Home ဆောင်းပါး ၂၀၀၈ အ‌ခြေခံဥပ‌ဒေအား ကာကွယ်‌နေသည့် အလို‌တော်ရိ က‌လောင်များ

၂၀၀၈ အ‌ခြေခံဥပ‌ဒေအား ကာကွယ်‌နေသည့် အလို‌တော်ရိ က‌လောင်များ

1445

‌မောင်‌ကျော်စွာ

၂၀၁၅ခုနှစ်၊ ဇွန်လ ၂ဝရက်

၂၀၀၈ အ‌ခြေခံဥပ‌ဒေကို ပြင်ဆင်သည့်ဥပ‌ဒေကြမ်းနှစ်ခု ဇွန်လ ၁၁ရက်နှင့် ၁၂ရက်‌နေ့ထုတ် အစိုးရသတင်းစာများတွင် ဆက် တိုက် ‌ဖော်ပြခဲ့သည်။ ဇွန်လ ၁၁ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ဥပ‌ဒေကြမ်းသည် ပုဒ်မ ၄၃၆(က)နှင့်သက်ဆိုင်ပြီး ဇွန်လ ၁၂ရက် ‌နေ့က ထုတ်ပြန်ခဲ့သည့် ဥပ‌ဒေကြမ်းမှာ ပုဒ်မ ၄၃၆ (ခ)အတွက် ဖြစ်ပါသည်။

“မုန့်ဆီ‌ကြော်က ဘယ်‌နေမှန်းမသိ‌သေး နှုတ်ခမ်းနာနှင့် တည့်ပါ့မလား” ဆိုသည့် ‌ကြောင့်ကျသည့်စကားကဲ့သို့ပင်။

ထိုမူကြမ်း‌တွေကို ဘယ်အချိန်ဘယ်ကာလ၌ ဘယ်ပုံဘယ်နည်း ပြင်ဆင်မည်ဆိုသည့်အချက် တိတိကျကျ မသိရှိ‌သေးခင်မှာပင် ဥပ‌ဒေမူကြမ်းပါ အချက်တချို့ကို ‌ဝေဖန်ပြီး “၂၀၀၈အ‌ခြေခံဥပ‌ဒေ” ထိန်းသိမ်းကာကွယ်‌စောင့်‌ရှောက်‌ရေးဘက် ‌ဇောင်း‌ပေးသည့် အာ‌ဘော်များ အစိုးရပိုင်သတင်းစာများ၌ ချိန်ကိုက်ဆိုသလို ‌ဖော်ပြလာပါသည်။

ဤသို့‌သောလုပ်ရပ်မျိုးသည် အသစ်အဆန်း‌တော့မဟုတ်‌ချေ။
မှတ်မိကြလိမ့်ဦးမည်ဟု ယူဆပါသည်။ (ဗကသ)က ဦးစီးသည့် ပင်မ‌ကျောင်းသားသပိတ်စစ်‌ကြောင်းနှင့် (NNER)က တင်ပြခဲ့ ‌သော “ပညာ‌ရေးဥပ‌ဒေမူကြမ်း”ကို အစိုးရပိုင် သတင်းစာများတွင် လိုသလို သရုပ်ဖျက် ‌ဖော်ပြခဲ့သည်။ ယင်း‌နောက် အစိုးရ သည် (ဗကသ)နှင့် (NNER)တို့အ‌ပေါ် စွပ်စွဲတိုက်ခိုက်မှုနှင့် သရုပ်ဖျက်၊ အပုပ်ချမှုများကို နာမည်မျိုးစုံ ခံယူထား‌သော သူ၏ အလို‌တော်ရိ က‌လောင်များအား ‌ရေးသား‌စေခဲ့သည် မဟုတ်ပါ‌လော။

