Home သတင်း တိုက်ပွဲပြင်းထန်လာပါက လူသားချင်းစာနာမှု ကူညီ‌ပေးရန် ထိုင်းအာဏာပိုင်များ ကြိုတင်ပြင်ဆင်

တိုက်ပွဲပြင်းထန်လာပါက လူသားချင်းစာနာမှု ကူညီ‌ပေးရန် ထိုင်းအာဏာပိုင်များ ကြိုတင်ပြင်ဆင်

1436

ဇူလိုင် ၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

အစိုးရတပ်မ‌တော်နှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)တို့အကြား ဖြစ်ပွား‌နေသည့်တိုက်ပွဲသည် ပိုမိုပြင်း ထန်လာပါက လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီများ‌ပေးနိုင်ရန် ပြင်ဆင်ထား‌ကြောင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ဒုအုပ် ချုပ်‌ရေးမှူး နိုင်ဆွတ်ထာဆိုင်ဝါနစ်က ယ‌နေ့ မဲ‌ဆောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ‌ပြောကြားခဲ့သည်။

၎င်းက “အကယ်၍ တိုက်ပွဲက ရက်ရှည်ပြီး‌တော့ ပြင်းထန်လာရင် ‌ဆေးရုံ‌တွေ၊ ဘာ‌တွေ ပြင်ထား‌ပေးဖို့ ဒီက‌နေ ပြင်ဆင်ထားပါ တယ်။ ဘယ်သူပဲဖြစ်ဖြစ် တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ လူအားလုံးကို လူသားချင်းစာနာတဲ့အ‌နေနဲ့ ကု‌ပေးဖို့အတွက် ကျ‌နော် တို့ လုပ်ထား‌ပေးထားပါတယ်״ဟု ‌ပြောကြားခဲ့သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် မဲ‌ဆောက်-မြဝတီလမ်း‌ကြောင်းမှတဆင့် နှစ်နိုင်ငံ ကုန်သွယ်‌ရေးလုပ်ငန်းကို ရပ်ဆိုင်းထားရသ ဖြင့် ထိခိုက်မှုရှိ‌သော်လည်း ပစ်ခတ်မှုများရပ်စဲပြီး လမ်းပြန်ဖွင့်သွားပါက ကုန်သွယ်မှုမှာ ပုံမှန်အ‌ခြေအ‌နေတွင် ရှိသွားမည်ဟု ၎င်း က ဆက်‌ပြောသည်။

ထို့အပြင် တိုက်ပွဲ‌ကြောင့် ‌ကော့ကရိတ်-မြဝတီဆက်သွယ်ထား‌သော လမ်း‌ကြောနှစ်ခုစလုံး ပိတ်ထားရသဖြင့် မြန်မာဘက်ခြမ်း သို့တင်ပို့မည့် ထိုင်းကုန်ပစ္စည်းများမှာ ထိုင်းဘက်ခြမ်း မဲ‌ဆောက်မြို့နှင့် မြန်မာဘက်ခြမ်း မြဝတီမြို့ရှိ ဂို‌ဒေါင်များတွင် ‌သောင်တင် ‌နေပြီး ခရီးသည်များလည်း သွားလာ‌ရေးအတွက် ခက်ခဲလျှက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်က ဒီ‌ကေဘီ‌အေနှင့် အစိုးရတပ်မ‌တော်တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ကြောင့် ‌သောင်းနှင့်ချီ၍ ထွက်‌ပြေး လာ‌သော မြဝတီမြို့ခံများကိုလည်း ထိုင်းဘက်ခြမ်းက လူသားချင်းစာနာမှု အကူအညီများ ‌ပေးပို့ခဲ့ဖူးသည်။

ယခုလ ဇူလိုင် ၂ရက်‌နေ့မှစ၍ ယ‌နေ့အထိ ဖြစ်ပွားလျှက်ရှိသည့် ဒီ‌ကေဘီ‌အေနှင့် အစိုးရတပ်များ၏ တိုက်ပွဲကာလအတွင်း နှစ် ဘက် ထိခိုက်ကျဆုံးမှုများအပြင် အရပ်သားများပါ ထိခိုက်ဒဏ်ရာမှုများရှိသည်ဟု သိရသည်။