Home ထိပ်တန်းသတင်း မြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင်များကို ထို်င်း နို်င်ငံသားမှတ်ပုံတင် ပြန်လည်ထုတ်‌ပေး

မြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင်များကို ထို်င်း နို်င်ငံသားမှတ်ပုံတင် ပြန်လည်ထုတ်‌ပေး

2141

ဇွန် ၁၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်းဘုရင်အစိုးရ၏ အမိန့်ပြန်တမ်းအရ ထိုင်းအစိုးရသည် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင် မြန်မာနိုင်ငံ သားများကို ယ‌နေ့ ဇွန် ၁၇ရက်‌နေ့တွင် တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ပိုင်ရုံး၌ ထိုင်းနိုင်ငံသားမှတ်ပုံတင်များကို ပြန်လည် ပြုလုပ်‌ပေး ‌နေပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ရှိ မြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင် မြန်မာနိုင်ငံသား (၇၃)ဦးသည် ထိုင်းနိုင်ငံ အ‌ခြေခံ ဥပ‌ဒေ တရားရုံးတွင် နိုင်ငံသားဖြစ်ခွင့် ‌လျှောက်ထားပြီး‌နောက် (၆)ဦးအား နိုင်ငံသားမှတ်ပုံတင်ကို ဦးဆုံး ထုတ်‌ပေးခြင်းဖြစ်သည်ဟု မဲ‌ဆောက်မြို့ပိုင် နိုင်ပရီချာကျင်ဖက်က သတင်း‌ထောက်များကို ‌ပြောသည်။

“ထိုင်းဘုရင်မင်းမြတ်ရဲ့ ခွင့်ပြုချက်နဲ့ ၇၃ဦးအနက် ၆ဦးကို နိုင်ငံသားအဖြစ် ကနဦး အသိအမှတ်ပြုလိုက်တယ်။ ကျန်တဲ့လူ‌တွေ လည်း ခွင့်ပြုချက် ရယူစရာမလိုဘဲနဲ့ သက်ဆိုင်ရာ မြို့နယ်ရုံး‌တွေမှာ စာရင်း‌ပေးပြီးရင် ကျမ်းသစ္စာ ကျိန်ရမယ်။ ပြီးရင် အထက်ကို စာရင်းထပ်တင်မယ်။ အထက်က လိုအပ်တာ‌တွေ လုပ်ပြီးတာနဲ့ ထိုင်းနိုင်ငံသားမှတ်ပုံတင်ကို ထုတ်‌ပေးသွားမှာဖြစ်ပါတယ်”ဟု ‌ပြောကြားခဲ့သည်။

တာ့ခ်ခရိုင်အတွင်း၌ တာ့ခ်၊ မဲ‌ဆောက်၊ အုန်းဖန်၊ ဖုတ်ဖရ၊ မဲ့ရမ၊ ထာ့‌ဆောင်ယန်းမြို့နယ် (၅)မြို့နယ်၌ မြန်မာနိုင်ငံဖွား ထိုင်းအ နွယ်ဝင်များကို ယခင်က ထိုင်းနိုင်ငံသားမှတ်ပုံတင်များ ထုတ်‌ပေးခဲ့မှုကို ရပ်ဆိုင်းထားရာမှ ထိုင်းဘုရင်မင်းမြတ်၏ ယခုနှစ် ဇွန်လ ၈ရက်‌နေ့ အမိန့်ပြန်တမ်းစာအရ လက်ကျန် ထိုင်းအနွယ်ဝင်များကို ပြန်လည်ထုတ်‌ပေးခြင်းဖြစ်သည်ဟုလည်း သိရသည်။

ထိုင်းနိုင်ငံ‌ရှေ့‌နေများ‌ကောင်စီ နို်င်ငံမဲ့‌ရေးရာဋ္ဌာနတာဝန်ခံ နိုင်ဆူရဖုန်ကလည်း “ကျန်တဲ့လူ‌တွေကလည်း သူတို့ သက်ဆိုင်ရာ မြို့ နယ်ရုံးက‌နေပဲ ဇူလိုင်လ မတိုင်ခင် စာရင်း‌ပေးသွင်းရမယ်။ ဇူလိုင်လ ၁ရက်‌နေ့မှာ တပြိုင်နက် ကျမ်းသစ္စာ ကျိန်ဆိုပြီးရင် စာရွက် စာတမ်းကို အထက်တင်ပြီး သုံးလအတွင်း ထိုင်းနိုင်ငံသား မှတ်ပုံတင် ထုတ်‌ပေးမှာဖြစ်တယ်”ဟု ‌ပြောသည်။

ထိုင်းနိုင်ငံသား မှတ်ပုံတင်ရရှိမည့် ၎င်းမြန်မာနိုင်ငံဖွား၊ ထိုင်းအနွယ်ဝင်များသည် နယ်စပ်‌ဒေသအတွင်း စစ်‌ရေးပဋိပက္ခ‌ကြောင့် ဆယ်စုနှစ် သုံးစု‌ကျော်ကတည်း မြန်မာနို်င်ငံ၊ မြဝတီမြို့နယ်၊ ‌ဝှေ့ရှမ်း‌ဒေသတို့မှ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်ရှိ မြို့နယ် (၅)မြို့နယ်များသို့ သွား‌ရောက်ခိုလှုံ‌နေကြသူများဖြစ်ကြသည်။

အဆိုပါမြို့နယ် (၅)ခုတွင် ထိုင်းနိုင်ငံသားမှတ်ပုံတင် မရ‌သေးသည့် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ‌ရွှေ့‌ပြောင်း‌နေထိုင်လာသူ မြန်မာ နိုင်ငံဖွား၊ ထိုင်းအနွယ်ဝင်ဦး‌ရေမှာ ၁,၀၀၀‌ကျော် ကျန်ရှိ‌နေ‌သေး‌ကြောင်း သက်ဆိုင်ရာက ခန့်မှန်းထားကြသည်။