံ့ငြိမ်းချမ်း‌ရေးမှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ရာ နိုင်ငံသားများဖြစ်ကြကုန်‌သော လက်ရှိအစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့‌ခေါင်း‌ဆောင်များကလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်ကို တိုင်းရင်းသားပြည်သူများအားလုံး လွှမ်းခြုံခံစားနိုင်‌သော အ‌ဖြေ‌ကောင်းတစ်ခုရသည်အထိ အာဃာတများ ‌ဘေးဖယ်ထားကာ ‌သေချာစွာ ဆက်လက် ညှိနှိုင်း‌ဆွေး ‌နွေးသွားသင့်သည်။ သို့မှသာ နိုင်ငံ့အနာဂတ်ဘဝကို သမိုင်းတွင်စွာ အလှခြယ်သူများအဖြစ် ကမ္ဘာ့အလယ် ဂုဏ်သိက္ခာရှိရှိ ‌မော် ကွန်းထိုးခံရမည် ဖြစ်‌လေသည်။

တိုင်းရင်းသားအဖွဲ့အစည်းများလည်း လူမျိုးစုတူ အဖွဲ့အချင်းချင်း၊ တဖွဲ့တည်းအချင်းချင်း စိတ်ဝမ်းကွဲမှု၊ တိုက်ခိုက်‌နေမှုများက မိမိ တို့အား ပျက်စီးရာပျက်စီး‌ကြောင်း လိုလားသူများအတွက် ခွန်အားဖြစ်‌စေသည်ကို စက္ကန့်မလပ် သတိချပ်ရန်မှာ အမျိုးသား‌ရေး သတိပင် ဖြစ်သည်။ ထိုအမျိုးသား‌ရေး သတိတရားများနှင့်အညီ ကရင်ပြည်သူလူထုနှင့် လူထုကြားက ‌ပေါက်ဖွားလာသည့် အသီးသီး‌သော တိုင်းရင်းသား အဖွဲ့အစည်းများကလည်း လူထု၏ ကိုးစားယုံကြည်မှု၊ ဘဝတူ အခြားတိုင်းရင်းသားများ၏ ချစ်ခင် ‌လေးစားမှု၊ အိမ်နီးချင်းနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုများကို ရယူနိုင်ရန်အတွက် နှလုံးသားမှ ဖြစ်တည်လာ‌သော ညီညွှတ်မှု စိတ်ဓာတ်ဖြင့် ညီ‌နောင်အချင်းချင်း ယိုင်းပင်းသွားကြ‌စေချင်ပါသည်။