ယခုလည်း “ရန်ကင်း၊ ‌မောင်သုတ(ဥပ‌ဒေ)၊ ‌မောင်မင်း‌ခေါင်၊ ‌မောင်ကို”တို့ကို ပွဲထုတ်လာသည်။ ‌နောက်ထပ်လည်း နာမည်မျိုးစုံ နှင့် ‌ပေါ်‌ပေါက်လာလိမ့်ဦးမည်ဟု ‌မျှော်လင့်ရသည်။ အထက်ပါ အလို‌တော်ရိ က‌လောင်များထဲတွင် ပြည်‌ထောင်စုအစိုးရဝန်ကြီး တစ်ပါး ပါဝင်‌ရေးသား‌နေသည်ဟုလည်း သိုးသိုးသန့်သန့် ကြားရသည်။ အ‌မှောင်ထဲမှ ခဲနှင့်ပစ်သည်ဆို‌သော “ဆိတ်ဖွား”ကို သတိရစရာ။ ‌မြွေ‌မြွေချင်း ‌ခြေသာမက ‌ခြေသည်းများကိုပင် မြင်ကြပါလိမ့်မည်။ သူတို့ယူထားသည့်ပုံစံက “လွှတ်‌တော်ဂိုဏ်း”နှင့် “သမ္မတဂိုဏ်း” ‌ဝေဖန်တိုက်ခိုက်‌နေကြသည့် အသွင်ယူထားသည်။ ဖဲသုံးချပ်ဒိုင်နဲ့ အလံရှူးတို့ ပွဲခင်းလာပရိဿတ်ကို အယုံသွင်း လှည့်စားဖို့ အကွက်ဆင် ကြံစည်တာမျိုးလည်း ဖြစ်နိုင်‌သေးသည်။ သို့ပါ၍ အားလုံး သတိရှိကြရပါမည်။

အထက်ပါ က‌လောင်အလို‌တော်ရိ ၄ဦးစလုံး၏ ပစ်မှတ်သည် “လွှတ်‌တော်ဂိုဏ်း”အား ဦးတည်ထားခြင်းဖြစ်သည်။
တိတိကျကျ ဘယ်သူဘယ်ဝါရယ်လို့‌တော့ ထည့်မ‌ရေး။ “ပဲ့ကိုင်ရှင်‌တော့ ရှိလိမ့်မယ်” ‌စောင်းချိတ်ပြီး ‌ရေးပါသည်။ “ပါလီမန် ဒီမို က‌ရေစီစနစ် အသွင်ပြန်‌ပြောင်းဖို့ ကြိုးစားတာ”လို့ စွပ်စွဲပါသည်။ ထို့အပြင် “အာဏာရှင်လွှတ်‌တော်စနစ်” မလိုချင်ဘူး‌ရေးပါ သည်။ အ‌ခြေခံဥပ‌ဒေမရှိဘဲ စစ်အာဏာရှင်စနစ်ဖြင့် နှစ်‌ပေါင်း ၂၀‌ကျော်အုပ်စိုးခဲ့သူများက၊ စစ်အာဏာရှင်စနစ်ကို “အ‌ခြေခံဥပ ‌ဒေ” မျက်နှာဖုံးစွပ်ထားသူများက အာဏာရှင်စနစ်မလိုချင်ဟု ‌ပြော‌နေသည်မှာ ရယ်စရာ‌တော့ ‌ကောင်းလှသည်။ အမည်တပ်၍ မ‌ရေးသား‌သော်လည်း လွှတ်‌တော်ဂိုဏ်းဆိုသည်မှာ၊ “ဥပ‌ဒေမူကြမ်း” တင်သွင်း‌သောအုပ်စုမှာ လွှတ်‌တော်နာယကကြီး ဦး‌ရွှေ မန်းတို့ ဂိုဏ်းအုပ်စုပင်ဖြစ်သည်ကို လူတိုင်း သိပါသည်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေး၏ သရုပ်‌ဆောင် ဒါရိုက်တာမှာ ဦး‌ရွှေ မန်းဖြစ်သည်။

“သမ္မတပုံစံစနစ်က‌နေ ပါလီမန်ဒီမိုက‌ရေစီစနစ်ကို ပြန်‌ပြောင်းဖို့ကြိုးစားတာ ဘယ်သူ့အတွက်လဲ၊ ပြည်သူ့အတွက်လား၊ တစ်ဦး တစ်‌ယောက်နဲ့ လူနည်းစုအတွက်ဆိုရင်‌တော့ သမိုင်းဆိုးကြီးဖြစ်လိမ့်မယ်” ‌ခြောက်လှန့်တာလည်း ပါသည်။

