Home လူငယ်များ၏ စကားလက်ဆောင် လူငယ့်အမြင်၊ လူငယ့်အသံ

လူငယ့်အမြင်၊ လူငယ့်အသံ

545

“သမိုင်းက အမှန်တရားကို ပြောပြပါလိမ့်မယ် ဆိုတဲ့ ကိုရီးယားရောက် ကရင်လူငယ်”

ကိုရီးယားနိုင်ငံရောက် အသက် ၃၁နှစ်အရွယ် ကရင်လူငယ် စောဝယ်ကိုးဟာ စီးပွားရေးနဲ့ အမျိုးသားဖွံ့ဖြိုးရေးကြောင့် ၂၀၁၃ခု နှစ်ကနေ အခုချိန်ထိ ကိုးရီးယားမှာ သွားရောက်အလုပ်လုပ်ကိုင်ခဲ့တာပါ။ အဲဒီ သူ့ရဲ့ အမျိုးသားဖွံ့ဖြိုးရေး အခြေခံဝါသနာကို အရင်းတည်ပြီးတော့ ကရင်လူမျိုးတွေ နေထိုင်တဲ့ဒေသတွေမှာ ဖွံ့ဖြိုးရေးတွေ၊ ကူညီကယ်ဆယ်မှုတွေကို လုပ်ဆောင်နိုင်ဖို့ ရည် ရွယ်ချက်ပြီး မတူညီတဲ့ ဒေသတွေက ကရင်လူငယ်အများစုနဲ့ ကရင်ညီအစ်ကိုတော်များ ကူးသန်းရောင်းဝယ်ရေးအဖွဲ့ (Karen Brotherhood Commercial Group-KBCG)ကို သူ ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ ၂၀၁၆ခုနှစ်မှာ လုပ်ငန်း အကောင် အထည်ဖော်သွားဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

“ကရင်ဒေသ တော်တော်များများမှာ ဖွံ့ဖြိုးမှုတွေ အားနည်းတာကြောင့် တိုင်းတစ်ပါးတွေကိုထွက်ပြီး တစ်ပါးသူတွေဆီမှာ လုပ်ခ စားအလုပ်ပဲ အများဆုံးလုပ်ရတာမို့ ကိုယ့်အမျိုးသားကို ကူညီဖို့မပြောနဲ့။ ကိုယ်ကိုယ်တိုင်တောင် အနိုင်နိုင် ရပ်တည်နေကြရ တယ်။ ဒါကြောင့်လည်း ကိုယ့်မိသားစုအတွက်သာ မဟုတ်ဘဲ ကိုယ့်လူမျိုးတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေအတွက် တစ် ဖက်တစ်လမ်းက ကူညီချင်တာနဲ့ပဲ KBCG ကို ကျနော်ကိုယ်တိုင် ဦးဆောင်ပြီး စတင်ဖွဲ့စည်းလိုက်တာပါ”လို့ ရှင်းပြပါတယ်။

စောဝယ်ကိုးဟာ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ လှိုင်းဘုန်းကျေးရွာက စောမူထူး၊ နော်ရှဲနာရဲ့ အကြီးဆုံးသားဖြစ်သလို နော်ခူမူ ဖောနဲ့ စောဘာဖိုထူးဆိုတဲ့ ညီမငယ်၊ ညီငယ်တွေရှိပါတယ်။ တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)ကို ၂၀၀၁-၀၂ခုနှစ်က အရိုးဒါကျေး ရွာက ငပုတောမြို့ရဲ့ တွဲဖက်အထက်တန်းကျောင်းမှာ အောင်မြင်ခဲ့ပြီး ၂၀၀၃ခုနှစ်မှာ အင်္ဂလိပ်စာ အထူးပြုနဲ့ ပုသိမ်အဝေးသင် တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ပါတယ်။ သို့ပေမဲ့ ၂၀၀၃ခုနှစ်အကုန်မှာ ကျောင်းဆက်မတက်နိုင်တော့ဘဲ သူ့ပညာ ရေးကို အဆုံးသတ်ခဲ့ရတဲ့ ဘ၀ပေးအခြေအနေကို သူက အခုလို ရင်ဖွင့်ပြောဆိုပါတယ်။

“ငယ်စဉ်ဘ၀က ပြောရင် မကုန်ဘူးပေါ့ဗျာ။ အခက်ခဲဆုံးက မိဘတွေက ဆင်းရဲတော့ ကျောင်းတက်တဲ့အခါ သူငယ်ချင်းတွေ ကြားမှာ မျက်နှာငယ်ရတဲ့ ဒုက္ခပဲ။ သူငယ်ချင်းတွေကိုလည်း အိမ်လည်မခေါ်ရဲဘူး။ အဒေါ်တွေအိမ်မှာ လိုက်ပတ်နေရင်းနဲ့ပဲ ကျောင်းတက်ခဲ့ရတယ်။ ဆယ်တန်းအောင်ပြန်တော့ ပုသိမ်မှာ အဝေးသင်တက်ခဲ့တယ်လေ။ သူများတွေ ကိုယ်စီ စက်ဘီးစီးနေ ချိန်မှာ ကျနော်က ခြေလျင်နဲ့ပေါ့”

ကျောင်းပညာရေးကို ဆက်မတက်နိုင်ပေမဲ့ ပုသိမ်မှာရှိတဲ့ ကိုသာဖြူကျမ်းစာကျောင်းမှာ Bachelor Theological-B.th ကို ၃နှစ် စောဝယ်ကိုး တက်ရောက်ခဲ့ပါသေးတယ်။ အခြေအနေတစ်ခုရဲ့ တွန်းပို့မှုကြောင့် ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းကို ၂၀၀၈ခုနှစ်၊ ဧပြီလလောက်မှာရောက်ခဲ့ပြီး Karen Youth Ambassador for Peace-KYAP မှာ ဘော်ဒါအုပ်နဲ့ အလယ်တန်း၊ အထက်တန်းပြ ကျောင်းဆရာဘ၀ကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ စာရေးစာဖတ်ဝါသနာပါတဲ့အတွက်လည်း တေးရေးဆရာ တစ်ယောက်အဖြစ် စကောကရင် အချစ်သီချင်းတွေကို အဓိကရေးသားခဲ့ဖူးပါတယ်။ ကရင်အဆိုတော် “ကောင်းကောင်း” သီဆို ခဲ့တဲ့ “သူငယ်ချင်းတစ်ယောက်အတွက်” (တံzသကိးတဂzအဂီr်) တေးသီချင်းကို ရေးသားပေးခဲ့သူအဖြစ်လည်း ကရင်လူငယ် တွေကြားမှာ ရေပန်းစားကျော်ကြားခဲ့ပါတယ်။

သူပြောချင်တဲ့ စကားလက်ဆောင်လေးကတော့ “လက်ရှိ ကရင်လူငယ်တွေအပေါ်မှာလည်းပဲ ဖြစ်စေချင်တဲ့ဆန္ဒက ကိုယ့်လူမျိုး သမိုင်းကို သိအောင်လုပ်ကြပါ။ အဲ့ဒီသမိုင်းတွေက အမှန်တရားကို ပြောပြပါလိမ့်မယ်။ အဲ့ဒီအမှန်တရားကလည်း ကိုယ့်အမျိုး သားအတွက် ကိုယ် ဘာတွေလုပ်ရမယ်ဆိုတာ သင်ပြပေးသွားပါလိမ့်မယ်။”ဆိုတာပဲ ဖြစ်ပါတယ်။