Home ထိပ်တန်းသတင်း မတည်ငြိမ်‌သေးသည့် တိုက်ပွဲ‌ကြောင့် ပြည်သူ ၁,၀၀၀‌ကျော် စစ်‌ဘေး‌ရှောင်‌နေရ

မတည်ငြိမ်‌သေးသည့် တိုက်ပွဲ‌ကြောင့် ပြည်သူ ၁,၀၀၀‌ကျော် စစ်‌ဘေး‌ရှောင်‌နေရ

1477

ဇူလိုင် ၁၆ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ၊ စအိုင်စူး

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် အာရှလမ်းမကြီးအနီး၌် ပြီးခဲ့သည့် ဇူလိုင် ၂ရက်‌နေ့မှ လက်ရှိအချိန်ထိ ဖြစ်ပွားလျှက်ရှိ‌သော ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)နှင့် အစိုးရစစ်တပ်တို ့ တိုက်ပွဲများ‌ကြောင့် ယခုအချိန်ထိ နယ်‌မြေမတည် ငြိမ်‌သေးသည့်အတွက် ‌ဒေသခံ ၁,၀၀၀‌ကျော်ခန့်မှာ ‌နေအိမ်စွန့်၍ စစ်‌ဘေး‌ရှောင်‌နေရသည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောသည်။

တိုက်ပွဲများ‌ကြောင့် စစ်‌ဘေး‌ရှောင်ခဲ့ရသူများမှာ ဒီ‌ကေဘီ‌အေ တပ်စွဲထားသည့်‌နေရာအနီးရှိ ‌ကော့ကရိတ်မြို့နယ် ‌ကောင်းမှု‌ကျေး ရွာ၊ ‌စော်ဟဲ‌ကျေးရွာနှင့် သစ်ဝါး‌ကျေးရွာများမှဖြစ်ကြပြီး ရွာလုံးကျွတ် တိမ်း‌ရှောင်‌နေရသည်ဟု ‌ကောင်းမှု‌ကျေးရွာဥက္ကဋ္ဌ ‌စောဒီ ‌ကောင်ကူက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု ကျ‌နော်တို့ရွာက တစ်ရွာလုံးထွက်‌ပြေးရတယ်။ ရွာမှာလည်း ဒီ‌ကေဘီ‌အေ‌တွေ ရှိတယ်။ အခု ဘယ်သူမှ မ‌နေရဲ‌တော့ဘူး။ အိမ်က ထွက်လာတာ ဘာမှယူလို့မရဘူး။ ရွာမှာ ကျွဲနွား‌တွေလည်း ရှိ‌သေးတယ်။ ပြန်ယူဖို့ကို အစိုးရစစ်တပ်က မ‌ပေးပြန်ဘူး။ ပြန်လည်း မရဲ‌သေးဘူး။ ကျ‌နော်တို့ အရမ်းဒုက္ခ‌ရောက်‌နေတယ်”ဟု ‌စောဒီ‌ကောင်ကူက ‌ပြောသည်။

ထို့အပြင် စစ်‌ဘေးတိမ်း‌ရှောင်‌နေရသည့် ပြည်သူများကို လက်ရှိအချိန်ထိ ‌ထောက်ပံ့မှု အနည်းငယ်သာရရှိပြီး စားဝတ်‌နေ‌ရေး အခက်အခဲရှိသည့်အပြင် က‌လေးများ၏ ပညာ‌ရေးအတွက်လည်း ထိခိုက်လာသည်ဟု ‌ကော့ကရိတ်မြို့နယ်၊ လှှိုင်းစိမ်း‌ကျေးရွာ၊ မိ‌ကျောင်းကုန်းဘုန်းကြီး‌ကျောင်းမှ ဆရာ‌တော်ဦးစန္တိမာက ‌ကေအိုင်စီသို့ မိန့်ကြားသည်။

အဆိုပါ စစ်‌ပြေး‌ရှောင်ပြည်သူများသည် ‌ကော့ကရိတ်မြို့နယ်၊ လှှိုင်းစိမ်း‌ကျေးရွာ၊ မိဖာလဲ‌ကျေးရွာ၊ ရန်ကုတ်‌ကျေးရွာနှင့် နို့‌ကြောင် ‌ကျေးရွာတို့အပြင် ‌ကော့ကရိတ်မြို့‌ပေါ်ရှိ ဘုန်းကြီး‌ကျောင်းများ၌ လာ‌ရောက်ခိုလှုံ‌နေကြသကဲ့သို့ အချို့က နီးစပ်ရာ‌ကျေးရွာများမှ ‌ဆွေမျိုးအိမ်များသို့ သွား‌ရောက်ခိုလှုံရသူများလည်းရှိသည်ဟု ‌ကောင်းမှု‌ကျေးရွာဥက္ကဌ ‌စောဒီ‌ကောင်ကူက ဆက်‌ပြောသည်။ ၎င်း အပြင် စစ်‌ဘေး‌ရှောင်ပြည်သူများကို ‌ကော့ကရိတ်မြို့‌ပေါ်ရှိ ရပ်မိရပ်ဖ အလှူရှင်များက အလျင်းသင့်သလို သွား‌ရောက်ကူညီမှုရှိ ‌သော်လည်း ‌လောက်ငှမှုမရှိ‌ကြောင်း သိရသည်။

