Home သတင်း မိမိပြည်သူနှင့် နိုင်ငံတကာ‌ရှေ့တွင် စည်းလုံးမှုပြသရန် ‌ကော်သူး‌လေအမျိုးသားများထံ KNO ‌မေတ္တာရပ်ခံ

မိမိပြည်သူနှင့် နိုင်ငံတကာ‌ရှေ့တွင် စည်းလုံးမှုပြသရန် ‌ကော်သူး‌လေအမျိုးသားများထံ KNO ‌မေတ္တာရပ်ခံ

1700

ဇူလိုင် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်တစ်မျိုးသားလုံးကို ကိုယ်စားပြု ဦး‌ဆောင်‌နေသည့် ကရင်လက်နက်ကိုင်အဖွဲ့များအ‌နေဖြင့် မိမိပြည်သူနှင့် နိုင်ငံတကာ‌ရှေ့ တွင် အမြဲတမ်း စည်းလုံးညီညွတ်မှုကို ပြသကြရန် ကချင်အမျိုးသားများ အစည်းအရုံး-KNO က ဇူလိုင်လ ၂၈ရက်‌နေ့က ‌မေတ္တာ ရပ်ခံလိုက်ပါသည်။

ကရင်အမျိုးသားများ စည်းစည်းလုံးလုံးဖြင့် ကရင်ပြည်သူလူထု လိုအပ်သည့် အခွင့်အ‌ရေးကိုသာ ကြိုးစားသင့်ပြီး တစ်ဖွဲ့နှင့်တစ် ဖွဲ့ ရန်လိုတိုက်ခိုက်မှုမျိုးကို KNO အ‌နေဖြင့် မလိုလားဘဲ ကရင်တစ်မျိုးသားလုံးကို ဦး‌ဆောင်‌နေသည့် အဖွဲ့အစည်းက ‌ခေါင်း ‌ဆောင်များအ‌နေဖြင့် ညီ‌နောင်အဖွဲ့များ၏ ဆန္ဒကိုသိ‌စေရန် ရည်ရွယ်‌ပေးပို့ခြင်းဖြစ်‌ကြောင်း KNO ဥက္ကဋ္ဌ ဘူဝါဘမွာလါရန်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

ဘူဝါဘမွာလါရန်က “ကရင်တစ်မျိုးသားလုံးက တိုင်းရင်းသားအားလုံးရဲ့ နိုင်ငံ‌ရေးမှာပဲဖြစ်ဖြစ်၊ ‌တော်လှန်‌ရေးမှာပဲဖြစ်ဖြစ် ဦး ‌ဆောင်ခဲ့တယ်ဆိုတာ သမိုင်းက သက်‌သေခံတယ်။ အဲ့ဒီ‌တော့ ကရင်ပြည်သူ‌တွေ၊ တိုင်းရင်းသားလက်နက်ကိုင်‌တွေနဲ့ နိုင်ငံတ ကာအ‌ရှေ့မှာ အမြဲတမ်း ညီညီညွတ်ညွတ် ရှိတယ်ဆိုတာကိုပြသင့်တယ်”ဟု ‌ပြောသည်။

အဆိုပါ‌မေတ္တာရပ်ခံစာ၌ ကရင်အမျိုးသားများသည် အဂင်္လိပ်‌ခေတ်မှ လွတ်လပ်‌ရေးရသည်အထိ ကချင်အမျိုးသားများအား နိုင်ငံ ‌ရေး၊ စစ်‌ရေး၊ ပညာ‌ရေးနှင့် ဘာသာ‌ရေးကဏ္ဍများတွင် ဦး‌ဆောင်‌ပေးခဲ့သည့် အမျိုးသားများဖြစ်သည့်အတွက် အစဉ်‌လေးစား သည်ဟုလည်း ‌ဖော်ပြပါရှိသည်။

ထို့အပြင် ဤကဲ့သို့ ဦး‌ဆောင်လမ်းပြ‌ပေးနိုင်ခဲ့သည့် ‌ကော်သူ‌လေ ကရင်အမျိုးသားများအ‌နေဖြင့် အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှု များ မကြာခဏ ဖြစ်‌ပေါ်‌နေသည့်အ‌ပေါ် ကချင်အမျိုးသားများအ‌နေဖြင့် စိတ်မ‌ကောင်းဖြစ်မိ‌ကြောင်းနှင့် ကရင်ပြည်သူလူထု လို အပ်သည့်ပန်းတိုင်‌ရောက်‌အောင် ရင်ကြား‌စေ့ ညှိနှိုင်း‌ဆွေး‌နွေးမှုဖြင့် ဦး‌ဆောင်သွားရန် တိုက်တွန်း‌ဖော်ပြထားသည်။

ယခုဇူလိုင်လအတွင်း ကရင်ပြည်နယ်၌ အာရှလမ်းမကို အ‌ကြောင်းပြု၍ ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော်-DKBA နှင့် အစိုးရတပ်တို့တိုက်ပွဲပြီး‌နောက်ပိုင်း နယ်ခြား‌စောင့်တပ်အသွင်‌ပြောင်း BGF အပါအဝင် ကျန်ကရင်လက်နက်ကိုင်အဖွဲ့များ အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သည်။

ထိုင်းနိုင်ငံတွင် အဓိကအ‌ခြေစိုက်သည့် ကချင်အမျိုးသားများအစည်းအရုံး-KNO ကို ၁၉၉၉ခုနှစ်၊ ဇန်နဝါရီလ ၉ရက်‌နေ့တွင် စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကချင်အမျိုးသားများ အများဆုံး သွား‌ရောက်‌နေထိုင်ကြသည့် အဂင်္လန်(UK)၊ အိန္ဒိယ၊ ဒိန်းမတ်၊ အ‌မေရိကန်၊ ဂျပန်နှင့် မ‌လေးရှားနိုင်ငံတို့တွင်လည်း KNO အဖွဲ့ခွဲရုံးများကို ဖွင့်လှစ်ထား‌ကြောင်း သိရသည်။