Home သတင်း ‌ကော့ကရိတ် စစ်‌ဘေး‌ရှောင်ပြည်သူအတွက် အရပ်ဘက်လူမှုအဖွဲ့များ သွား‌ရောက်ကူညီမည်

‌ကော့ကရိတ် စစ်‌ဘေး‌ရှောင်ပြည်သူအတွက် အရပ်ဘက်လူမှုအဖွဲ့များ သွား‌ရောက်ကူညီမည်

1610

ဇူလိုင် ၂၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ မြဝတီ-‌ကော့ကရိတ် အာရှလမ်းမတွင် စတင်ဖြစ်ပွားခဲ့သည့် ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော် (DKBA)နှင့် အစိုးရစစ်တပ်တို့ကြား ဇူလိုင်လ ၂ရက်မှ ၁၅ရက်‌နေ့အထိ တိုက်ပွဲဖြစ်ပွားပြီး‌နောက် ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်‌ဘေး ‌ရှောင်ပြည်သူများကို အရပ်ဘက် ကရင်လူမှုအဖွဲ့အစည်းများက လာမည့်အပတ်တွင် သွား‌ရောက်ကူညီမည်ဟု သိရသည်။

စစ်‌ဘေး‌ရှောင်ပြည်သူများ ကူညီ‌ထောက်ပံ့‌ရေး‌ကော်မတီအဖွဲ့ကို ကရင်လူမှုအဖွဲ့များမှ တာဝန်ခံ ၉ဦးဖြင့် အ‌ရေး‌ပေါ် ဖွဲ့စည်းလိုက် ရာ ညှိနှိုင်း‌ရေးတာဝန်ခံ ‌စော‌လေ‌ကွေဒူ့၊ ပို့‌ဆောင်‌ရေးနှင့် ဆက်သွယ်‌ရေးတာဝန်ခံ ကို‌အောင်ဆန်းဦး၊ ‌ဒေသခံ မန်းသိန်း‌ဇော်၊ ကရင်‌ရေးရာ‌ကော်မတီမှ ဆရာ‌စော‌ကျော်စွာ စသည်တို့ ပါဝင်ခဲ့ကြသည်။

၎င်း‌ကော်မတီ ‌စောစိန်‌ထွေးက “သူတို့က ဘာ‌တွေလိုအပ်သလဲဆိုတာ အရင်ဆုံး ကျ‌နော်တို့စုံစမ်းမယ်။ ပြီးမှ ဘာ‌တွေလှူဒါန်း သွားမလဲဆိုတာ လုပ်‌ဆောင်သွားမယ်။ ကျ‌နော်တို့က သူတို့‌တွေကို ရုပ်ပိုင်းဆိုင်ရာမှာ တစ်စိတ်တစ်‌ဒေသ‌တော့ နိုင်သ‌လောက် ကူညီ‌ပေးသွားချင်တယ်။ စိတ်ပိုင်းဆိုင်ရာမှာ‌တော့ လက်ရှိ ကျ‌နော်တို့ မကူညီနိုင်‌သေးပါဘူး။သူတို့ ‌နေ့စဉ်နှင့်အမျှ စိုးရိမ်မှု၊ ဘဝ မလုံခြုံမှု‌တွေ ခံစား‌နေရပါတယ်”ဟု ‌ပြောသည်။

ယင်း‌ကော်မတီအ‌နေဖြင့် အစိုးရဘက် အဖွဲ့များနှင့်‌သော်လည်း‌ကောင်း၊ နယ်ခြား‌စောင့်တပ်(BGF) အဖွဲ့နှင့်‌သော်လည်း‌ကောင်း၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ ရပ်မိရပ်ဖများနှင့် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည်ဟု သိရသည်။