တိုင်းပြည်ရဲ့ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ ပညာ‌ရေးစတဲ့ သမိုင်းစဉ်ကြီးတစ်ခုလုံး ဆိုးသွမ်းမဲ‌မှောင်‌နေခဲ့တာ ရာစုနှစ်ဝက်‌ကျော် ကြာခဲ့ပြီ မဟုတ်ပါလား။ “၁၉၄၇ အ‌ခြေခံဥပ‌ဒေ”ကို ဘယ်သူ‌တွေဖျက်ခဲ့သလဲ။ ဘယ်သူ့အတွက် ဖျက်ခဲ့သလဲ။ “၁၉၉ဝ ‌ရွေး‌ကောက်ပွဲ ရလဒ်” ဖျက်သိမ်းပစ်ခဲ့တာ တစ်ဦးတစ်‌ယောက်အတွက်လား၊ လူတစ်စုအတွက်လား၊ “၂၀၀၈အ‌ခြေခံဥပ‌ဒေ”ကို စိတ်ကြိုက်‌ရေး ပြီး အဓမ္မ အတည်ပြုခဲ့တာလည်း အုပ်စုတစ်စုအတွက်လား။ ဒါ‌တွေဟာ သမိုင်းဆိုးကြီး‌တွေ ဖြစ်လိမ့်မှာလား။ သမိုင်းဆိုးကြီး‌တွေ ဖြစ်ခဲ့ပြီးပြီ မဟုတ်လား။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေရဲ့ အနှစ်သာရမ‌ပြောင်းနဲ့”တဲ့။ “‌ရှေးလူ‌တွေက အ‌မြော်အမြင်ရှိရှိနဲ့ လက်နဲ့‌ရေးခဲ့တာကို ‌နောက်လူ‌တွေက ‌ခြေနဲ့ဖျက်ရာ ‌ရောက်ရှိသွား‌စေနိုင်ပါတယ်”တဲ့။ တကယ့်အံ့ဖွယ်သုတပါပဲ။ ဗိုလ်ချုပ်‌အောင်ဆန်းတို့ (ဖဆပလ) အဖွဲ့ကြီးက အ‌မြော်အမြင်နဲ့ လက်နဲ့‌ရေးခဲ့တဲ့ “၁၉၄၇ အ‌ခြေခံဥပ‌ဒေ”ကို ‌ခြေနဲ့ဖျက်ခဲ့ကြတာ ဘယ်သူ‌တွေလဲ။ လူတစ်ဦးတစ်‌ယောက်လား၊ လူတစ်စုလား။ အုပ်စုတစ်စုလား။ သူတို့ဒီအချက်ကို ဆိုလိုချင်တာမဟုတ်မှန်း လူတိုင်း သိပါလိမ့်မည်။ သူတို့ဆိုချင်သည့်အချက် မှာ ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ လက်နဲ့‌ရေးခဲ့တာကို မင်းတို့ ‌ခြေနဲ့မဖျက်ကြနဲ့လို့ သတိ‌ပေးတာဖြစ်ပါသည်။ မကြာမီက ပြုလုပ်ခဲ့ ‌သော The Mainichi သတင်းဋ္ဌာနနှင့် အင်တာဗျူးတွင်လည်း ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က “ဒီမြန်မာနိုင်ငံ ဒီမိုက ‌ရေစီလမ်း‌ကြောင်း‌ပေါ်‌ရောက်‌အောင် လမ်း‌ကြောင်းမှန်‌ပေါ် တင်‌ပေးခဲ့တဲ့ သူ့ရဲ့(ဗိုလ်ချုပ်မှူးကြီးသန်း‌ရွှေ)‌ကျေးဇူးလို့ ‌ပြောရမှာ‌ပေါ့။ သူ့ရဲ့‌ကျေးဇူးကို ‌မေ့လို့မရပါဘူး”လို့ ‌ပြောခဲ့သည် မဟုတ်ပါလား။

သို့ပါ၍ အထက်ပါ အလို‌တော်ရိက‌လောင် ၄ဦးရဲ့ ‌ရေးသားချက်‌တွေကို ဖတ်ကြည့်လိုက်မယ်ဆိုလျှင် “သမ္မတဦးသိန်းစိန် ဂိုဏ်း သား‌တွေ”က “ဦး‌ရွှေမန်းလွှတ်‌တော်ဂိုဏ်း”ကို ဖဲ့‌နေတာလို့ မြင်နိုင်ပါသည်။ အယုံသွင်းလှည့်စားရတဲ့ အလုပ်ဆိုသည်မှာ သဏ္ဍာန် လုပ် သရုပ်တူရမည် မဟုတ်ပါလား။ သည်‌တော့ သူတို့ချင်း အတွင်းကျိတ် လက်ဝါးချင်းရိုက်ပြီး အယုံသွင်းလှည့်စားနိုင်ဖို့ သရုပ် ပါ‌အောင် သရုပ်‌ပေါ်လွင်‌အောင် ‌ရေးကြ‌ပြောကြ‌ဖော်ပြရလိမ့်မည်။

