Home သတင်း ဒုက္ခသည်စခန်း ၉ခု၌ ဩဂုတ်လမှစ၍ ရိက္ခာခွဲတမ်းအချို့ တ‌ပြေးညီ သတ်မှတ်‌ပေးသွားမည်

ဒုက္ခသည်စခန်း ၉ခု၌ ဩဂုတ်လမှစ၍ ရိက္ခာခွဲတမ်းအချို့ တ‌ပြေးညီ သတ်မှတ်‌ပေးသွားမည်

1854

ဇူလိုင် ၂ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်း(၉)ခုကို အကူအညီ‌ပေး‌နေသည့် The Border Consortium – TBC က လာမည့် ဩဂုတ်လမှစတင်ကာ ဆန်နှင့် မီး‌သွေး ခွဲတမ်းများကို စခန်းအားလုံး၌ တ‌ပြေးညီနှုန်းထား ‌ထောက်ပံ့သွားမည်ဖြစ်သည် ဟု ကရင်ဒုက္ခသည်‌ကော်မတီ(KRC)က ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောဆိုသည်။

ဒုက္ခသည်များအား ‌ငွေ‌ကြေး‌ထောက်ပံ့မှု‌လျော့သွားခြင်းအ‌ပေါ် အ‌ခြေခံ၍ TBC အပါအဝင် ကရင်ဒုက္ခသည်‌ကော်မတီ-KRC နှင့် ဒုက္ခသည်စခန်းများမှ တာဝန်ရှိသူများက ‌ဆွေး‌နွေးညှိနှိုင်းပြီး‌နောက် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ‌နော်ဘလူးမင်းနိုက် ဇန်က ယခုလို ‌ပြောသည်။

“အရင်ကတည်းက ရိက္ခာခွဲတမ်း‌တွေ‌ပေးတဲ့‌နေရာမှာ စခန်းတစ်ခုနဲ့တစ်ခု နည်းနည်းကွာတာရှိတယ်။ ဆန်ခွဲတမ်းကို အ‌ခြေအ‌နေ ‌ပေါ် မူတည်ပြီး ၁၃ကီလိုနဲ့ ၈ကီလိုကြား ‌ပေးတဲ့စခန်း‌တွေရှိတယ်။ အဲဒါ‌တွေကို တစ်သမတ်တည်းဖြစ်သွား‌အောင်လို့ အခုလို လုပ် လိုက်တာပါ။ ကျန်တဲ့ရိက္ခာ‌တွေကို‌တော့ အရင်တိုင်း ဆက်‌ပေးသွားဖို့ ရှိပါတယ်”ဟု သူမက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ပြောင်းလဲလိုက်သည့် ရိက္ခာခွဲတမ်းများအရ စခန်းအားလုံးမှ ပုံမှန် အိမ်‌ထောင်စုများရှိ လူကြီးများအတွက် တစ်လလျှင် ဆန် ၉ ကီလိုဂရမ်နှင့် မီး‌သွေး‌ထောက်ပံ့မှုကို ပုံမှန်‌ပေးထားသည့်ခွဲတမ်းထက် အိမ်‌ထောင်စုတိုင်း၏ အိမ်‌ထောင်ဦးစီးတစ်ဦးတည်းထံမှ သာ ၅ကီလိုဂရမ် ‌လျှော့ချ‌ပေးသွားမည်ဖြစ်သည်။

ရိက္ခာခွဲတမ်းများ အနည်းငယ် ‌ပြောင်းလဲမှုရှိ‌သော်လည်း ၆လမှ ၅နှစ်‌အောက် က‌လေးများအတွက် ဆန် ၆ကီလို၊ ၅နှစ်မှ ၁၇နှစ် က‌လေးများနှင့် ခုခံနိုင်မှုအားနည်းဆုံး (အိုမင်းသူ၊ မသန်စွမ်းသူနှင့် ဝင်‌ငွေမရှိသူ) အိမ်‌ထောင်စုများရှိ လူကြီးများမှာမူ မူလရရှိ ထားသည့် ဆန်ခွဲတမ်းအတိုင်း ၁၁ကီလိုရရှိဖြစ်ပြီး အ‌ဆောင်‌နေ‌ကျောင်းသားများအတွက် ၁၃.၅ကီလိုဂရမ် ဆက်လက် ရရှိမည် ဟု သိရသည်။

လက်ရှိ ရိက္ခာခွဲတမ်း ‌ပြောင်းလဲသည့်အ‌ခြေအ‌နေများကို ဒုက္ခသည်စခန်းများတွင် လက်ကမ်းစာ‌စောင်များဖြင့် ကြိုတင် အသိ‌ပေး မှုများ လုပ်‌ဆောင်‌နေပြီး ‌ပြောင်းလဲလိုက်သည့် ဆန်ရိက္ခာခွဲတမ်းအရ ပို၍ခက်ခဲကြပ်တည်း‌စေသည်ဟု ဒုက္ခသည်များက ‌ပြောဆို သည်။

မယ်လဒုက္ခသည်စခန်း ဇုံ C-4 ရပ်ကွက်မှ ဦးကာစင်က “ကျ‌နော်တို့ အဓိကက‌တော့ ဆန်ပဲ‌ပေါ့။ ဒီမှာ‌နေတဲ့ တစ်ချို့လုပ်ငန်းရှိသူ ‌တွေက ကိစ္စမရှိဘူး။ အပြင်မထွက်ရဘူး ဆို‌ပေမယ့် နားလည်မှုနဲ့ နီးစပ်ရာ ထွက်ပြီး အလုပ်လုပ်‌နေရတာပဲ။ နဂိုကတည်းက မ‌လောက်လို့ အပြင်ထွက် အလုပ်လုပ်ရတဲ့သူ‌တွေက အခက်အခဲ ပိုဖြစ်တာ‌ပေါ့”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်မှစ၍ ဒုက္ခသည်စခန်းများတွင် ရိက္ခာ‌လျော့ချမှုများ တဖြည်းဖြည်း ဖြစ်‌ပေါ်လာသလို ၂၀၁၄ခုနှစ်၊ ‌မေလ ၂၂ ရက်‌နေ့တွင် ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး‌နောက်ပိုင်း ဒုက္ခသည်စခန်းများကို လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် မရှိ‌တော့ဘဲ လုံခြုံ‌ရေး တင်းကြပ်ထားမှုများရှိသဖြင့် စခန်း‌နေသူတို့ အတွက် အခက်အခဲဖြစ်‌ပေါ်‌စေခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ထိုင်းနိုင်ငံရှိ မယ်‌ဟောင်‌ဆောင်ခရိုင်၊ တာခ့်ခရိုင်၊ ကန်ချနဘူရီခရိုင်များတွင် ကရင်ဒုက္ခသည် စခန်း ၇ခုနှင့် ကရင်နီဒုက္ခသည်စခန်း ၂ခုရှိကာ လူဦး‌ရေစုစု‌ပေါင်း တစ်သိန်း‌ကျော်ရှိ‌ကြောင်း TBC က ထုတ်ပြန်ထားသည်။