Home သတင်း သံလွင်‌ရေကာတာစီမံကိန်းများ ရပ်တန့်ရန် လူမှုအဖွဲ့အစည်း ၁၀၀‌ကျော် စု‌ပေါင်း‌တောင်းဆို

သံလွင်‌ရေကာတာစီမံကိန်းများ ရပ်တန့်ရန် လူမှုအဖွဲ့အစည်း ၁၀၀‌ကျော် စု‌ပေါင်း‌တောင်းဆို

1535

ဇူလိုင် ၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

သံလွင်မြစ်‌ပေါ် တည်‌ဆောက်မည့် ‌ရေကာတာစီမံကိန်းများအားလုံးကို လုံးဝ ရပ်တန့်‌ပေးရန် ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်း ၁၂၂ဖွဲ့က ဇူလိုင်လ ၇ရက်‌နေ့တွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်း၌ သ‌ဘောထား‌ကြေညာချက်ကို ရှင်းလင်း ထုတ်ပြန် ‌တောင်းဆိုလိုက်သည်။

လက်ရှိ သံလွင်မြစ်‌ပေါ်တွင် တည်‌ဆောက်မည့် ‌ရေကာတာစီမံကိန်းများသည် ‌ဒေသခံဌာ‌နေ တိုင်းရင်းသားများအတွက် အသက် ‌မွေးဝမ်း‌ကြောင်းမှု ပျက်စီး‌စေကာ ကရင်နီပြည်နယ်၊ သံလွင်မြစ်ကမ်း‌ဘေးတွင် ‌နေထိုင်လျှက်ရှိ‌သော အနည်းငယ်သာ ကျန်ရှိ သည့် ယင်းတလဲလူမျိုးစုများ ကွယ်‌ပျောက်သွားနိုင်သလို ပြည်တွင်းငြိမ်းချမ်း‌ရေးကိုပါ ထိခိုက်နိုင်သည့်အတွက် ယခုကဲ့သို့ စု‌ပေါင်းကန့်ကွက်ရခြင်းဖြစ်သည်ဟု ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူထုလှုပ်ရှားမှုကွန်ရက်မှ တာဝန်ခံ ‌စောသာဘိုးက ယခုလို ‌ပြောသည်။

“ပြီးခဲ့တဲ့မတ်လက ‌ရေကာတာ‌ဆောက်မဲ့‌နေရာမှာ ‌ဒေသခံ‌တွေ ဆန္ဒပြတယ်။ ပြပြီး အဲ့ ရွာသူကြီး အသတ်ခံရတယ်။ တိုက်ပွဲထပ် ဖြစ်တယ်။ ရွာသားနှစ်‌ယောက်လည်း ဒဏ်ရာရကြတယ်။ ဒီလိုမျိုး ခြိမ်း‌ခြောက်မှု‌တွေ ဖြစ်လာတယ်။ အခုဟတ်ကြီးမှာ ကားလမ်း ‌ဖောက်တာ‌တွေ တိုးချဲ့လာတာ‌ကြောင့် စီမံကိန်း စလုပ်မယ်လို့ ယူဆလို့ ရတယ်။ အာရှလမ်းမက‌နေ ဟတ်ကြီးကို လမ်း‌ဖောက်မဲ့ ‌နေရာ‌တွေက DKBA ‌နေရာဖြစ်တဲ့အတွက် တိုက်ပွဲပြန်ဖြစ်ရင် ငြိမ်းချမ်း‌ရေးထိခိုက်နိုင်တဲ့အတွက် ကန့်ကွက်ရတာဖြစ်တယ်”ဟု ‌ပြောသည်။

လက်ရှိ ရှမ်းပြည်နယ် အ‌ရှေ့ပိုင်း မိုင်းတုံမြို့၊ မိုင်းလားနှင့် ၃၉ကီလိုမီတာခန့်အကွာရှိ မိုင်းတုံ‌ရေကာတာစီမံကိန်း တည်‌ဆောက် ရန် သံလွင်မြစ်‌ဘေးရှိ ‌ကျောက်‌တောင်များကို ‌မြေစမ်းသပ်မှု၊ ပတ်ဝန်းကျင် ရှင်းလင်းခြင်းများကို၂၀၁၄ခုနှစ်ကုန်ပိုင်းခန့်တွင် လာ ‌ရောက်ပြုလုပ်‌နေပြီး ‌ဒေသခံများကို ယင်း‌နေရာသို့ ဝင်ထွက်ခွင့်မပြုဘဲ ကန့်သတ်နယ်‌မြေအဖြစ် သတ်မှတ်ထားသည်ဟု သျှမ်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့မှ နန်းခမ်း‌နောင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ သံလွင်မြစ်‌ပေါ်တည်‌ဆောက်မည့် ‌ရေကာတာ စီမံကိန်းများ တည်‌ဆောက်ခြင်းမပြုရန် ပြီးခဲ့သည့် ဧပြီလ ၇ရက်‌နေ့တွင် မွန်ပြည်နယ်လွှတ်‌တော်သို့ ‌ချောင်းဆုံမြို့နယ်၊ အမှတ်(၁) ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌ဒေါက်တာ‌အောင်နိုင်ဦးက အဆို တင်သွင်းခဲ့ရာ ‌အောင်မြင်ခဲ့ပြီး မွန်ပြည်နယ်လွှတ်‌တော်က သံလွင်မြစ်‌ပေါ်တွင် မည်သည့်စီမံကိန်းမှ မပြုလုပ်ရန် အတည်ပြုထား သည်။

“အစိုးရ ဘာလုပ်လုပ် အယုံအကြည်ကို မရှိတာ၊ မရှိတဲ့အ‌ကြောင်းကလည်း အချက်အလက်‌တွေ ကျ‌နော့်မှာ အများကြီးရှိတယ်။ အခုလည်း သံလွင်မြစ်‌ပေါ်မှာ ‌ရေကာတာကိစ္စ လုံးဝ မလုပ်ဖို့ မွန်ပြည်နယ်လွှတ်‌တော်က အတည်ပြုထားတာကို ဆက်လုပ်မယ် ဆိုရင်‌တော့ ဒီအစိုးရနဲ ့ကျ‌နော်တို့က‌တော့ ‌ပြောစရာ အများကြီးရှိလိမ့်ဦးမယ်”ဟု ‌ဒေါက်တာ‌အောင်နိုင်ဦးက ဆိုသည်။

သံလွင်မြစ်‌ပေါ်တွင် သျှမ်းပြည်နယ်၌ ကွမ်းလုံ၊ ‌နောင်ဖ၊ တာဆန်း၊ မိုင်တုံ၊ ကယားပြည်နယ်(ကရင်နီပြည်နယ်)၌ ရွာသစ်ကြီး၊ ကရင်ပြည်နယ်တွင် ဟတ်ကြီး‌ရေကာတာများ တည်‌ဆောက်သွားမည်ဟု အစိုးရက ‌ပြောဆိုထားသည့်အ‌ပေါ် ကရင်၊ ကရင်နီ၊ မွန်၊ သျှမ်း လူမျိုးစု လူမှုအဖွဲ့အစည်းတို့အပြင် ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်း‌ပေါင်း ၁၂၂ဖွဲ့က အခုလို ကန့်ကွက်‌နေကြခြင်း ဖြစ်‌ကြောင်း သိရသည်။