ကျားငစဉ်းလဲ နှစ်‌ကောင် တကယ်ကိုက်တာပဲဖြစ်ဖြစ်၊ ပရိယာယ်အကွက်ဆင်ပြီး ကိုက်ဟန်‌ဆောင်တာပဲဖြစ်ဖြစ် ကျ‌နော်တို့အ တွက် အ‌ကောင်းဆုံးနည်းမှာ ‌တောင်ထိပ်‌ပေါ်က ထိုင်ကြည့်ပြီး နှစ်‌ကောင်စလုံး တစ်‌ကောင့် တစ်‌ကောင်ဗိုလ်မထားဘဲ အသက် ပါပါ ‌သေ‌သေ‌ကျေ‌ကျေ ကိုက်ခဲကြဖို့ နှစ်‌ကောင်စလုံးကို အား‌ပေးရကြမည်။ ပြင်ဆင်သည့် “ဥပ‌ဒေကြမ်း”နှင့်ပတ်သက်ပြီး မကြာမီ လွှတ်‌တော်တွင်း ‌ဆွေး‌နွေးကြလိမ့်ဦးမည်။ ထို‌ဆွေး‌နွေးချက်များကို နား‌ထောင်‌လေ့လာဆန်းစစ်ကြည့်ကြရမည်။ တစ် ဖက် “လွှတ်‌တော်ဂိုဏ်း”၏အသံများ၊ ‌ဆွေး‌နွေးချက်များကို နား‌ထောင်ကြရဦးမည်။

မည်သို့ပင်ဖြစ်ပါ‌စေ လက်ရှိအ‌နေအထား၌ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးသည် ကြံ့ဖွံ့ပါတီနှင့် ကာချုပ်လက်ထဲ၌ရှိ‌သော အရာသာ ဖြစ်သည်။
အ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးကို ‌သွေးရိုးသားရိုး လုပ်သင့်သည်။ ယခု‌တော့ ‌ရွေး‌ကောက်ပွဲမတိုင်ခင် တည်ငြိမ်မှုကို ပျက်ပြား‌အောင် အုပ်စိုးသူများဘက်မှ တု့ိမီး၊ ရှို့မီး၊ လုပ်ကြံမီး‌တွေဖြင့် အစပျိုး‌နေသည်။ သတင်းစာများမှ ‌လေပင့်‌ပေး‌နေပါသည်။ အလွန်‌သေချာ သည့်အချက်မှာ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၏ အနှစ်သာရ၊ အ‌ခြေခံမူများကို ပယ်ဖျက်မပစ်နိုင်ဘဲ စစ်မှန်‌သောဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စုသည် အလှမ်းကွာ‌ဝေးမြဲ ကွာ‌ဝေး‌နေ‌ပေလိမ့်မည်။

သို့ပါ၍ မည်သည့်က‌လောင်အမည် ခံယူကာ မည်သို့‌သော စကားကြီးစကားကျယ်‌တွေ သုံးနှုန်း‌ရေးသား‌နေစကာမူ ၂၀၀၈ အ‌ခြေ ခံဥပ‌ဒေ၊ အခန်း ၁၊ နိုင်ငံ‌တော်အ‌ခြေခံမူများ ဆိုသည့်အခန်းမှ ပုဒ်မ‌ပေါင်း(၄၈)ခုကို ထိပါး‌ရေးသားဝံ့လိမ့်မည် မဟုတ်သည်ကို ‌တွေ့ရပါလိမ့်မည်။ ဤအချက်က အလို‌တော်ရိက‌လောင်များသည် မည်သူ၏ သစ္စာခံဖြစ်သည်၊ မည်သူ့အား၊ မည်သည့်အုပ်စု အား၊ မည်သူ၏ အတိတ်ပစ္စုပ္ပန်၊ အနာဂတ်အကျိုးစီးပွားအား ကာကွယ်‌နေသည် ဟူ‌သောအချက်ကို အတိအလင်း ဝန်ခံချက် ‌ပေး‌နေပါလိမ့်မည်။

ညွန်း
– ၁၁-၆-၂၀၁၅ ၊ မြန်မာ့အလင်းသတင်းစာ၊
– ၁၂-၆-၂၀၁၅ ၊ မြန်မာ့အလင်းသတင်းစာ၊
– ၁၂-၆-၂၀၁၅ ၊ မြဝတီသတင်းစာ၊
– ၁၃-၆-၂၀၁၅ ၊ မြဝတီသတင်းစာ၊
– ၁၄-၆-၂၀၁၅ ၊ မြန်မာ့အလင်းသတင်းစာ၊
– ၁၅-၆-၂၀၁၅၊ မြန်မာ့အလင်းသတင်းစာ၊
– ၁၇-၆-၂၀၁၅ ၊ မြန်မာ့အလင်းသတင်းစာ၊
– ၁၈-၆-၂၀၁၅၊ မြန်မာ့အလင်းသတင်းစာ၊