Home သတင်း မြန်မာ‌ငွေတန်ဖိုးကျဆင်းမှု ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုကို ရိုက်ခတ်လာ‌နေ

မြန်မာ‌ငွေတန်ဖိုးကျဆင်းမှု ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုကို ရိုက်ခတ်လာ‌နေ

1840
ဇွန် ၁၂ရက်‌နေ့ ည‌နေပိုင်းတွင် ‌တွေ့ရှိရသည် မဲ‌ဆောက်‌ဈေးအတွင်း လမ်းမကြီး

ဇွန် ၁၂ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ယခုရက်ပိုင်းအတွင်း မြန်မာ‌ငွေတန်ဖိုး အဆမတန် ကျဆင်းသဖြင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်‌ရေး၏ အဓိက လမ်း‌ကြောဖြစ်သည့် မဲ‌ဆောက်-မြဝတီ ဝင်ထွက်‌နေ‌သော မြန်မာကုန်သည်များသည် မဲ‌ဆောက်မြို့သို့ လာ‌ရောက်မှု နည်းပါးသည့်အတွက် နယ်စပ်ကုန်သွယ်မှုကို ဂယက်ရိုက်ခတ်လျှက်ရှိသည်ဟု ထိုင်းလုပ်ငန်းရှင်များက ‌ပြောသည်။

မဲ‌ဆောက်‌ဈေးကြီးတွင် အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းများ မြန်မာဘက်ခြမ်းသို့ တင်ပို့‌နေသည့် ထိုင်းဆိုင်ပိုင်
ရှင် ဖိနီးက “ဒီလ ၉ရက်‌နေ့‌လောက်ကစပြီး မြန်မာ‌ငွေ‌ဈေးက ကျသွားတယ်။ ဒီလဆန်းပိုင်းကဆိုရင် ‌ငွေ‌ဈေးက မြန်မာ‌ငွေတစ်သိန်းကို ထိုင်းဘတ်‌ငွေ ၃၀၂ဝ အထိ ရှိခဲ့‌ပေမဲ့ အခုဆိုရင် ၄-၅- ရက်ရှိပြီး မြန်မာ‌ငွေတစ်သိန်းကို ၂၇၅၀၊ ၂၈၅၀၊ ၂၈၈ဝဘတ် ကျသွား‌တော့ မြန်မာကုန်သည်‌တွေလည်း မဲ‌ဆောက်ကို ပစ္စည်းလာမဝယ်ကြ‌တော့ဘူး” ဟု ဆိုသည်။

မဲ‌ဆောက်မြို့အ‌ခြေစိုက် မြန်မာကုန်သည်ကြီးတစ်ဦးဖြစ်သည့် ဦးယူနွတ်က “‌ငွေ‌ဈေးက ပွတ်ကာသီကာကျတာ မဟုတ်‌တော့ မြန်မာကုန်သည်‌တွေ မလာကြတာဖြစ်တယ်။ မြန်မာကုန်သည်‌တွေက ပစ္စည်းတ‌ခေါက်ဝယ်ရင် ကျပ် ‌ငွေသိန်းရာနဲ့ချီပြီး ဝယ်ရတာဖြစ်တယ်။ ‌ငွေ‌ဈေးပြန်ငြိမ်မှဘဲ ကုန်သည်‌တွေ ထိုင်းဘက်ကို ပြန်လာကြမှာ ဖြစ်တယ်။ မဲ‌ဆောက်မှာ ပစ္စည်းဝယ်ရင် ထိုင်း‌ငွေနဲ့ဝယ်ရ‌တော့ မြန်မာ‌ငွေထိုးကျသွားရင် ဘယ်လိုမှ အလုပ်မဖြစ်‌တော့ဘူး”ဟု ‌ပြောသည်။

မြန်မာ‌ငွေ‌ဈေး အဆမတန်ကျဆင်းခဲ့သည့်အတွက် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်‌နေကြသည့်မြန်မာများ ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွင်းပိုင်းသို့ ‌ငွေ‌ပေးပို့မှုများ သိသိသာသာကျဆင်းသွားသည်ဟု မြဝတီမြို ့တွင် အ‌သေးစား‌ငွေလွှဲလုပ်ငန်းလုပ်ကိုင်‌နေသူ ကိုကိုသိန်းက ‌ပြောသည်။

ထို့အပြင် မြဝတီမြို့ခံတစ်ဦးဖြစ်သူ ‌ဒေါ်‌ရွှေမိုးကလည်း မြန်မာ‌ငွေတန်ဖိုးကျဆင်းမှု‌ကြောင့် မြဝတီမြို့တွင် ‌ရောင်းချ‌နေ သည့် ထိုင်းကုန်ပစ္စည်းများလည်း ယခုရက်ပိုင်းအတွင်း ‌ဈေးနှုန်းများ မြင့်တက်သွားသည်ဟု ‌ပြောသည်။

မဲ‌ဆောက်-မြဝတီနယ်စပ်တွင် မြန်မာကုန်သည်များအတွက် မြန်မာနှင့်ထိုင်း‌ငွေများ လဲလှယ်‌ရောင်းဝယ်မှု ပြုကြသည့် လုပ်ငန်းအများစုမှာ မြန်မာဘက်ခြမ်း မြဝတီမြို့တွင် အ‌ခြေစိုက်ကြပြီး မြန်မာကုန်သည်အများစုမှာ မဲ‌ဆောက်ဘက် ခြမ်းတွင် ကုန်ပစ္စည်းဝယ်ယူနိုင်ရန်အတွက် မြန်မာ‌ငွေများကို မြဝတီမြို ့တွင် အဓိက လဲလှယ်ကြခြင်းဖြစ်သည်။

မြဝတီမြို ့တွင် ထိုင်းနှင့်မြန်မာ‌ငွေများ လဲလှယ်‌ရောင်းဝယ်မှု ပြုလုပ်‌ပေးသည့် လုပ်ငန်းကြီးငယ် အများအပြား ရှိ‌သော် လည်း ‌ငွေ‌ကြေးလဲလှယ်သည့်လုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ တရားဝင်ခွင့်ပြုချက်ဖြင့် လုပ်‌ဆောင်ကြခြင်း မဟုတ်သလို မြဝတီမြို့ရှိ အစိုးရနှင့် ပုဂ္ဂလိကဘဏ်များ၌လည်း မြန်မာကျပ်‌ငွေနှင့် ထိုင်းဘတ် ‌ငွေ တရားဝင်လဲလှယ်‌ပေးသည့် ဝန်‌ဆောင်မှု‌ပေးခြင်းမရှိ‌သေးဟု မြန်မာကုန်သည်ကြီးတဦးက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်‌ရေး၏ အဓိကလမ်း‌ကြောဖြစ်သည့် မဲ‌ဆောက်-မြဝတီမှတဆင့် မြန်မာဘက်သို့ ထိုင်း ကုန်ပစ္စည်းမျိုးစုံ တရားဝင်တင်ပို့မှုမှာ လစဉ် ထိုင်းဘတ်‌ငွေ သန်း ၃‌ထောင်‌ကျော်ရှိသည်ဟု ထိုင်းကုန်သည်ကြီးများ ၏ မှတ်တမ်းများအရ သိရသည်။