Home ထိပ်တန်းသတင်း ကရင်အမျိုးသား ရဲတပ်ဖွဲ့ဝင် ၅ဦး အသတ်ခံရမှု ပြန်လည်ကြားနာစစ်‌ဆေး‌နေဆဲ

ကရင်အမျိုးသား ရဲတပ်ဖွဲ့ဝင် ၅ဦး အသတ်ခံရမှု ပြန်လည်ကြားနာစစ်‌ဆေး‌နေဆဲ

1610

ဇူလိုင် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသား ရဲတပ်ဖွဲ့ (KNPF) ဒုရဲမှူး ‌စောသိန်းဦး အပါအဝင် အဖွဲ့ဝင် ၅ဦး ‌သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်အမှုအ‌ပေါ် ကိုယ် တိုင် ကျူးလွန်သူနှင့် ပါဝင်ပတ်သက်သည်ဟု ယူဆရသူ‌လေးဦးကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)၊ ဒူးပလာ ယာခရိုင် တရားရုံးတွင် အမှုကို ပြန်လည်ကြားနာစစ်‌ဆေး‌နေ‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယင်းကိစ္စကို ဇူလိုင်လ ၂၈ရက်‌နေ့မှ စတင်ကာ ခရိုင်တရားရုံးတွင် ပြန်လည်ကြားနာစစ်‌ဆေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ အမှုကြားနာ လျှက်ရှိသည့် အ‌ခြေအ‌နေများအ‌ပေါ် ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင် တွဲဖက်အတွင်း‌ရေးမှူး ‌စောမိုးအဲ့ဒို့က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“မ‌နေ့က‌နေစပြီး ကျူးလွန်သူ အပါအဝင် သံသယရှိသူ ငါးဦးကို စစ်‌ဆေး‌နေတုန်းဖြစ်ပါတယ်။ အဲဒီအတွက် ထပ်ပြီး ကြားနာစစ် ‌ဆေးမှု‌တွေ လုပ်ရအုံးမှာဖြစ်လို့ စီရင်ချနိုင်ဖို့က‌တော့ ဒီသုံး‌လေးရက်အတွင်း ‌လော‌လောဆယ် မဖြစ်နိုင်‌သေးဘူး”ဟု ‌စောမိုးအဲ့ဒို့ က ဆိုသည်။

အဆိုပါအမှုကို ခရိုင်/တပ်မဟာအဆင့်နှင့် ‌ကေအဲန်ယူ၊ ဗဟိုတရားရုံးအထိ အဆင့်ဆင့် ကြားနာမှုပြုခဲ့ပြီး‌နောက် ‌ကေအဲန်ယူ ဗဟိုတရား‌ရေးဋ္ဌာနက ခရိုင်အဆင့်တွင်သာ စီရင်ဆုံးဖြတ်ရန် ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းက လွှဲ‌ပြောင်းတာဝန်‌ပေးခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

လက်ရှိအချိန်တွင် ဒူးပလာယာခရိုင် တရားသူကြီး ပဒို‌စော‌မောင်မြင့်နှင့် အဖွဲ့ဝင် ၆ဦး ပါဝင်‌သော ခရိုင်တရားစီရင်‌ရေး‌ကော်မတီ တစ်ခုကို ဖွဲ့စည်းကာ အမှုကို ဆက်လက် ကြားနာစစ်‌ဆေးလျှက်ရှိပြီး စီရင်ချက်ချသွားမည့် ၎င်းအမှုစစ်‌ဆေးရာသို့ အသတ်ခံရသူ များနှင့် ကျူးလွန်သူများ မိသားစုဝင်အချို့ အပါအဝင် အမှုကြားနာသူပရိဿတ် ၅ဝဦး‌ကျော် တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

‌ကေအဲန်ယူ မြို့နယ်အဆင့် ဒုရဲမှူး‌စောသိန်းဦးနှင့် တပ်ဖွဲ့ဝင်များဖြစ်သည့် ‌စောဝင်းကြိုင်၊ ‌စောတာ့ဆိ၊ ‌စောဆိဆိ၊ ‌စော‌ဘွေဝါးတို့ ကို ၎င်းတို့ဖမ်းဆီးထားသည့် တရားခံ လွတ်‌မြောက်သွားမှုဖြင့် အဖွဲ့အစည်း၏ စည်းမျဉ်းစည်းကမ်းအရ ယာယီ အပြစ်‌ပေး ချုပ် ‌နှောင်ထားချိန်အတွင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ နှစ်အိမ်ရွာ၌ ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ ‌အောက်တိုဘာလ ၂၃ ရက်‌နေ့တွင် ကျူးလွန်သူက ‌သေနတ်ဖြင့် သွား‌ရောက်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။