ယခုလို တိုက်ပွဲများ ဆက်လက် ဖြစ်ပွား‌နေရခြင်းမှာ နယ်ခြား‌စောင့်တပ်-BGF က ဒီ‌ကေဘီ‌အေ ထိန်းချုပ်နယ်‌မြေများကို လိုက် လံရှင်းလင်း‌နေသည့်အတွက် ပစ်ခတ်မှုများ ရှိ‌နေရခြင်းဖြစ်‌ကြောင်း ဒီ‌ကေဘီ‌အေမှ ဗိုလ်မှူး‌စောဆန်း‌အောင်က ဇူလိုင်လ ၁၄ရက် ‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“သူတို့(အစိုးရစစ်တပ်)က လက်နက်ကြီးနဲ့ စပစ်တယ်။ ပစ်ပြီး တက်လာတယ်။ အဲလိုတက်လာ‌တော့ ကျ‌နော်တို့တပ်နဲ့ ထိပ် တိုက်‌တွေ့‌တော့ ပစ်ခတ်မှုဖြစ်တယ်။ ဒါ‌ပေမယ့် ဘယ်တပ်က ပစ်တာလဲ‌တော့ မသိဘူး။ အခုပြန်ဖြစ်တဲ့ တိုက်ပွဲမှာ ကျ‌နော်တို့ ဘက်က ထိခိုက်မှု မရှိဘူး”ဟု ‌စောဆန်း‌အောင်က ဆိုသည်။

ဒီ‌ကေဘီ‌အေနှင့် အစိုးရတို့တိုက်ပွဲများ ဖြစ်ပွား‌နေမှုကို ရပ်တန့်‌ပေးရန် ရန်ကုန်မြို့၌ ဇူလိုင်လ ၂ရက်မှ ၄ရက်‌နေ့အထိ ပြုလုပ် သည့် ကရင်အမျိုးသားအကြိုညီလာခံတွင် ‌တောင်းဆိုခဲ့သလို ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်‌နေ့တွင် ဖားအံမြို့၌ ပြည်နယ်အတွင်းရှိ ကရင့်‌တော်လှန်‌ရေးလက်နက်ကိုင်အဖွဲ့စုံနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦး‌ဆောင်သည့် အစိုးရကိုယ်စားလှယ်များ ‌ဆွေး‌နွေးခဲ့ ‌သော်လည်း လက်ရှိအချိန်ထိ ပစ်ခတ်မှုများ ရှိ‌နေဆဲဖြစ်သည်။

“ဒီ‌နေ့မနက် ၉နာရီအချိန်မှာ ကျုံဒိုးမြို့က (၅၄၇)တပ်က ၉တိုင်မှာ ‌နေရာသွားယူတယ်။ အဲဒီက လူထု‌တွေကို‌တော့ ‌နေရာ‌ရွှေ့ခိုင်း တယ်။ လူထု‌တွေက ၅တိုင် ‌တောင်ပြဘုန်းကြီး‌ကျောင်းမှာ အခု သွား‌နေ‌နေရတယ်။”ဟု ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်းမှ နယ်ခံ တစ်ဦးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

ကရင်ပြည်နယ် မြဝတီ-‌ကော့ကရိတ်ကားလမ်း‌ဟောင်းနှင့် အာရှလမ်းသစ်တို့ကို ပြန်လည်ထိန်းချုပ်နိုင်‌ရေးအတွက် တပ်မ‌တော် နှင့် နယ်ခြား‌စောင့်တပ်-BGF တို့ ပူး‌ပေါင်းပြီး နယ်‌မြေရှင်းလင်းခဲ့ရာ ကားလမ်း‌ဟောင်း‌ပေါ်တွင် ၁၉ကြိမ်နှင့် အာရှလမ်းသစ်‌ပေါ် တွင် အကြိမ် ၂ဝခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဇူလိုင် ၁၂ရက်‌နေ့တွင် အစိုးရမီဒီယာက ထုတ်ပြန်‌ကြေညာခဲ့သည်။