Home သတင်း အစိုးရက နယ်‌မြေစိုးမိုး‌ရေး ထိုးစစ်ဆင်ခြင်းသည် ‌စေတနာမမှန်ခြင်း‌ကြောင့်ဖြစ်ဟု နိုင်ငံတကာကရင်အဖွဲ့ ‌ပြောဆို

အစိုးရက နယ်‌မြေစိုးမိုး‌ရေး ထိုးစစ်ဆင်ခြင်းသည် ‌စေတနာမမှန်ခြင်း‌ကြောင့်ဖြစ်ဟု နိုင်ငံတကာကရင်အဖွဲ့ ‌ပြောဆို

1325

ဇူလိုင် ၁၆ရက်၊ ၂၀၁၅ ခုနှစ်။ စအိုင်စူး

လက်ရှိ အပစ်ရပ်ကာလအတွင်း ကရင်‌တော်လှန်‌ရေးလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်‌ဒေသများကို ထိ်ုးစစ်ဆင်သည့် နယ်‌မြေစိုး မိုးမှုများ လုပ်‌ဆောင်‌နေခြင်းသည် အစိုးရ၏ ‌စေတနာမမှန်မှုကို ပြသ‌နေခြင်းဖြစ်သည်ဟု နိုင်ငံတကာ ကရင်အမျိုးသားအစည်းအ ရုံး (IKO)က ယ‌နေ့ ‌ထောက်ပြ‌ပြောဆိုလိုက်သည်။

ဇူလိုင်လဆန်းပိုင်းမှ လက်ရှိအချိန်ထိ ဖြစ်ပွား‌နေ‌သော ကရင်ပြည်နယ်အတွင်းမှ စစ်‌ရေးပဋိပက္ခအ‌ပေါ် IKO က ဇူလိုင် ၁၅ရက် ‌နေ့စွဲဖြင့် အချက် ၇ချက်ပါ သ‌ဘောထားထုတ်ပြန်ချက်နှင့် ပတ်သက်၍ ‌မေးမြန်းရာတွင် အစိုးရအ‌နေဖြင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အ ‌ပေါ် သ‌ဘောထားမှန်ကန်မှု မရှိသည်ကို ‌တွေ့ရသည်ဟု IKO ‌ပြော‌ရေးဆိုခွင့်ရှိသူ မန်း‌အော်လန်းဒိုက ‌ကေအိုင်စီသို့ ယခုလို ‌ပြော သည်။

“အခု နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု မရှိ‌သေးတဲ့အပြင် အပစ်အခတ်ရပ်စဲ‌ရေး ပီပီပြင်ပြင် မဖြစ်‌ပေါ်‌သေးတဲ့အချိန်မှာ အစိုးရက ထိုးစစ်ဆင် တာ၊ နယ်‌မြေစိုးမိုးမှုလုပ်တာ ‌စေတနာမမှန်ကန်မှုကို ပြ‌နေတာလို ့မြင်တယ်။ အခုအစိုးရရဲ့ ထိုးစစ်‌တွေက ပိုကြီးလာမဲ့အပြင် ကျ‌နော်တို့လှမ်းမြင်တာက KNU နယ်‌မြေ‌တွေ၊ DKBA နဲ့ KNLA/PC နယ်‌မြေအားလုံးကို သိမ်းပိုက်ဖို့ အစိုးရရဲ့‌ခြေလှမ်းပဲလို့ ကျ‌နော်တို့မြင်မိတယ်”ဟု မန်း‌အော်လန်းဒိုက ‌ပြောသည်။

IKO ၏ ထုတ်ပြန်ချက်ထဲတွင် ကရင်ပြည်နယ်အတွင်း လက်ရှိဖြစ်‌ပေါ်သည့် စစ်‌ရေးပဋိပက္ခအ‌ပေါ် နှစ်ဖက်လိုက်နာရမည့် တပ်‌နေ ရာချထား‌ရေးနှင့် စစ်သည်‌တော်ကျင့်ဝတ်များကို နှစ်ဖက်‌ဆွေး‌နွေးပြီး သ‌ဘောတူညီချက်ရယူကာ ငြိမ်းချမ်းသည့်နည်းဖြင့် ‌ဖြေ ရှင်းသွားရန်လည်း တိုက်တွန်းထားသည်။

ထို့အပြင် ကရင်အမျိုးသားအဖွဲ့အစည်းတစ်ခုခုကို တိုက်ခိုက်လာလျှင် ကျန်အဖွဲ့များက အကူအညီ‌ပေးပြီး ကရင့်အလံ‌တော် ‌အောက်တွင် ‌ပေါင်းစည်းကြရန်၊ လက်ရှိကာလအတွင်း နိုင်ငံတကာအစိုးရအဖွဲ့များက စစ်‌ဘေးဒုက္ခ‌ရောက်‌နေသူများကို လူသား ချင်းစာနာသည့် အကူအညီများ‌ပေးရန် အဆိုပါထုတ်ပြန်ချက်တွင် တိုက်တွန်း ‌ပြောဆိုထားသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူကလည်း လက်ရှိဖြစ်‌ပေါ်‌နေသည့် ပစ်ခတ်တိုက်ခိုက်မှု ပဋိပက္ခများအတွင်း ပါဝင်‌နေသည့် အဖွဲ့များအ‌နေဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးနည်းလမ်းဖြင့် အ‌ဖြေရှာကြရန် ဇူလိုင်လ ၁၅ရက်‌နေ့ကပင် ‌ကြေညာချက် ထုတ် ‌ပြောဆိုထားခဲသည်။

နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံး-IKO ကို ဥ‌ရောပ၊ အ‌မေရိကနှင့် ဩစ‌တြေးလျားနိုင်ငံများရှိ ကရင်အမျိုးသားဖြင့် စုဖွဲ့ထားပြီး အမျိုးသား‌ရေး၊ နိုင်ငံ‌ရေးဆိုင်ရာကိစ္စရပ်များကို အား‌ပေးလုပ်‌ဆောင်လျက်ရှိသည့် အဖွဲ့အစည်းဖြစ်‌ကြောင်း သိရ သည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ရက်‌နေ့ကလည်း နိုင်ငံတကာကရင်အမျိုးသားအစည်းအရုံး-IKO မှ ကုလသမဂ္ဂအ‌ထွေ‌ထွေ အတွင်း‌ရေးမှူး မစ္စတာဘန်ကီမွန်းထံသို့ လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ကုလသမဂ္ဂ၏ ကူညီပါဝင်မှုအ‌ပေါ် စာ‌ရေး‌ပေးပို့ခဲ့သည်။