Home သတင်း မြစ်ကျိုးမူလွန်‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားများအား ‌လေး‌ကေ အထက‌ကျောင်း လက်မခံ‌သေး

မြစ်ကျိုးမူလွန်‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားများအား ‌လေး‌ကေ အထက‌ကျောင်း လက်မခံ‌သေး

2063

ဇွန် ၂၃ရက်၊ ၂၀၁၅ခုနှစ်။ ‌စောခါးစူးညား

၂၀၁၅-၂၀၁၆ စာသင်နှစ် ဖွင့်လှစ်သင်ကြား‌နေပြီးဖြစ်‌သော်လည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ‌လေး‌ကေ‌ကျေးရွာအုပ်စုအတွင်း ရှိ မြစ်ကျိုးရွာ မူလတန်းလွန် စာသင်‌ကျောင်းမှ အဋ္ဌမတန်း ‌ကျောင်းသူ‌ကျောင်းသားများအား ‌လေး‌ကေ အထက‌ကျောင်းမှ ယခု အချိန်အထိ လက်ခံခြင်း မရှိ‌သေး‌ကြောင်း ‌ကျောင်း‌ကော်မတီနှင့် အကျိုး‌ဆောင်များက ‌ပြောသည်။

မြစ်ကျိုး‌ကျောင်းအကျိုး‌ဆောင်တစ်ဦးဖြစ်သူ ‌စော‌ကျော်မြင့်က “‌လေး‌ကေအထက‌ကျောင်းအုပ်နဲ့ စကား‌ပြော‌တော့ ကျ‌နော်တို့ရဲ့ က‌လေး‌တွေကို မလက်ခံချင်သလို လုပ်‌နေတယ်။ အထူးသဖြင့် ၈တန်းတက်တဲ့ က‌လေး‌တွေကို လက်မခံချင်တာပါ။ ပညာ‌ရေး အတွက် ကြည့်တယ်ဆိုရင် ကျ‌နော်တို့ က‌လေး‌တွေကို လက်ခံရမယ်။ အရင်နှစ်‌တွေမှာ လက်ခံခဲ့ပြီး အခုမှ လက်မခံဘူးဆိုတာ မဟုတ်‌သေးဘူး။ လက်ခံ၊ မခံကိစ္စကို‌တော့ အခုထိ စဉ်းစားတုန်းပဲလို့ ကျ‌နော်တို့ကို ‌ပြောထားတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိ မြစ်ကျိုးစာသင်‌ကျောင်းတွင် အဋ္ဌမတန်း‌ကျောင်းသူ‌ကျောင်းသား ၁၃ဦး တက်‌ရောက်လျှက်ရှိပြီး ၎င်းတို့အား အစိုးရစာ ‌မေးပွဲ‌ဖြေဆို ခွင့် ရရှိ‌ရေးအတွက် အစိုးရ‌ကျောင်း အတန်းပညာအဆင့်အဖြစ် ‌လေး‌ကေ အထကအ‌နေဖြင့် လက်ခံ‌ပေးရန်သာ တင်ပြ‌တောင်းဆိုထားခြင်းဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

မြစ်ကျိုးစာသင်‌ကျောင်းသည် မူလတန်း‌ကျောင်းဖြစ်‌သော်လည်း မူလွန်‌ကျောင်းကဲ့သို့ အဋ္ဌမတန်းအထိ စာသင်ကြားကာ ယခင် နှစ် ၂၀၁၄-၂၀၁၅ စာသင်နှစ်တွင် အစိုးရစာ‌မေးပွဲ ‌ဖြေဆိုခဲ့သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ‌ကျောင်းသူ‌ကျောင်းသားများအထိ တစ်ဦးစီသာ ‌အောင်မြင်ခဲ့ကြသည်။

