Home ထိပ်တန်းသတင်း အာရှအ‌ဝေး‌ပြေးလမ်း စီမံကိန်းသည် ငြိမ်းချမ်း‌ရေးကို ထိခိုက်‌စေသည်ဟု KPSN ထုတ်ပြန်

အာရှအ‌ဝေး‌ပြေးလမ်း စီမံကိန်းသည် ငြိမ်းချမ်း‌ရေးကို ထိခိုက်‌စေသည်ဟု KPSN ထုတ်ပြန်

1644

ဇူလိုင် ၁၂ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ကရင်ပြည်နယ်အတွင်း မြဝတီမှ ‌ကော့ကရိတ်သို့ သွားလာရန်‌ဖောက်လုပ်ထားသည့် အာရှလမ်းမကြီးတွင် ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့သည့် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်-DKBA နှင့် အစိုးရစစ်တပ်ကြား တိုက်ပွဲများ‌ကြောင့် ပြည်နယ်အတွင်း ငြိမ်းချမ်း‌ရေးကို ထိခိုက်‌လျော့ပါး‌စေသည်ဟု ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက်-KPSN က ‌ကြေညာစာတမ်း ထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၁ဝရက်‌နေ့စွဲဖြင့် ထုတ်ပြန်သည့် ၎င်း‌ကြေညာစာတမ်း၌ တည်မြဲ‌သော အပစ်အခတ်ရပ်စဲ‌ရေးနှင့် နိုင်ငံ‌ရေးသ‌ဘောတူ ညီချက်များ မရရှိ‌သေးချိန်တွင် အကြီးစားဖွံ့ဖြိုး‌ရေး စီမံကိန်းများ အ‌ကောင်အထည်‌ဖော်ခြင်းသည် ပဋိပက္ခကို ပိုမို ဆိုးရွား‌စေပြီး ကရင်ပြည်နယ်အတွင်းရှိ ငြိမ်းချမ်း‌ရေးကို ထိခိုက်‌လျော့ပါး‌စေကာ ပြည်သူ့လုံခြုံ‌ရေးကို ထိခိုက်‌စေနိုင်သည်ဟု ‌ဖော်ပြပါရှိသည်။

၎င်း‌ကြေညာစာတမ်းနှင့်ပတ်သက်၍ ပဋိပက္ခများအ‌ပေါ် ‌ပြောဆို‌ဆွေး‌နွေးမှုများ၌ တိကျခိုင်မာသည့် သ‌ဘောတူညီမှုမရှိသည့် အ‌ခြေအ‌နေတွင် ဤကဲ့သို့ ဖွံ့ဖြိုးမှုစီမံကိန်းကြီးများကို လုပ်‌ဆောင်‌နေခြင်းသည် ငြိမ်းချမ်း‌ရေးပုံစံဖြစ်မ‌နေဘဲ ပစ်ခတ်တိုက်ခိုက်မှု များ ဖြစ်ပွား‌စေပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်ဆုံးရှုံးမှုများ ဖြစ်‌ပေါ်‌စေသည်ဟု KPSN ၏ ‌ပြောခွင့်ရသူ ‌နော်ဆာမူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျမတို့အ‌နေနဲ့ စစ်မက်ဖြစ်ပွားတာကို မလိုလားပါဘူး။ ဒီလိုစီမံကိန်းကြီး‌တွေကို နိုင်ငံအတွင်းမှာ တိကျခိုင်မာတဲ့ ငြိမ်းချမ်း‌ရေးရှိ မှလုပ်တာ ‌ကောင်းပါမယ်။ နှစ်ဖက်အဖွဲ့အစည်း‌တွေမကဘူး။ အားလုံးအတွက် အကျိုးဖြစ်‌စေပြီး‌တော့ ပဋိပက္ခကို ဖန်တီးပြီး ငြိမ်း ချမ်း‌ရေးဖြစ်စဉ်‌တွေကို ထိခိုက်‌စေမဲ့ ဖွံ့ဖြိုးမှုစီမံကိန်းကြီးလမ်းစဉ် ပုံစံကို မဖြစ်‌စေချင်ဘူး״ဟု ‌နော်ဆာမူးက ‌ပြောသည်။

၎င်း‌ကြေညာစာတမ်း၌ အ‌ဝေး‌ပြေးလမ်းမနှင့်ဆက်စပ်သည့် ကိစ္စပြဿနာများကို တာဝန်ရှိအဖွဲ့များအ‌နေဖြင့် ရန်လိုတိုက်ခိုက်‌နေ မှုများကို ‌ရှောင်ရှားကာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အတွင်း ညှိနှိုင်း‌ဆွေး‌နွေးကာ ‌ကေအဲန်ယူအ‌နေဖြင့်လည်း ကြားဝင်ဖျန်‌ဖြေမှုဖြင့် ငြိမ်းချမ်းသည့်အ‌ဖြေရရှိ‌အောင် လုပ်‌ဆောင်သင့်သည်ဟုလည်း (၇)ချက်ကိုပါ ထည့်သွင်းအကြံပြုထားသည်။ ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက်-KPSN ၏ ‌ကြေညာစာတမ်းကို KPSN အဖွဲ့ဝင်‌ပေါင်း ၂၅ဖွဲ့က တရားဝင် ‌ထောက်ခံထားသည်။

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူအ‌နေဖြင့် အဆိုပါပဋိပက္ခကို သိမ်‌မွေ့စွာဖြင့် ကိုင်တွယ်‌ဖြေရှင်းရသည့် အ‌ခြေအ‌နေ၌ ရှိ‌နေသည်ဟု ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်းက လက်ရှိဖြစ်ပွား‌နေသည့် ပစ်ခတ်တိုက်ခိုက်မှု ပဋိပက္ခနှင့် ပတ်သက်၍ ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “နိုင်ငံ‌ရေးရဲ့ အ‌ခြေခံပြဿနာ‌တွေကို မ‌ဖြေရှင်းနိုင်‌သေးဘဲနဲ့ ဒီလိုဖွံ့ဖြိုး‌ရေး‌တွေ၊ စီးပွား‌ရေး‌တွေကို တဟုန်ထိုး ထိုးတင် လာမယ်ဆိုရင်‌တော့ မမျှတမှု‌တွေ၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေ အများကြီးဖြစ်‌ပေါ်လာမှာပါ။ ဒီအ‌ပေါ်မှာ အဆင့်မြင့်တိုင်းရင်း သားကိုယ်စားလှယ်‌တွေနဲ့ အစိုးရ မကြာခင်ရက်ပိုင်းမှာ ‌တွေ့ဆုံသွားခဲ့ရင် ဒီလိုဖြစ်‌ပေါ်လာတဲ့ အကျိုးဆက်‌တွေကို ‌ထောက်ပြ ‌ဆွေး‌နွေးသွားမယ်လို့ ယုံကြည်ပါတယ်״ဟု ဆက်‌ပြောသည်။

မြန်မာအစိုးရ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ခရီးစဉ်လုံခြုံ‌ရေးကိစ္စအ‌ပေါ် အ‌ခြေခံ၍ ဇူလိုင်လ ၂ရက်‌နေ့က DKBA နှင့် အစိုးရဘက်မှ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ ခမရ(၂၃၁)တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာ ယခုအချိန်ထိဖြစ်သည်။