Home ထိပ်တန်းသတင်း ဖာပွန်အ‌ခြေစိုက် BGF က ‌ဒေသခံများအ‌ပေါ် အတင်းအကြပ် ‌စေခိုင်းမှုများရှိ‌နေ

ဖာပွန်အ‌ခြေစိုက် BGF က ‌ဒေသခံများအ‌ပေါ် အတင်းအကြပ် ‌စေခိုင်းမှုများရှိ‌နေ

2250

ဇူလိုင်၂၄ ရက်၊၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဖာပွန်ခရိုင်၊ တပ်မဟာ(၅) နယ် ‌မြေနှင့် ဆက်စပ် ‌နေသည့် ထီး‌ဘောခီး‌ကျေးရွာ၌ စခန်းချ တပ်ထိုင်‌နေသည့် ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်(BGF )တပ်ရင်း (၁၀၁၄)က တပ်စခန်းအနီးရှိ ‌ဒေသခံရွာသားများအ‌ပေါ် အတင်း အကြပ် ခိုင်း‌စေမှုများရှိ‌နေသည်ဟု ‌ဒေသတွင်း သတင်းရင်းမြစ်များက ‌ကေအိုင်စီသို ့‌ပြောသည်။

“ မဲပရီး‌ကျေးရွာအုပ်စုမှာရှိတဲ့ ထီး‌ဘော‌ကော့‌ကျေးရွာ၊ မဲပရီးဖိုးခီးရွာနဲ ့မဲပရီး‌ကျေးရွာ‌တွေက ရွာသား ‌တွေကို တရွာတစ်‌ယောက်နှုန်း BGFတပ်ရင်း(၁၀၁၄)မှာ လာ‌နေခိုင်းတယ်။ သူတို ့ဆီ လာမ‌နေ‌ပေးရင် တဦး ငါး‌ထောင်ကျပ်၊ တရွာဆို ငါး‌သောင်းကျပ်‌ပေးရမယ်လို ့‌ပြောတယ်။ ဆက်သားပုံစံ ‌နေရပြီး ခိုင်းတာ လုပ်ရတယ်” ဟု အမည်မ‌ဖော်လိုသည့် ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို ့ဇူလိုင် ၂၃ ရက်‌နေ့ တွင်‌ပြောသည်။

အဆိုပါ အတင်းအကြပ်‌ခေါ်ခိုင်းခြင်းမျိုးကို ယခုနှစ် ဧပြီလမှ စတင်ကာ လက်ရှိအချိန်ထိပြုလုပ်‌နေ ဆဲဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင် ၁၆နှင့် ၁၈ရက်‌နေ့တွင် မဲပရီး‌ကျေးရွာအုပ်စု ထီး‌ထော့ခီး‌ကျေးရွှာမှ ‌စော‌ရွှေ‌မောင်၊ ‌စော‌မောင်ဝင်း၊ ‌စောဖားတကီ၊ ‌စောဖါး‌ခေနို့ ‌လေးဦးတို့ တစ်ဦးလျှင် ၃ ရက်စီ သွား‌ရောက် ‌နေ‌ပေးခဲ့ရ‌သေးသည်။

ထို့ကဲ့သို့ လာ‌ရောက်‌နေ‌ပေးသူများကို BGFမှ လိုအပ်သလို ‌စေခိုင်း‌သော်လည်း လုပ်အားခ တစ်စုံ တစ်ရာ ရရှိ ခြင်းမရှိခဲ့သလို လက်ရှိ ‌တောင်ယာစိုက်ပျိုးချိန်‌ရောက်ရှိလာသည့်အတွက် ‌ဒေသခံများ အ‌ပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်‌ပေါ်‌စေသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ BGFအမှတ်(၁)တပ်နယ်မှူး ဗိုလ်မှူးစိုးနိုင်က “ ဒီလိုကိစ္စမျိုးကို ကျ‌နော် တို့ညွန်ကြားတာမျိုးမရှိပါဘူး။ ခုနက အဲ့ဒီ‌ရှေ့တန်းကိုဖုန်းဆက်‌မေး‌တော့ တပ်ရင်း(၁၀၁၄)က တပ်စုမှူးဗိုလ်ဖားဒါးက‌ပြောတယ် အထက်အမိန့်မရဘဲနဲ့‌တော့ အဲ့ဒီလိုမျိုး‌တွေ‌ခေါ်ထားတာ၊ ‌ခေါ်ခိုင်းတာမျိုးကို မလုပ်ပါဘူးလို့‌တော့‌ပြောတယ် ” ဟု ‌ကေအိုင်စီသို ့ယ‌နေ ့‌ပြောသည်။

ထို့အပြင် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့-KHRG မှ စည်းရုံးလှုံ့‌ဆော်‌ရေးတာဝန်ခံ ‌စော‌ဝေ‌လေးက “ အရင် တုန်းက ဆိုရင် တပ်ရင်း (၁၀၁၃) နဲ့ (၁၀၁၄) နှစ်ရင်းလုံးက‌နေပြီး အနည်းဆုံး ၁၅ရွာ ‌လောက်ကို လုပ်ခိုင်းတယ်။ ဆက်သား အ‌နေနဲ့‌ခေါ်ခိုင်းတာမျိုး၊ ‌ပေါ်တာဆွဲတာမျိုး ‌နောက်ပြီး တံတား‌တွေ ပြင်တာ တို့ဆိုရင်‌ခေါ်ခိုင်းတယ်။ ပိုက်ဆံ‌တောင်းတာမျိုးတို့‌တော့ မကြားမိ‌သေးဘူး ” ဟု ‌ပြောသည်။

ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် တပ်ရင်း (၁၀၁၃) နှင့်(၁၀၁၄)တို ့အ‌နေဖြင့် ‌ဒေသခံများအ‌ပေါ် အတင်းအကြပ် ‌စေခိုင်းမှုများ ၂၀၁၂ ခုနှစ်မှ စတင်ကာ ယ‌နေ ့ထိလုပ်‌ဆောင်‌နေ‌ကြောင်း KHRG မှ ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။