‌လေး‌ကေ‌ကျေးရွာအုပ်စုအတွင်းရှိ မြစ်ကျိုးမူလတန်း‌ကျောင်းသည် ပျဉ်းမပင်ဆိပ်‌ကျေးရွာအုပ်စု၊ ပျဉ်းမပင်ဆိပ် မူလွန်‌ကျောင်းနှင့် တွဲဖက်ပြီး ပြီးခဲ့သည့် ၂၀၀၆ခုနှစ်မှစ၍ ပဉ်စမတန်းမှ တဆင့်ပြီးတဆင့် အဋ္ဌမတန်းအထိ ‌ကျောင်းပညာကို တိုးမြှင့်လာကာ အစိုးရ အတန်းပညာကို သင်ကြားခဲ့‌သော်လည်း ယခုနှစ်တွင် အဆိုပါ‌ကျောင်းက ဆက်လက် လက်ခံနိုင်ခြင်း မရှိ‌တော့သည့်အတွက် ‌လေး‌ကေအထက်တန်း‌ကျောင်းသို့ ကူး‌ပြောင်းရန် ကြိုးပမ်းလာကြခြင်း ဖြစ်သည်။
20150618_082132
မြစ်ကျိုးရွာ‌နေ ‌ကျောင်းဆရာမတစ်ဦးလည်းဖြစ်၊ ‌ကျောင်းသားမိဘတစ်ဦးလည်း ဖြစ်သည့် ‌နော်မြင့်မြင့်‌အေးက “မြစ်ကျိုး‌ကျောင်း က ‌လေး‌ကေအုပ်စုထဲမှာပဲရှိ‌တော့ ပျဉ်းမပင်ဆိပ်‌ကျောင်းက ‌လေး‌ကေ‌ကျောင်းနဲ့သာ တွဲဖက်ချင်တာ ဖြစ်ပါတယ်။ ဒါ‌ပေမယ့် ‌လေး‌ကေ‌ကျောင်းက ကျမတို့ ၈တန်းက‌လေး‌တွေကို လက်မခံ‌သေးတဲ့အတွက် အခုဆိုရင် သူတို့‌တွေ စာသင်ရမလား၊ ‌ကျောင်းပဲ ထွက်ရမလား။ စိတ်‌တွေ ‌လေ‌နေတယ်။ ဒီကိစ္စအ‌ပေါ် က‌လေး‌တွေကို အား‌ပေးနှစ်သိမ့်မှု‌တွေ လုပ်‌ပေမယ့် ကျမ အရမ်းကို စိတ်ပူ ပန်ရပါတယ်”ဟု ‌ပြောသည်။

မြစ်ကျိုးစာသင်‌ကျောင်းရှိ အဋ္ဌမတန်း‌ကျောင်းသူ‌ကျောင်းသားများ အစိုးရအတန်းပညာအဖြစ် သတ်မှတ်‌ပေး‌ရေးအတွက် ယခု ဇွန် ၇ရက်‌နေ့က မြစ်ကျိုး‌ကျောင်း‌ကော်မတီနှင့် ‌ကျောင်းအကျိုး‌ဆောင်အဖွဲ့တစ်ဖွဲ့သည် ဘီးလင်းမြို့သို့ သွား‌ရောက်၍ ဘီးလင်း မြို့နယ် ဒုတိယပညာ‌ရေးမှူး ဦးလွင်‌မောင်စိုးနှင့် ‌တွေ့ဆုံကာ တင်ပြ‌တောင်းဆိုမှုများလည်း ပြုလုပ်ထား‌ကြောင်းလည်း သိရသည်။

ဘီးလင်းမြို့နယ် ‌လေး‌ကေ‌ကျေးရွာအုပ်စုတွင် ‌လေး‌ကေ၊ ‌နေမင်း‌အောင်(လယ့်က‌လောက်)၊ မြစ်ကျိုး (ပယာ‌ရော)၊ သူးကဘီးနှင့် ‌ကျောက်‌တောင်‌လေး(လယ့်ဖိုး)ရွာများတည်ရှိပြီး ၎င်းရွာအားလုံးမှ ‌ကျောင်းများကို အစိုးရ‌ကျောင်းအဖြစ် သတ်မှတ်ထားသည်။ လက်ရှိ မြစ်ကျိုးစာသင်‌ကျောင်းတွင် သူငယ်တန်းမှ အဋ္ဌမတန်းအထိ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၃၀ဝ ဝန်းကျင် ရှိသည်ဟု ထို‌ကျောင်း၏ ‌ကျောင်းသားဦး‌ရေစာရင်းအရ သိရသည်။