Home သတင်း မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၂၁‌ကျောင်းကို The De Vaan Goosen Foundation က သင်‌ထောက်ကူပစ္စည်းများ ‌ပေးအပ်

မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၂၁‌ကျောင်းကို The De Vaan Goosen Foundation က သင်‌ထောက်ကူပစ္စည်းများ ‌ပေးအပ်

1886

ဇွန် ၁၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

နယ်သာလန်နိုင်ငံ၊ The De Vaan Goosen Foundation က ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ ‌ရေး‌ကော်မတီ(BMWEC)လက်‌အောက်ခံ စာသင်‌ကျောင်း ၂၁‌ကျောင်းအတွက် ထိုင်းဘတ်‌ငွေ ၅၀၀,၀၀ဝ (၅သိန်း)တန်ဘိုးရှိ ‌ကျောင်းသုံးပစ္စည်းမျိုးစုံ ပါဝင်‌သော ပညာ‌ရေးအ‌ထောက်အကူပြုပစ္စည်းများ ‌ပေးအပ်လှူဒါန်းမှုတစ်ခုကို မဲ‌ဆောက်မြို့ရှိ ဆာသူး ‌လေ အထက်တန်း‌ကျောင်း၌ ယ‌နေ့ ပြုလုပ်ခဲ့သည်။

ထိုင်းနယ်စပ်ရှိ မဲ‌ဆောက်‌ဒေသ အပါအဝင် မဲ့ရမ၊ ဖုတ်ဖရမြို့နယ်အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်း ၂၁‌ကျောင်းမှ မြန်မာက‌လေးငယ်များ၏ ‌ရှေ့ဆက်ပညာ‌ရေးအတွက် ကွန်ပျူတာ၊ စားပွဲ၊ ဗီဒို၊ ခဲတံ၊ ‌ဘောလ်ပင်၊ ဗလာစာအုပ်၊ ကုလားထိုင်နှင့် မီးဖို‌ချောင်သုံး ပစ္စည်းတို့ကို ‌ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု The De Vaan Goosen Foundation မှ Mr. Martin Brands (မာတင်ဘရန်းဒ်စ်)က ‌ပြောသည်။

၎င်းက “The De Vaan Goosen Foundation က‌နေ အလှူခံလို့ရတဲ့ အလှူ‌ငွေနဲ့ ကျ‌နော့်သူငယ်ချင်းအချို့ရဲ့ အကူအညီနဲ့ မြန်မာ ‌ရွှေ့‌ပြောင်းက‌လေးငယ်‌တွေအတွက် သီးသန့်လာ‌ရောက်လှူဒါန်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။ တန်ဘိုးအားဖြင့် ဘတ်‌ငွေ ၅၀၀,၀၀ဝ ‌လောက်ရှိပါတယ်။ ‌ရှေ့ဆက် ကူညီသွားဖို့လည်း အစီအစဉ် ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နယ်သာလန်နိုင်ငံ အ‌ခြေစိုက်၊ The De Vaan Goosen Foundationသည် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း က‌လေးများ စာသင်ကြားနိုင်‌ရေးအတွက် ‌ကျောင်းသုံးပစ္စည်းများအပြင် စာသင်‌ကျောင်း အ‌ဆောက်အဦး၊ ရုံးသုံးပစ္စည်း ‌သောက်သုံး‌ရေနှင့် စိုက်ပျိုး‌ရေးလုပ်ငန်း အ‌ထောက်အကူပြုပစ္စည်းများကိုလည်း လွန်ခဲ့သည့် ၁ဝနှစ်‌ကျော်မှစ၍ နှစ်စဉ် ‌ထောက်ပံ့‌ပေးလျှက်ရှိသည် ဟု သိရသည်။

ယခုကဲ့သို့ လာ‌ရောက်လှူဒါန်းမှုအ‌ပေါ် BMWEC ဥက္ကဋ္ဌ ဆရာမကြီး‌နော်‌ဖော‌ရေက “ကျမတို့ ‌ငွေ‌ကြေး‌ထောက်ပံ့မှု အကြပ်အ တည်းနဲ့ ရင်ဆိုင်‌နေရတဲ့အခါမျိုးမှာ က‌လေး‌တွေ အသုံးပြုဖို့ လိုအပ်တဲ့ ‌ကျောင်းသုံးပစ္စည်း‌တွေကို အခုလို လာ‌ရောက်လှူဒါန်းတဲ့ အ‌ပေါ် ကျမတို့အ‌နေနဲ့ ‌ရှေ့ဆက် အလုပ်လုပ်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အား အများကြီးဖြစ်‌စေပါတယ်။”ဟု ‌ပြောသည်။

ထိုင်းနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းများကို အ‌မေရိကန်၊ က‌နေဒါ၊ အီတလီ၊ နယ်သာလန်နှင့် ဒိန်းမတ် နိုင်ငံများ၏ အဖွဲ့အစည်းထံမှ အကူအညီများ ရရှိခဲ့ပြီး စာသင်‌ကျောင်းအချို့မှာ ၂၀၁ဝခုနှစ်မှစ၍ အလှူ‌ငွေ လုံးဝ ပြတ်‌တောက်သွားသဖြင့် ‌ကျောင်းပိတ်ပစ်လိုက်ရသလို အလှူ‌ငွေ ထက်ဝက်ခန့် ‌လျော့ကျသွားသည့်အ‌ပေါ် ‌ကျောင်းဆက်လက်ဖွင့်လှစ်နိုင်ရန် အခက်အခဲ များ ရင်ဆိုင်‌နေရသည့် စာသင်‌ကျောင်းများလည်း ရှိ‌ကြောင်း သူမက ဆက်‌ပြောသည်။

ယခင်နှစ်က (BMWEC) အဖွဲ့ဝင် စာသင်‌ကျောင်းများ အပါအဝင် မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း ၇၃‌ကျောင်းအနက် ၆၅ ‌ကျောင်းအထိ ‌လျော့ကျခဲ့ပြီး ယခုနှစ်လည်း ၁၀‌ကျောင်းခန့် ထပ်မံ ‌လျော့ကျဖွယ်ရှိသည်ဟု မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေးဆိုင်ရာ လုပ်ငန်း‌ဆောင်ရွက်သူများက ‌ပြောသည်။