Home ထိပ်တန်းသတင်း ကရင်ပါတီထက် အတိုက်ခံပါတီကြီးကို ဝန်းရံလိုမှု‌ကြောင့် NLD မှ အ‌ရွေးခံရန် ‌နော်စူစန်နာ ဆုံးဖြတ်

ကရင်ပါတီထက် အတိုက်ခံပါတီကြီးကို ဝန်းရံလိုမှု‌ကြောင့် NLD မှ အ‌ရွေးခံရန် ‌နော်စူစန်နာ ဆုံးဖြတ်

1510

ဇူလိုင် ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်မြို့အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီများ ကိုယ်စားပြု ဝင်အ‌ရွေး ခံရန် ကမ်းလှမ်းမှုများရရှိခဲ့‌သော်လည်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားပြုအဖြစ်သာ အ‌ရွေးခံရန် ဆုံး ဖြတ်လိုက်‌ကြောင်း ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအသင်း (KWEG) ဒါရိုက်တာ ‌နော်စူစန်နာလှလှစိုးက ‌ကေ အိုင်စီသို့ ‌ပြောသည်။

“လွှတ်‌တော်ထဲမှာ အရည်အချင်းပြည့်ဝတဲ့ ကိုယ်စားလှယ်‌တွေရှိဖို ့လိုအပ်တယ်။ ‌နောက်ပြီး‌တော့ NLD ကလည်း ၈၈ ကတည်းက‌နေ ကျမတို့ ‌လေးစားအားကျရတဲ့ပါတီ ဖြစ်တယ်‌လေ။ ပါတီကြီးဖြစ်တယ်၊ အတိုက်အခံပါတီဖြစ်တယ်။ ဒီပါတီကို ဝန်းရံဖို ့‌ထောက်ခံဖို့ လိုအပ်တယ်‌ပေါ့‌နော်။ အဲ့ဒါနဲ့ ကျမက ပါဝင်ဖို့ ဆုံးဖြတ်‌လျှောက်ထားလိုက်တာပါ”ဟု ‌နော်စူစန်နာက ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

သူမအ‌နေဖြင့် ကရင်ပါတီများနှင့် ညှိနှိုင်းမှုများရှိခဲ့ပြီး ဒီမိုက‌ရေစီအင်အားစုများဘက်က ရပ်တည်မည်ဆိုလျှင် ကရင် နိုင်ငံ‌ရေးပါတီများကလည်း ‌ထောက်ခံသည့်အတွက် အခုလို ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆက်‌ပြောသည်။

ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသားပါတီ (KNP)တို့က ‌ရွေး‌ကောက်ပွဲတွင် ၎င်းတို့၏ ပါတီများကိုယ်စားပြု အ‌ရွေးခံရန် သွား‌ရောက်ကမ်းလှမ်းမှုများ ပြုလုပ်‌သေးခဲ့သည်ဟု သက်ဆိုင်ရာ ပါတီတာဝန်ရှိသူ များထံမှ သိရသည်။

ကရင်အမျိုးသားပါတီ(KNP) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်း‌ကျော်ငြိမ်းက “သူ့ကို ကျ‌နော်တို ့ကမ်းလှမ်းခဲ့ပါတယ်။ သူ လည်း ကူညီ‌ပေးမယ်လို့ ‌ပြောပါတယ်။ အများကြီး‌တော့ မ‌မျှော်လင့်ခဲ့ပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အမည်မ‌ဖော်လိုသူ KUPC ‌ကော်မတီဝင်တစ်ဦးက “KPP ‌ရော၊ KNP ‌ရော သူ့ကို ကမ်းလှမ်းခဲ့တယ်လို ့သိရတယ်။ ထင်ရှားတဲ့ ကရင်အမျိုးသမီးတစ်ဦးအ‌နေနဲ ့ ကရင်ပါတီ‌တွေကို ကိုယ်စားပြုမဝင်တာ စဉ်းစားစရာ‌ပေါ့‌နော်။ ဒီ‌နေရာ မှာ ကရင်ပါတီ‌တွေကလည်း စည်းရုံး‌ရေးစွမ်းရည်ရှိဖို့၊ ဒီထက် အင်အား‌ကောင်းဖို့ လိုလာတယ်။ ကရင်အမျိုးသား‌တွေ လည်း ကရင်ပါတီ‌တွေ အပါအဝင်၊ ကရင်လူမှုအဖွဲ့အစည်း‌တွေ အား‌ကောင်းဖို့ရာ ကျရာ‌နေရာက‌နေ ကူညီဖို့လည်း လိုတယ်”ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု ‌ပြောသည်။

NLD အ‌နေဖြင့် ‌နော်စူဆဲနာလှလှစိုး အပါအဝင် နယ်ပယ်စုံထင်ရှားသူများ ပါတီအတွင်းသို့ ‌ရောက်ရှိလာသည့်အ တွက်ကို ကြိုဆို‌ကြောင်းလည်း ပါတီဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် နန်းခင်‌ထွေးမြင့် ‌ကေအိုင်စီသို့ ‌ပြောသည်။ ထို့အ ပြင် KPP နာယက ဆရာကြီး‌စောထွန်း‌အောင်ချိန်က သူမအ‌နေဖြင့် ကရင်အမျိုးသားအ‌ရေးအတွက် လွှတ်‌တော်ထဲ ‌ရောက်ရှိရန် အ‌ရေးကြီးသည့်အတွက် ယခုလို ဆုံးဖြတ်လိုက်သည့်အ‌ပေါ် နားလည်‌ပေးနိုင်‌ကြောင်း ‌ပြောဆိုခဲ့သည်။

‌နော်စူစန်နာလှလှစိုးသည် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအသင်းတွင် ဆယ်နှစ်‌ကျော်ကြာ လူမှု‌ရေးလုပ်ငန်း များကို ဦးစီးလုပ်‌ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၄ခု နှစ်ကုန်ပိုင်း၌ ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့‌တော်စည်ပင်သာယာ ‌ရွေး ‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့‌သေးသည်။