Home သတင်း ကရင်လက်နက်ကိုင်အဖွဲ့များအားလုံး စုစည်းညီညွတ်ကြရန်KNDO ဦးစီးချုပ်တိုက်တွန်း

ကရင်လက်နက်ကိုင်အဖွဲ့များအားလုံး စုစည်းညီညွတ်ကြရန်KNDO ဦးစီးချုပ်တိုက်တွန်း

1881

ဇူလိုင် ၁၇ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်လက်နက်ကိုင်အဖွဲ့များအားလုံး ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် အတူတကွ ပူး‌ပေါင်းပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ တိုက်ခိုက်ခြင်းမပြုဘဲ တစ်ခုတည်း‌သော ကရင်အမျိုးသားအလံ‌တော်‌အောက်တွင် စုစည်းကြရန် ဇူလိုင်လ ၁၆ရက်‌နေ့တွင် ကျ‌ရောက်သည့် (၆၈)နှစ်‌မြောက် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့-KNDO ‌နေ့တွင် တပ်ဖွဲ့၏ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူး ချုပ်‌စောနယ်ဒါးဘိုမြက ‌ပြောကြားလိုက်သည်။

‌စောနယ်ဒါးဘိုမြက “ဒီအချိန်မှာ ကရင်လက်နက်ကိုင်‌တွေ စည်းလုံးခြင်းနဲ့ လုပ်‌ဆောင်ရမယ့်အချိန်ဖြစ်တယ်။ လက်နက် ကိုင်‌ဆောင်ထားကြတဲ့ ကရင်လက်နက်ကိုင်အသီးသီး‌တွေ ကိုယ့်ကိုယ်ကို ကရင်မှန်းသိရမယ်။ မိမိကိုယ်ကို ကရင်မှန်းသိခဲ့ ရင် ဘယ်လူမျိုးကြီးဝါဒီ‌တွေကိုမှ ‌ကြောက်စရာမလိုဘူး။ ‌နောက်ပြီး ကရင်ပြည်နယ်ကို ကရင်‌တွေသာ အုပ်ချုပ်ရမယ်။ ကရင် ‌တွေ မအုပ်ချုပ်ဘူးဆိုရင် အဓိပ္ပာယ်မရှိဘူး”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ၎င်းတို့အ‌နေဖြင့် ကရင်အမျိုးသားများနည်းတူ ရည်မှန်းချက်၊ ရည်ရွယ်ချက်ချင်းတူညီသည့် အခြား‌သော လူမျိုးစု တိုင်းရင်းသားများ၊ ဘဝတူ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့်လည်း စစ်မှန်သည့် ဖက်ဒရယ်ပြည်‌ထောင်စုကို တည်‌ဆောက်နိုင်ရန် လက်တွဲလုပ်‌ဆောင်သွားမည်ဟု ဗိုလ်မှူးချုပ်‌စောနယ်ဒါးဘိုမြက ဆက်လက် ‌ပြောဆိုခဲ့သည်။

ယမန်‌နေ့က ကျ‌ရောက်ခဲ့သည့် အဆိုပါ KNDO ‌နေ့ကို KNDO ဌာနချုပ် အပါအဝင် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ခရိုင်၊ တပ်မဟာ (၇)ခုရှိ KNDO တပ်ရင်း အသီးသီးကပါ ပြုလုပ်ကျင်းပခဲ့ကြသည်။

KNDO ဌာနချုပ်၌ ပထမဦးဆုံး ပြုလုပ်ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားတွင်လည်း ‌ကေအဲန်ယူ ဗဟို‌ကော်မတီများ အပါ အဝင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA မှ တပ်မှူးကြီးများ၊ KNDO နှင့် KNLA တပ်ဖွဲ့ဝင်များ၊ လူထုပရိ ဿတ်‌ပေါင်း ၅၀၀‌ကျော် တက်‌ရောက်အား‌ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနား၌ KNDO ‌နေ့ ဖြစ်‌ပေါ်လာရခြင်း၊ ဖွဲ့စည်းရခြင်း သမိုင်း‌ကြောင်း‌နောက်ခံများကို တက်‌ရောက်လာသည့် တပ်မှူး၊ တပ်သားများနှင့် လူထုပရိဿတ်များကို သက်ဆိုင်ရာ‌ခေါင်း‌ဆောင်ကြီးများက ရှင်းလင်း‌ဟော‌ပြော‌ပေးခဲ့သည်။

ကရင်တမျိုးသားလုံးသည် ဒုတိယကမ္ဘာစစ်ကြီးအပြီး ကရင်ပြည်ရရှိ‌ရေးအတွက် တခဲနက်အုံကြွကာ စုစည်းညီညွတ်စွာ တိုက်ပွဲဝင်နိုင်‌ရေးအတွက် ၁၉၄၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၅ရက်‌နေ့တွင် KNU ကို စတင်ဖွဲ့စည်းခဲ့ပြီး‌နောက် ကရင်အမျိုးသား များ၏ ‌တောင်းဆိုချက်များကို ဖဆပလ အစိုးရမှ အကြမ်းဖက်နှိမ်နင်းခဲ့ခြင်း‌ကြောင့် ကရင်အမျိုးသားကိုကာကွယ်ရန် ဇူလိုင် လ ၁၆ရက်‌နေ့တွင် KNDO ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၆၇နှစ်‌မြောက် KNDO ‌နေ့ကို KNU တပ်မဟာ(၆)နယ်‌မြေ၊ ဒူးပလာယာခရိုင်‌ဒေသရှိ အူးက‌ရေ့ခီးရွာ၌ ကျင်းပခဲ့ သည်ဟု သိရသည်။