Home သတင်း အစိုးရတပ်နှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွား‌နေဆဲ

အစိုးရတပ်နှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ တိုက်ပွဲ ဆက်လက် ဖြစ်ပွား‌နေဆဲ

2215

ဇူလိုင် ၇ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ကောင်းမှု‌ကျေးရွာအနီးရှိ ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)နှင့် အစိုးရ တပ်မ‌တော်တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှက်ရှိသည်ဟု ဒီ‌ကေဘီ‌အေ ကလို့ထူးဝါးဗျူဟာ ‌ထောက်လှမ်း‌ရေးမှူး ဗိုလ်ကြီး‌စောသရီးထူးက ‌ပြောသည်။

“မနက် ၁၁နာရီ‌လောက်က တ‌ခေါက်ဖြစ်တယ်။ မွန်းလွဲ ၂နာရီကစပြီး အခုထိ(၄နာရီခွဲ)ပစ်တုန်းပဲ။ ‌လေး‌နေရာက‌နေ ကျ‌နော်တို့ ကို ဝိုင်းပစ်ကြတယ်။ မနက်က‌တော့ ကျ‌နော်တို့မပစ်ဘူး။ အခုက ထိပ်တိုက်တိုက်ပွဲပါ။ တိုက်ပွဲအရှိန်က မြင့်သထက် မြင့်လာပြီ။ အရှိန်‌လျော့လာဖို့ အ‌ခြေအ‌နေ မ‌ပေါ်‌သေးဘူး။ ဒီ‌နေ့ ကျ‌နော်တို့ ထိခိုက်တာမရှိဘူး״ဟု ၎င်းက ယမန်‌နေ့က ‌ကေအိုင်စီသို့ ‌ပြော သည်။

၎င်း‌ဒေသရှိ ‌တောင်သုံးလုံး၊ ‌တောင်ပြတ်၊ ‌အောက်ဘိုတဲနှင့် ၉၇တပ်စခန်းမှ အစိုးရတပ်မ‌တော် စစ်ဆင်‌ရေးကွပ်ကဲမှုဋ္ဌာနချုပ် (စကခ-၁၂)လက်‌အောက်ခံ တပ်ရင်းများဖြစ်ကြ‌သော (၂၃၁)၊ (၂၉၀)၊ (၂၇၅)၊ (၅၄၁)နှင့် (၅၄၉)တို့က ၁၂၀-မမ၊ ၈၀-မမ၊ ၁၅၅ -မမ၊ ၈၁-မမနှင့် ၆၀-မမ အ‌မြှောက်လက်နက်များဖြင့် လှမ်း၍ ပစ်ခတ်‌နေခြင်းဖြစ်သည်ဟု ဗိုလ်ကြီး‌စောသရီးထူးက ‌ပြောသည်။

ထိုသို့ တိုက်ပွဲအရှိန်မြင့်လာမှု‌ကြောင့် ‌ကော့ကရိတ်-မြဝတီ သွားလာ‌နေသည့် အာရှလမ်းသစ်လမ်း‌ကြောအပြင် ‌ဒေါန‌တောင်‌ပေါ် ပတ်လမ်း‌ဟောင်းကိုပါ သွားလာမှုများ ပိတ်ပင်ထားရသည့်အတွက် ကုန်သည်များနှင့် ခရီးသည်များ ခရီးလမ်း ကြန့်ကြာ‌နေရ သည်ဟု ကား‌မောင်းသမားတစ်ဦးဖြစ်သူ ကို‌ဇော်သူရက ‌ပြောသည်။