ထိုသို့ အရပ်ဘက်လူမှုအဖွဲ့အစည်းလူငယ်များ စစ်‌ဘေး‌ရှောင်ပြည်သူများအား လာ‌ရောက်ကူညီမည်ဟု ကြားသိရသဖြင့် ကြိုဆို လက်ခံ‌ကြောင်းနှင့် ထိုအရပ်ဘက်လူငယ်အဖွဲ့မှ လိုအပ်သည့် အကူအညီများကို ပံ့ပိုး‌ပေးသွားမည်ဟု နယ်ခြား‌စောင့်တပ် ဗိုလ်မှူး နိုင်‌မောင်‌ဇော်က ‌ပြောသည်။

၎င်းက “‌ကောင်းပါတယ်။ လူငယ်အဖွဲ့‌တွေက အခုလို လုပ်‌ဆောင်‌ပေးတာကို ကျ‌နော်တို့ ‌ထောက်ခံအား‌ပေးပါတယ်။ လွန်ခဲ့တဲ့ ရက်မှာ ကျ‌နော်တို့ ဗိုလ်မှူးကြီး‌စောချစ်သူလည်း မြဝတီအရပ်ဘက်အဖွဲ့ကို စစ်‌ဘေး‌ရှောင်‌တွေအတွက် သိန်း ၂ဝ လှူဒါန်းလိုက် ‌သေးတယ်။ လူငယ်‌တွေ လာ‌ရောက်လှူဒါန်းမယ်ဆိုရင် ကျ‌နော်တို့ဘက်ကလည်း တတ်နိုင်သ‌လောက် ဝိုင်းဝန်းကူညီ‌ပေးသွား မယ်”ဟု ‌ပြောသည်။

အလားတူ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG) ကလည်း ‌ကောင်းမှုရွာသားများ ခိုလှုံသည့်‌နေရာသို့ သွား‌ရောက် ကာ စစ်‌ဘေး‌ရှောင်ရွာသားများနှင့် ‌တွေ့ဆုံခဲ့ပြီး လိုအပ်ချက်များ၊ အခက်အခဲများ သွား‌ရောက်‌မေးမြန်းခဲ့သည်ဟု ၎င်းအဖွဲ့၏ စီမံ ခန့်ခွဲမှုဒါရိုက်တာ ‌နော်စူစန်နာလှလှစိုးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“ကျမတို့အဖွဲ့သွားတာက အဲဒီမှာ‌နေတဲ့ ‌ကောင်းမှုရွာသား‌တွေကို‌မေး‌တော့ သူတို့ရွာကိုပဲ ပြန်ချင်တယ်။ ရွာပြန်ပြီး စပါးပြန်စိုက် ချင်တယ်။ အခု‌လော‌လောဆယ်‌တော့ အဲဒီရွာက သူများအိမ်မှာ သူတို့‌နေတယ်။ ဆန်‌တွေကို‌တော့ ဘုန်းကြီး‌ကျောင်းမှာပဲ ထား ထားတယ်။ က‌လေး‌တွေစာသင်ဖို့ စာအုပ်‌တွေလာလှူတာရှိ‌ပေမယ့်လည်း ထီး‌တွေ၊ ဖိနပ်‌တွေ၊ အဝတ်အစား‌တွေ လို‌သေးတာ ‌ပေါ့”ဟု သူမက ဆိုသည်။

စစ်‌ဘေး‌ရှောင်ပြည်သူများ ကူညီ‌ထောက်ပံ့‌ရေး‌ကော်မတီသည် ရန်ကုန်မြို့၊ ပန်ဒါဟိုတယ်၌ ဇူလိုင်လ (၁၅)ရက်‌နေ့က ပြုလုပ်ခဲ့ သည့် တစ်နိုင်ငံလုံးရှိ အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေးညီလာခံ‌ဆွေး‌နွေးပွဲတွင် အ‌ရေး‌ပေါ် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ ၎င်း‌ကော်မတီသည် မြန်မာနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းများမှ ထည့်ဝင်လှူဒါန်းလာသည့် ‌ငွေစုစု‌ပေါင်း ကျပ်သိန်း ၆ဝ လက်ခံရ ရှိထားပြီးဖြစ်သည်ဟု သိရသည်။