Home သတင်း တိုင်းရင်းသားနယ်‌မြေများတွင် NLD ကို ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဟု UNA ‌ပြောဆို

တိုင်းရင်းသားနယ်‌မြေများတွင် NLD ကို ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဟု UNA ‌ပြောဆို

1804

ဇူလိုင် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ‌ရွေး‌ကောက်ပွဲတွင် တိုင်းရင်းသားနယ်‌မြေများ၌ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) လာ‌ရောက်ယှဉ်ပြိုင်ပါက စည်း လုံးညီညွတ်‌သော တိုင်းရင်သားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) အ‌နေဖြင့် ပြန်လည်ရင်ဆိုင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်ဟု ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ‌တော်ဝင်နှင်းဆီခန်းမ၌ ဇူလိုင်လ ၂၇ရက်မှ ၂၉ရက်‌နေ့အထိ ပြုလုပ်သည့် UNA နှင့် မိတ်ဖက်အဖွဲ့အ စည်းများ၏ တတိယအကြိမ် ညှိနှိုင်း‌ဆွေး‌နွေးပွဲအပြီးတွင် UNA အတွင်း‌ရေးမှူးဖြစ်သူ စိုင်းညွှန့်လွင်က ‌ပြောဆိုလိုက်သည်။

ယ‌နေ့ည‌နေပိုင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စိုင်းညွှန့်လွင်က “‌ရွေး‌ကောက်ပွဲအတွက် UNA က‌တော့ တတ်နိုင်သ ‌လောက် ပြင်ဆင်‌နေတယ်။ ‌နောက်ဆုံး NLD လာပြိုင်ရင်လည်း ပြိုင်ရမှာ ဖြစ်ပါတယ်။ ‌ရှောင်လွှဲလို ့မရဘူး‌လေ။ ကျ‌နော်တို ့UNA က ကိုယ့်နယ်‌မြေမှာ ကိုယ်ပြိုင်ခြင်း ဖြစ်ပါတယ်။ ရန်ကုန်တို့၊ မန္တ‌လေးတို့မှာ လာပြိုင်တာလည်း မရှိပါဘူး။ ‌လော‌လောဆယ် မညှိ နှိုင်းခင်မှာ‌တော့ ဒီအတိုင်းပဲ သွားရမှာဖြစ်ပါတယ်”ဟု SNLD အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးလည်းဖြစ်သူ စိုင်းညွန့်လွင်က‌ပြောသည်။

NLD အ‌နေဖြင့် UNA အဖွဲ့ဝင်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်(SNLD) နှင့် ‌ရွေး‌ကောက်ပွဲကိစ္စကို ယခုလအ တွင်း လာ‌ရောက်‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့စဉ်က CRPP အဖွဲ့ဝင် ခွန်ထွန်းဦး ဝင်ပြိုင်မည့်‌နေရာကို ‌ရှောင်‌ပေးမည်ဟု ‌ပြောဆိုခဲ့ဖူးပြီး မိမိ တို့အ‌နေဖြင့် တစ်ပါတီချင်း ‌ဆွေး‌နွေးမှုထက် UNA အဖွဲ့ဝင်များနှင့် ‌ဆွေး‌နွေးညှိနှိုင်းပါက ပိုအကျိုးရှိမည်ဟု ‌ပြောဆိုလိုက်‌သော် လည်း ယခုအချိန်ထိ အ‌ကြောင်းမပြန်‌သေး‌ကြောင်း SNLD ‌ခေါင်း‌ဆောင်များ၏ ‌ပြောပြချက်အရ သိရသည်။

ယင်းသို့ CRPP ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ ‌ရွေး‌ကောက်ပွဲဝင်မည့်‌နေရာများကိုသာ ‌ရှောင်‌ပေးမည်ဟု NLD က ‌ပြောဆိုခြင်းသည် တိုင်းရင်းသားများအတွက် လုံ‌လောက်မှုမရှိဟု ကရင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ မန်းထိန်ဝင်းစိန်က ၎င်း၏အမြင်ကို ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“CRPP ‌ခေါင်း‌ဆောင်ပိုင်းက သုံး‌လေး‌ယောက်ပဲရှိတာ။ အခု ဦးခွန်ထွန်းဦးဆို မဝင်‌တော့ဘူး။ တစ်ဦးတည်းအမြင် ‌ပြောရရင် တိုင်းရင်းသား‌တွေနဲ ့‌နေရာခွဲယူသင့်တယ်။ အကုန်လုံး‌ပေးရမယ် မဆိုလိုဘူး။ တိုင်းရင်းသား‌တွေ အား‌ကောင်းတဲ့ ဥပမာ ပန်းတ ‌နော်၊ အိမ်မဲ၊ ‌ကျောင်းကုန်း ကရင်များတယ် စသည်အားဖြင့် အဲ့လို‌နေရာ‌တွေမှာ တိုင်းရင်းသားဖြစ်တဲ့ ကရင်‌တွေဆီက မဲ‌တွေနဲ့ သူ့မဲ‌တွေသာယူလိုက်ရင် ဘယ်သူ့မှ ‌ကြောက်စရာမလိုဘူး။ သူ့မဲ‌တော့ မ‌ပေးချင်ဘူး။ တိုင်းရင်းသားမဲကို‌တော့ လိုချင်တဲ့သ‌ဘော လို့ မြင်တယ်”ဟု မန်းထိန်းဝင်းစိန်က ‌ပြောသည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် ယင်း‌ဆွေး‌နွေးပွဲအပြီးတွင် အ‌ကြောင်းအမျိုးမျိုးပြကာ မဲဆန္ဒနယ်‌မြေများ ပယ်ဖျက်ခြင်း လွတ်လပ်၍ တရားမျှတ‌သော ‌ရွေး‌ကောက်ပွဲ ဖြစ်‌ပေါ်လာ‌ရေးကို အဟန့်အတားဖြစ်‌စေသည့် လုပ်ရပ်များအား မပြုလုပ်ရန် တိုက်တွန်း‌တောင်း ဆိုထားသည့်အချက် အပါအဝင် အချက် ၉ချက်ဖြင့် သ‌ဘောထား‌ကြေညာချက်တစ်‌စောင်ကိုလည်း ထုတ်ပြန်ခဲ့‌သေးသည်။

UNA တွင် လက်ရှိအချိန်၌ ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကချင်အမျိုး သားဒီမိုက‌ရေစီကွန်ကရက်ပါတီ၊ ဇိုမီးဒီမိုက‌ရေစီအဖွဲ့ချုပ်၊ သျှမ်းတိုင်းရင်းသားများဒီမိုက‌ရေစီအဖွဲ့ချုပ်နှင့် သျှမ်းပြည် ကိုးကန့်ဒီမို ကရက်တစ်ပါတီ စသည့်တိုင်းရင်းသားပါတီ ၈ခုဖြင့် ဖွဲ့စည်းထားကာ တိုင်းရင်းသားပါတီ သုံးပါတီက အဖွဲ့သို့ ထပ်မံဝင်‌ရောက် လာရန်ရှိ‌ကြောင်းလည်း UNA ‌ခေါင်း‌ဆောင်များထံမှ သိရသည်။