သူက “လမ်းမပွင့်‌တော့ ခရီးသွား‌တွေ မြဝတီမှာ‌သောင်တင်‌နေတယ်။ ဘန်‌ကောက်ကပြန်လာတဲ့သူဆိုရင် စရိတ်‌တွေကများ ‌တော့ စား‌သောက်စရိတ်‌တွေ၊ တည်းခိုးခန်း‌တွေမြှင့်တက်လာတယ်။ ခွင့်ရလို့ပြန်လာတာ အိမ်က မိဘ‌တွေလည်း စိတ်မပူရ ‌အောင် လမ်းကို အမြန်ဆုံး ပြန်ဖွင့်‌ပေးပြီး‌တော့ ခရီးသွား‌တွေကို မတိုက်ခိုက်ဘဲ ‌ဘေးကင်း‌အောင် ကူညီ‌ပေး‌စေချင်ပါတယ်״ဟု ဆိုသည်။

ဇူလိုင်လ ၆ရက်‌နေ့မနက် ၉နာရီခန့်တွင် အာရှလမ်းမ၌လည်း‌ကောင်း၊ မနက် ၁ဝနာရီခန့်တွင် လမ်း‌ဟောင်း‌တောင်‌ခြေရှိ ‌ကောင်း မှု‌ကျေးရွာ၌လည်း‌ကောင်း တိုက်ပွဲများ တစ်‌နေကုန် ဆက်လက် ဖြစ်ပွားခဲ့ပြီး ထို‌နေ့ ‌နေ့လည်ခန့်က အစိုးရတပ်မှ ‌ဒေသခံရွာသူ မိန်းက‌လေးတစ်ဦးကို ဖမ်းဆီးသွားသည်ဟု ကြားသိရ‌ကြောင်း ဖားအံမြို့ရှိ ဒီ‌ကေဘီ‌အေ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူးကြီး ‌စော‌မောင်‌လေးက ‌ကေအိုင်စီသို့ ‌ပြောကြားခဲ့သည်။

အလားတူ ဇူလိုင်လ ၇ရက်‌နေ့တွင် ‌ကော့ကရိတ်မြို့နယ်၊ ‌ကောင်းမှု‌ကျေးရွာအနီးတဝိုက်၌ ထပ်မံ ဖြစ်ပွားသည့် တိုက်ပွဲချိန်အ တွင်း ရွာသားတစ်ဦးမှာ လက်နက်ကြီးကျည်ဆံ ထိမှန်ခဲ့သည်ဟု လက်နက်ကိုင်အသိုင်းအဝိုင်းကြားက ကြားသိရ‌သော်လည်း အတည်မပြုနိုင်‌သေး‌ပေ။

ယခုကဲ့သို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမှုနှင့် ပတ်သက်၍ အစိုးရဘက်က ထုတ်ပြန်မှုတစုံတရာ မရှိ‌သေးသလို ထို‌ဒေသရှိ အစိုးရတပ်ဖွဲ့အား ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရန် ခက်ခဲ‌နေဆဲဖြစ်သည်။

အဆိုပါ တိုက်ပွဲများမှာ ဇူလိုင်လ ၂ရက်‌နေ့က ‌ကော့ကရိတ်-မြဝတီ အ‌ဝေး‌ပြေးလမ်းမကြီး ‌ကော့ကရိတ်အထွက် တတန်ကူး ဂိတ်ရှိ ဒီ‌ကေဘီ‌အေတပ်ဖွဲ့နှင့် အ‌ရှေ့‌တောင်တိုင်းစစ်ဋ္ဌာနချုပ်တိုင်းမှူး ခရီးစဉ်အတွက် လမ်းကင်းယူရန် ‌ရောက်ရှိလာကြသည့် အစိုးရတပ်မ‌တော်တို့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရက်သတ္တပတ်နီးပါး ဖြစ်ပွားလျှက်ရှိသည့် တိုက်ပွဲကို ရပ်တန့်ရန် ဒီ‌ကေဘီ‌အေ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၊ ကရင်အမျိုးသားအ စည်းအရုံး(‌ကေအဲန်ယူ) ‌ခေါင်း‌ဆောင်များက အစိုးရတပ်ဘက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း‌ဖြေရှင်းရန် ကြိုးပမ်းလုပ်‌ဆောင် ‌နေကြ‌သော်လည်း ယခုအချိန်ထိ ‌ပြေလည်မှုမရှိ‌သေး‌ပေ။